အမေရိကန်တွင် အဆိပ်သင့်နိုင်သည့် ဓာတုပစ္စည်းများ တင်ဆောင်လာသည့် ရထားနှစ်စီး တိုက်မိ
အမေရိကန် နိုင်ငံတွင် အဆိပ်သင့်နိုင်သည့် ဓာတုပစ္စည်းများ တင်ဆောင် လာသည့် ရထားနှစ်စီး တိုက်မိပြီး လူ(၂)ဦး သေဆုံးခဲ့ ကြောင်း သတင်း ရရှိသည်။
ဩဂုတ်(၁၇)ရက်က အာကန်ဆက်စ် ပြည်နယ်တွင် ရထားနှစ်စီး ရင်ဆိုင်တိုက်မိ ခဲ့ခြင်းဖြစ်ပြီး (၂)ဦး သေကာ၊ (၂)ဦး ဒဏ်ရာများ ရရှိခဲ့ကြောင်း၊ ထိခိုက် သေဆုံးသူ အားလုံးတို့သည် ရထား မောင်းနှင်သည့် အဖွဲ့သားများ ဖြစ်နိုင်ကြောင်း ဒေသခံ ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
“ကြိုတင်ကာကွယ်မှု စံနှုန်းတွေအရ ဟော့စီနဲ့ အနီးတဝိုက်မှာ နေထိုင်သူတွေကို မြန်မြန်ဆန်ဆန် ရွှေ့ပြောင်း ပေးထားပါတယ်”ဟု ရဲတပ်ဖွဲ့ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။ “ရထားတိုက်မိပြီးတဲ့နောက် စက်ခေါင်းတစ်လုံးဟာ အချိန်ကြာကြာ မီးလောင်နေပါတယ်။ ဒါပေမဲ့ အဆိပ်အတောက် ပစ္စည်းတွေ သယ်ဆောင်လာတဲ့ ရထားတွဲတွေမှာ နောက်ထပ် အပျက်အစီး မရှိနိုင်ဘူးလို့ ယုံကြည်ရပါတယ်”ဟု လည်း ၎င်းက မှတ်ချက်ပြုခဲ့သည်။
ရထားနှစ်စီးလုံးကို Union Pacific မီးရထား ကုမ္ပဏီက ပိုင်ဆိုင်ပြီး ရထားတွဲများတွင် ဓာတုပစ္စည်းများ သယ်ယူလာကြောင်း ကုမ္ပဏီက အတည်ပြု ကြေညာထားသည်။
_Ref: Channelnewsasia
7Day daily

--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

- (အရှေ့သို့) ဘွန်ဇိုင်းပင်လေးများ အကြောင်း စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Very little makes it more valuable... Flibanserin အမျိုးသမီးတွေ အတွက်ဆေးPregnancy expectation ကိုယ္ဝန္ရခ်င္လို႔မှတ်ပြီလား... ဆုပန်ထွာရဲ့ သတို့သား သဇင်နဲ့လည်း ဘာလိုလို
- (အနောကျသို့) ဂျပန်စတိုင် ဟင်းလျာများ စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Very little makes it more valuable... Flibanserin အမျိုးသမီးတွေ အတွက်ဆေးPregnancy expectation ကိုယ္ဝန္ရခ်င္လို႔မှတ်ပြီလား... ဆုပန်ထွာရဲ့ သတို့သား သဇင်နဲ့လည်း ဘာလိုလို