လေကြောင်းတက္ကသိုလ် ၀င်ခွင့် အမျိုးသမီး စတင်လက်ခံ

အမျိုးသားများသာ လက်ခံခဲ့သော မြန်မာနိုင်ငံလေ ကြောင်းနှင့် အာကာသပညာ တက္ကသိုလ်တွင် အမျိုးသမီးများ ကိုပါ လက်ခံမည်ဖြစ်ကြောင်း သ တင်းရရှိသည်။

မြန်မာနိုင်ငံလေကြောင်းနှင့် အာကာသ ပညာ တက္ကသိုလ်တွင် အမျိုးသမီးများ ၀င်ခွင့်လက်ခံ လိုက်ခြင်းသည် ပြည်တွင်းရှိ အသက်မွေး ၀မ်းကျောင်း တက္ကသိုလ်တိုင်းတွင် အမျိုးသမီးများ ပညာသင်ယူခွင့် ပြုလိုက်ခြင်းဖြစ်သည်။

‘‘ဘယ်ဘာသာရပ်မဆို အမျိုးသမီးတွေ တက်လို့ရပါပြီ။ အရင်တုန်းကတော့ နဂိုပေါ်လစီပေါ့ နော်။ ဒါပေမဲ့ နိုင်ငံတကာမှာလည်း ကျား၊ မခွဲခြားထားတာ မရှိပါဘူး။ အဲဒါကြောင့် အမျိုးသမီးတွေကို ၀င်ခွင့်လက်ခံဖို့ ဆောင် ရွက်လိုက်တာပါ’’ ဟု မြန်မာနိုင်ငံ လေကြောင်းနှင့် အာကာသပညာ တက္ကသိုလ်၊ ပါမောက္ခချုပ် ဒေါက်တာကြည်သွင်က ပြောသည်။

မိတ္ထီလာမြို့ရှိ ယင်းတက္ကသိုလ်တွင် ယခင်က အမျိုးသားများသာ ၀င်ခွင့်ပြုခဲ့ပြီး လာမည့် ပညာသင်နှစ်မှ စတင်၍ အမျိုးသား ၈၀ ရာခိုင်နှုန်းနှင့် အမျိုးသမီး ၂၀ ရာခိုင်နှုန်း ပြောင်းလဲလက်ခံ ရန် ကြေညာထား သည်။

မြန်မာနိုင်ငံလေကြောင်းနှင့် အာကာသပညာ တက္ကသိုလ်ဝင် ခွင့်အတွက် တက္ကသိုလ်ဝင်တန်း စာမေးပွဲ တွင် ရမှတ် ၄၂၀ နှင့်အထက်ရရှိသူများ လျှောက်ထားနိုင်မည်ဖြစ်ပြီး စုစုပေါင်းကျောင်းသား ၁၄၀ ဦး လက်ခံသွားမည်ဖြစ်သည်။

လက်ရှိအချိန်တွင် တက္ကသိုလ်တက်ရောက်သော ကျောင်းသားများအနေဖြင့် မိမိအစီအစဉ် ဖြင့် အဆောင် နေထိုင်ရလျက် ရှိ သော်လည်း ကျောင်းသားဆောင်များ တည်ဆောက်သွားရန် ၀န်ကြီးဌာနက စီစဉ် ဆောင်ရွက် လျက်ရှိသည်။

မြန်မာနိုင်ငံလေကြောင်းနှင့် အာကာသပညာတက္ကသိုလ် နည်း တူ အမျိုးသမီး ၂၀ ရာခိုင်နှုန်း ၀င်ခွင့် လက်ခံရန် သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်၊ အခြေခံကျန်း မာရေးတက္ကသိုလ်နှင့် မြန်မာနိုင်ငံ ရေကြောင်း ပညာတက္ကသိုလ်တို့ က သတ်မှတ်ထားသည်။ 


7 Day Daily,
No.475 Tuesday, August 19, 2014
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...