ဂေါ်ရခါးသီးက ကျန်းမာရေးအတွက် ဘာတွေကောင်းလဲ

ဈေးသက်သက် သာသာနဲ့ ၀ယ်စားနိုင်တဲ့ စားဖိုဆောင် သီးနှံဂေါ်ရခါးသီး နဲ့ပတ်သက်ပြီး ကျန်းမာရေး ကောင်းကျိုး ဘာတွေရှိသလဲ လေ့လာ ကြည့် ရအောင်ပါ။

ဂေါ်ရခါးသီးက နှလုံးရောဂါ သမားတွေအတွက် ကောင်းကျိုးပြုပြီး ကင်ဆာရောဂါတွေ မဖြစ် ပွားအောင် ကာကွယ်နိုင်စွမ်း ရှိပါတယ်။ ဒါ့ အပြင် ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ စွမ်းအင် ထုတ်လုပ်ဖို့ အတွက်လည်း ကူညီပေးပါတယ်။

အမျှင်ဓာတ်လည်း ကြွယ်ဝတာကြောင့် ၀မ်းချုပ်တာတွေကိုလည်း ကာကွယ်နိုင်တဲ့အပြင် သိုင်းရွိုက် အကျိတ်ကြီး ကျန်းမာသန်စွမ်းစေဖို့ ထောက်ကူပေးပါတယ်။ နောက်ပြီး အရေပြားမှာ အဖုအပိမ့််ဖြစ် တာတွေ၊ ၀က်ခြံပေါက်တာတွေကိုလည်း ကာကွယ်ပေးပြီး အရိုးတွေ သန်မာဖို့အတွက်လည်း ကူညီပေးပါ တယ်။

ဂေါ်ရခါးသီးမှာပါတဲ့ သတ္တုဓာတ်က သွေးဖိအားကို ပုံမှန်ဖြစ်စေပြီး ဦးနှောက်ဖွံ့ဖြိုးမှုအတွက်လည်း ကောင်းကျိုးပြုပါတယ်။ မဂ္ဂနီဆီယမ်ပါဝင်တာကြောင့် ကြွက်တက်တာမဖြစ်အောင် ကာကွယ်ပေးနိုင်တဲ့ အပြင် ကယ်လိုရီပမာဏလည်း နည်းတဲ့အတွက် ပုံမှန်စားပေးနိုင်ပါတယ်။

ဂေါ်ရခါးရွက်၊ အညွန့်၊ အသီး၊ အမြစ်အကုန်လုံးအသုံးဝင်ပြီး ဓာတ်တိုးဆန့်ကျင် ဂုဏ်သတ္တိ ပါဝင်တာ ကြောင့် ခန္ဓာကိုယ်အတွက် သက်တော်စောင့်သဖွယ် အကျိုးပြုပါတယ်။ 


Ref: healthbenefitstimes.com
7Day Daily
No.471 Friday, August 15, 2014 
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...