ဒီလို လူငယ်လေးတွေ အများကြီး လိုပါတယ်

အသက် ၂၀ ၀န်းကျင် အရွယ် လူငယ်လေး တစ်ယောက်။ ပုံစံက ခပ်အေးအေး။ ဆံပင်ကို သပ်သပ်ရပ်ရပ် ဘေးခွဲ ခွဲထားတယ်။ ကားပေါ်မှာ ငြိမ်ငြိမ် သက်သက်ပဲ ဂျာနယ် ဖတ်နေတယ်။ ခရီးသွားမယ့် သူတွေထဲမှာ အုပ်စု တစ်စုပါတယ်။ သူတို.အုပ်စု ကားပေါ် တက်လာ ကတည်းက ကားပေါ်မှာ သူတို.ပဲရှိတဲ့ အထာနဲ. အော်ကြီး ဟစ်ကျယ် ပြောနေ ကြတယ်။ တစ်ခြား ခရီးသည် တွေကို ဖုတ်လေတဲ့ ငပိ ရှိတယ်လို.တောင် မထင်တဲ့ပုံ။

ဖြစ်ချင်တော့ ကောင်လေးထိုင်ခုံက လူရမ်းကား အုပ်စုရှေ. တည့်တည့်က ခုံ။ တစ်ခြား ခရီးသည်တွေရဲ့ မျက်နှာတွေမှာက လူရမ်းကား အုပ်စုကို ကြည့်မရလို. တင်းနေတဲ့ ပုံစံပေါက်နေပေမယ့် ဒီကောင်လေး မျက်နှာကတော့ ပုံမှန်ပဲ။ အားလုံးကို ဥပက္ခာပြုထားတဲ့ ပုံပေါက်နေတယ်။ ရုတ်တရက် ဂျာနယ်ဖတ်နေ ရင်းနဲ. သူ.နှာခေါင်းထဲမှာ ရာဘာနံ.တစ်ခု ရလိုက်တယ်။ ဖိနပ်က လာတဲ့ ရာဘာနံ.။

မသင်္ကာလို. နောက်လှည့် ကြည့်လိုက်တော့ နောက်က အုပ်စုထဲက တစ်ယောက်ရဲ့ ဖိနပ်က သူ.ခေါင်းကို လာထိတော့မယ်။ သူ.ခုံပေါ်ကို နောက်ကနေ ခြေထောက် လှမ်းတင်ထားတာ။ ကောင်လေးက ရုတ်တရက် နောက်ကိုပြန် ကြည့်လိုက်တော့ "မင်းက ဘာကြည့်တာလည်း" တဲ့။ မကျေနပ်ဘူးလား ဆိုတဲ့ သဘော။ ဘေးက ခရီးသည်တွေ ကောင်လေးအတွက် စိုးရိမ်သွားကြတယ်။ ကောင်လေးက တည်တည် ငြိမ်ငြိမ်ပဲ ပြုံးပြပြီး "ဘာမှ မဟုတ်ပါဘူး.. အစ်ကိုကြီးတို. ပြောနေတာတွေကို စိတ်ဝင်စားလို. နောက် လှည့်ပြီး နားထောင် မလို.ပါ" လို.ပြောလိုက်တော့ လူရမ်းကားအုပ်စု သဘောကျ သွားတယ်။ လူမိုက်တွေ ဆိုတာ အမြှောက် ကြိုက်တယ် မလား။

သူတို.စကားဝိုင်းထဲကို ကောင်လေးဝင်သွားတယ်။ ကောင်လေးပုံစံက သူတို.ပြောနေတာတွေကို လေးစား အားကျနေတဲ့ပုံ။ သူတို.စကားပြောတာ နားထောင်နေရင်းနဲ. တစ်ခါတစ်ခါ "ဟုတ်လား .. မိုက် တယ်ဗျာ.. ခင်ဗျားတို.ကို အားကျတယ်" ဆိုတဲ့ အမြှောက် စကားလုံးလေးတွေ ထည့်ထည့်ပေးတယ်။ ဟိုအဖွဲ.ကလည်း သူတို.တပည့် တစ်ယောက် တိုးလာပြီဆိုပြီး ငါကွ ဆရာကြီးဆိုတဲ့ ပုံစံတွေ ပေါက် လာပြီး ကောင်လေးကိုလည်း ခင်သွားတယ်။ လူမိုက်တွေဆိုတာ တပည့် လိုချင်ကြတယ်လေ။ရုတ်တရက် သူတို.အုပ်စုထဲက တစ်ယောက်က "ဆေးလိပ် သောက်ကြမယ်ကွာ" ဆိုပြီး စကား စတယ်။ Air-con ကားပေါ်မှာ ဆေးလိုက်သောက်ဖို. ပြောပြီ ဆိုကတည်းက အခြေအနေက မကောင်းတော့ပါဘူး။


အဲချိန်မှာ ကောင်လေးက "ကျွန်တော် တစ်ခုလောက် အကြံပြုချင် ပါတယ်။ အစ်ကို တို.ကို အကြံပြုတာပါ..
ဆရာဝင် လုပ်တာတော့ မဟုတ်ပါဘူး။ အကိုတို.လို မီးကျောင်းမင်းတွေကို ကျွန်တော်လို ပုဇွန်ဆိတ် လေး က ရေခင်းလည်း မပြရဲပါဘူး။ ခုချိန် ကားပေါ်မှာ ဆေးလိပ်သောက်လို. အဆင်မပြေလောက်ဘူး အကို တို.ရ။ ဘာလို.လည်း ဆိုတော့ ကားပေါ်မှာ အကိုတို. ... ကျွန်တော်တို.ရဲ့ မိဘအရွယ်လောက် ရှိတဲ့ လူကြီး သူမတွေ ပါလာတယ်။ သူတို.က ဆေးလိပ်နံ. ခံနိုင်မှာ မဟုတ်ဘူး။ အဲဒီတော့ ဒီလိုလုပ်။ ခု.. ကျွန်တော်တို. စကားဝိုင်းကို ရပ်လိုက်မယ်။ နားကြမယ်။ မြို.ပေါ်ရောက်မှ ဆိုင်တစ်ဆိုင်ဆိုင်မှာ ထိုင်ရင်း အေးအေးဆေးဆေး ထပ်ပြောကြတာပေါ့ဗျာ... ဘယ်လိုလည်း" ။

လူရမ်းကားအုပ်စု ကာင်လေးရဲ့ အကွက်ထဲကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်သွားပါပြီ။ ကောင်လေးရဲ့ စကားကို ကန်.ကွက်မဲမရှိ သဘောတူ ကြတယ်။

တစ်ကယ်တော့ ကားပေါ်က ခရီးသည်တွေကို အေးအေးဆေးဆေး နားစေချင်တဲ့ အတွက် ထက်မြက်တဲ့ ကောင်လေးက အရဲစွန်. လူရမ်းကား အုပ်စုထဲ ၀င်ရောပြီး ပြဿနာကို ပိုင်ပိုင်နိုင်နိုင် ဖြေရှင်းသွားတာပါ။ ပထမ ရင်းနှီးမှု ယူတယ်။ ဒုတိယ ကိုယ်လိုချင် သလို ပုံသွင်းလိုက်တယ်။ ကဲ.. အသက်၂၀ လူငယ်လေး တစ်ယောက်အနေနဲ. ပြဿနာတစ်ခုကို ဖြေရှင်းသွားပုံက ဘယ်လောက် အတုယူဖို. ကောင်းလည်းဗျာ။ ရန်ကုန်-ပွင့်ဖြူဆွဲတဲ့ "ရွှေပွင့်ဖြူ" အဝေးပြေး ကားပေါ်မှာ ကြုံလိုက်ရတဲ့ တစ်ကယ့် အဖြစ်အပျက်လေးပါ။


ထိုက်သူ
https://www.facebook.com/htike.thu.14?fref=nf
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...