နံရိုးကနေ နားရွက်လုပ်ပြီး နားရွက်မပါသော ကလေးအား တပ်ဆင်ပေး

~နားရွက် မပါတဲ့ ကလေးအတွက် နံရိုးကနေ နားရွက်ဖန်တီး တပ်ဆင်~

မွေးကတည်းက နားရွက် ပါမလာခဲ့တဲ့ ဗြိတိန် ကလေးငယ် တစ်ဦးကို သူ့ရဲ့ နံရိုးကနေ နားရွက် တစ်စုံ ဖန်တီးတပ်ဆင် ပေးခဲ့တယ်လို့ သိရပါတယ်။

လန်ဒန်မြို့ရှိ Great Ormond Street ဆေးရုံက ခွဲစိတ် ဆရာဝန်တွေက ကီရင်ဆော်ကင်း(၉နှစ်) ရဲ့နံရိုးတွေကနေ အရိုးနုလေးတွေကို ထုတ်ယူပြီး ဖြတ်တောက် ပုံသွင်းကာ ပြန်ဆက်ချုပ်ပေး ခဲ့တာဖြစ်ပါတယ်။

`ကျနော့် သူငယ်ချင်းတွေလို နေချင်တာပေါ့။ နေကာမျက်မှန်တွေ၊ နားကြပ်တွေ တပ်ချင်တာပေါ့´ လို့ ကီရန်က ပြောပါတယ်။

သူဟာနားရွက်ရှိရမယ့် နေရာမှာ အတွန့်ငယ်လေးတွေသာ မွေးကတည်းက ပါလာခဲ့ပြီး နားမကြားနိုင်ခဲ့ သူဖြစ်ပေမယ့် နားကြား ကိရိယာ ထည့်သွင်းခဲ့တဲ့ ပထမ ခွဲစိတ်မှုကျေးဇူးကြောင့် နားကြားနိုင်နေ ပြီဖြစ် ပါတယ်။ အခုနားရွက်တပ် ခွဲစိတ်မှု ကတော့ အလှသက်သက် အတွက်သာဖြစ်ပြီး အကြားအာရုံအတွက် တော့ တစ်စုံတရာ အကျိုးပြုမှာ မဟုတ်ဘူးလို့ ခွဲစိတ်ဆရာဝန် နေးလ်ဘူစထရော့ ကပြောပါတယ်။


ဘာသာပြန်သူ--- ယွန်းစန္ဒီနန်းမွန်
Ref: BBC
Source:Kumudra
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...