နယ်လှည့် အားကစား ၀န်ဆောင်မှု
အမေရိကန်နိုင်ငံရှိ InForm Fitness အားကစား ကုမ္ပဏီတခုက အားကစားလုပ်ချင်သူများ အဆင်ပြေ ချောမွေ့စေရန်အတွက် အိမ်တိုင်ရာရောက် အားကစား ၀န်ဆောင်မှုပေးတဲ့ နယ်လှည့် အားကစား ၀န်ဆောင်မှု လုပ်ငန်း (Mobile Gym) တခုကို မိတ်ဆက်ပေးလိုက်ပါတယ်... ခေတ်မီအားကစား ပစ္စည်းတွေ တပ်ဆင်ထားတဲ့ အားကစားရုံကို ဘတ်စ်ကားကြီး တစီးပေါ်မှာ ပြုလုပ်ထားတာဖြစ်ပါတယ်... အဆိုပါ ဘတ်စ်ကားအတွင်းရှိ ကြမ်းခင်းတွေဟာ တကယ့်အားကစားရုံတွေကဲ့သို့ ခိုင်ခံ့မာကျောမှုရှိပြီး လေအေးစက်လည်း တပ်ဆင်ပေးထားပါတယ်... ဒါကြောင့် အားကစားသမားများအနေနဲ့ အားကစားရုံတွေကို အချိန်ကုန်ခံပြီး တကူးတက သွားစရာမလိုပဲ အိမ်တိုင်ရာရောက် ၀န်ဆောင်မှုပေးနေတဲ့ ဒီဘတ်စ်ကားကြီးပေါ်က အားကစားရုံမှာ မိမိနှစ်သက်ရာ အားကစားပစ္စည်းတွေကို စိတ်တိုင်းကျ ရွေးချယ်ပြီး အားကစား ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်... သင်နဲ့အတူ အားကစားနည်းပြတဦးလည်း ရှိနေမှာပါ... ဒါပေမဲ့ ကားမောင်းနှင်နေစဉ်အတွင်း အားကစားမလုပ်ဖို့ ဥပဒေက တားမြစ်ထားပါတယ်... ကံမကောင်းတာက အခမဲ့တော့ မဟုတ်ပါဘူး...။
ref;xcitefun/ Ko Myo
--------------------------------------
- (အရှေ့သို့) စားသုံးရန် မသင့်သောမုန့်များ ရောင်းနေသူများကို အရေးယူတော့မည် စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Abortion Pills ဖျက်ဆေးတွေအကြောင်းPregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတွက်ဆေးVery little makes it more valuable... ဆုပန်ထွာရဲ့ သတို့သား သဇင်နဲ့လည်း ဘာလိုလို
- (အနောကျသို့) အလှကုန် ၉ မျိုး ပိတ်ပင် စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Abortion Pills ဖျက်ဆေးတွေအကြောင်းPregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတွက်ဆေးVery little makes it more valuable... ဆုပန်ထွာရဲ့ သတို့သား သဇင်နဲ့လည်း ဘာလိုလို