တိမ်မြုပ် ပျောက်ကွယ် တော့မည့် မျက်စေ့ သန့်စင်ရေး အသက် မွေးဝမ်းကျောင်း ပညာ

အမြင် အာရုံတွေ ကြည်လင် လန်းဆန်းစေဖို့ ..
တရုတ်နိုင်ငံ၊ စီချွမ်ပြည်နယ်မှ ဆံသ ဆရာများဟာ ချွန်ထက်တဲ့ လက်နက် ကိရိယာများနှင့် မျက်လုံး အား သန့် ရှင်းရေး လုပ်ပေးသည့် ဝန်ဆောင် မှုအား နှစ်ပေါင်းရာနှင့် ချီကာ ပြုလုပ်ဆောင်ရွက် ခဲ့ ကြပါတယ်... တစ်ခြားသော ရှေးဟောင်း ဓလေ့ ထုံးတမ်း အစဉ်အလာ အပြုအမူများ ကဲ့ သို့ ဤ မျက်လုံးအား ချွန်မြသော ကိရိယာများဖြင့် သန့် ရှင်းရေး လုပ်ပေးသည့် အတတ်ပညာ ဟာလည်း တစ်ဖြည်းဖြည်း ပျောက်ကွယ် တိမ်ကော လာနေပြီ ဖြစ်ပေမယ့် ယနေ့ အထိတော့ မျက်လုံး တစ်ခါခြစ် ၅ ရင်မင်ဘီ(ယွမ်) ၀.၈၀ ဒေါ်လာဖြင့် လုပ်ပေး နေသည့် ဆံပင်ညှပ်ဆရာ အချို့ ကိုတော့ တွေ့ နိုင်ပါသေး တယ်...

စီချွမ်ပြည်နယ်ရဲ့ ရှေးထုံး အဆိုအမိန့် အရ မျက်လုံးအား ဓါးဖြင့် ခြစ်ပြီးသန့် ရှင်းရေး လုပ်ပေးခြင်းဖြင့် လောကရဲ့ အလှအပတွေကို ပိုပြီး ပီပြင်စွာ ခံစားသိမြင်နိုင်မှာ ဖြစ်တာမို့ တစ်ချို့ သော သူတွေကတော့  ယခုကဲ့သို့ အခွင့် အလမ်းကို လက်လွတ် မခံနိုင်တာမို့ ဒီလိုဓါးဖြင့် ကလော်ပြီး ခြစ်ပေးတာကို ခံယူဖို့ အသင့် ပါပဲ....

" ဓါးသွားထက်က မျက်ဝန်း" လို့ အများခေါ်ဝေါ်ကြတဲ့ အဆိုပါ မျက်လုံးနှင့် မျက်ခွံတို့ အား ချွန်ထက်သည့်
လက်နက် ကိရိယာများဖြင့် ထိုးဆွသည့် ဝန်ဆောင်မှု လုပ်ငန်းဟာ တရုတ်နိုင်ငံတွင် ရှေးနှစ်ပေါင်း များစွာ ကတည်းက ရှိလာခဲ့ သည့် ရိုးရာယဉ်ကျေးမှု ထုံးတမ်းစဉ်လာ တစ်ရပ်ဖြစ်ခဲ့ ပါတယ်...

ထိုအသက်မွေးဝမ်းကျောင်းမှု၊ လက်မှုအနုပညာ လုပ်ငန်းဟာ ကျိုချင်ဖု နှင့် ကျိုချန်းယင် ညီအစ်ကိုနှစ်ဦး
မှ ၎င်းတို့ ဖခင်၏ခြေရာနင်းကာ အမွေဆက်ခံလုပ်ဆောင်လာခဲ့ ကြပြီး မျက်လုံး၊ နား၊ လည်ပင်းများအား
လှပတင့် တယ်၊ လန်းဆန်းချောမွေ့ အောင် ကျွမ်းကျင်လှစွာပြုလုပ်ပေးနိုင်ခြင်းဖြင့် ထင်ပေါ်ကျော်ကြားလူ
သိများလာခဲ့ တာဖြစ်ပေမယ့် ယခုနှစ် ကာလပိုင်းမှာတော့ ထိုမျက်လုံး ဓါးခြစ်ပေးနိုင်သူများ ပျောက်ဆုံး ကွယ် ပျောက်လုနီးပါးဖြစ်လာခဲ့ ပါတယ်...

တရုတ်နိုင်ငံ၊ စီချွမ်ပြည်နယ်မြို့ တော် ချန်ဒူးလိုခေတ်မှီမြို့ ကြီးမှာတော့ သေသေချာချာဂရုတစိုက်ရှာဖွေ
နိုင်ယင် မျက်လုံးသန့် စင်ပေးတဲ့ ဆိုင်ကို တွေ့ နိုင်ပါသေးတယ်...

အသက် ၅၃ နှစ်ရှိပြီဖြစ်တဲ့ လျူဒေယွမ် ကတော့ ခေါင်းရိတ်တာနဲ့ မျက်လုံးဓါးခြစ်တာ ၂ ခုပေါင်းမှ ၅ ယွမ်
သာကျသင့် မယ့် ဝန်ဆောင်မှုလုပ်ငန်းကို အောင်မြင်စွာဖွင့် လှစ်ခဲ့ တာ ၇ နှစ်ရှိခဲ့ ပါပြီ.. လစဉ် ဒီလို မျက်လုံးဓါးခြစ်ခံဖို့ တန်းစီစောင့် နေတဲ့ ပုံမှန်ဖောက်သည်တွေ အများအပြား ရှိနေတာမို့ ၎င်းရဲ့ စီး
ပွားရေး လုပ်ငန်းကတော့ အတော်ကို အခြေအနေကောင်းနေ ပါတယ်လို့ ကျွမ်းကျင်တဲ့ ဆံသဆရာက ဆိုပါတယ်.. သူ့ ရဲ့ ဖောက်သည်တွေရဲ့ မျက်လုံးကို ထိုးဆွမွှေနှောက်ပြီးသန့် ရှင်းရေးလုပ်ငန်းမစခင် ဆံသဆရာလျူ ကတော့ ခေါင်းရိတ်တဲ့ ဓါးတွေဆေးတဲ့ ရေဇလုံထဲကရေနဲ့ ပဲ မျက်လုံးထဲနှိုက်မယ့် ဓါးတွေ၊ သံချွန်တွေကို ဆေးပါတယ်... ပြီးယင်တော့ ဘယ်ဖက်လက်နဲ့ ဖောက်သည်ရဲ့ မျက်လုံးကိုဖြဲပြီး ညာဖက် လက် နဲ့ မျက်လုံးတွေ၊ မျက်ခွံတွေထဲကို ဓါးနဲ့ ရှေ့ တိုးနောက်ဆုတ် မွှေနှောက်ကာသန့် ရှင်းရေး လုပ်ပေး ပါတော့ တယ်... ၎င်းနောက်တော့ သူဟာ သံချောင်းတစ်ခုကို ယူပြီး အပေါ်မျက်ခွံအောက်ကို ထိုးသွင်း လိုက်ကာ မော်တော်ကားရေသုတ်တံ တစ်ခုလို ဘေးဘယ်ညာရမ်းပြီး ထိုးမွှေပေးလိုက် ပါသေးတယ်... ထိုနည်းတူပဲ အောက်မျက်ခွံ၊ မျက်ခမ်းကိုလည်းပြုလုပ်ပါသေးတယ်။ ပြီးယင်တော့ နောက်ထပ်တစ်ဖက်က
မျက်လုံးအလှည့် ပါပဲ.... ဤကဲ့ သို့ မျက်လုံးများအားထိုးဆွသည့် အလုပ်အား ၅ မိနှစ်သာကြာမြင့် တာ ဖြစ်ပြီး ထိုသို့ သန့် ရှင်းရေး လုပ်ပြီးပါက ဖောက်သည်ရဲ့ မျက်နှာမှာတော့ မျက်ရည်စီးကြောင်းက အထင် အရှားဖြစ်နေပါပြီ....

ထိုဆံသဆရာ၊ အမြင်အာရုံ ကြည်လင်စေသူကြီးရဲ့ သစ္စာအရှိဆုံး ပုံမှန်ဖောက်သည် တစ်ဦးဖြစ်သူ အသက် ၅၅ နှစ်ရှိ မစ္စတာပန်းကတော့  ဆံသဆရာ လျူတစ်ယောက် လက်စွမ်းပြနေချိန်မှာ တစ်ချက် ကလေးမှ မလှုပ်ရဲပေမယ့် လုပ်ငန်းပြီးဆုံး သွားချိန်မှာတော့သူ့ မျက်လုံးတွေ ပိုပြီးလန်းဆန်း လာတယ်လို့ ခံစား ရကြောင်း ဆိုပါတယ်....


မျက်ခွံထဲကို ဒီလိုသံချောင်းတွေ ထိုးထည့်ပြီး ကားရေ သုတ်တံလို ဘယ်ညာ ယမ်းပေးမယ်လေ....

လူတစ်ယောက်ရဲ့ မျက်လုံးထဲ ချွန်ထက်တဲ့ လက်နက်ကိရိယာတွေ ထိုးသွင်းတာနဲ့ တင်အန္တရယ်များလှ
တာမဟုတ်သေးပါဘူး.... ရောဂါပိုးမွှား ကင်းစင်ရေးနဲ့ ပါတ်သက်တဲ့ သန့် ရှင်းသပ်ရပ်မှု ပြဿနာလည်းရှိပါ
သေးတယ်... လျူကတော့ ဆံပင်ညှပ်တာ၊ မုတ်ဆိတ်ရိတ်တာ၊ မျက်လုံးထဲ ထိုးဆွပြီးသန့် ရှင်းရေး လုပ်ပေး တာ အားလုံးကို ဓါးတစ်ယောက်ထဲနဲ့ ပဲ ထည်လဲ လုပ်ပေးနေတာဖြစ်ပြီး မျက်ခွံထဲထိုးထည့် မွှေနှောက်တဲ့ သံချောင်းဆို ယင်လည်း ဖောက်သည်အများအပြားကို တစ်နေ့ ထဲ ဆက်တိုက် အသုံးပြုခဲ့ တာဖြစ်ပြီး ညဖက် ဆိုင်ပိတ်ချိန်မှသာ အရက်ခွက်ထဲ ထည့်ပြီး ပိုးသတ်လေ့ ရှိပါတယ်....

သို့ သော်လည်း သူ့ ရဲ့ ဖောက်သည် များကတော့ ဒီအချက်တွေကို သိပ်ပြီး ဂရုစိုက်ကြပုံ မပေါ်တဲ့ အပြင် ၎င်းတို့ အနေနဲ့ နှစ်ပေါင်းများစွာ ဒီလိုပဲပြုလုပ်ခံနေခဲ့ ကြတာဖြစ်ပြီး တစ်စုံတစ်ယောက်မျှလည်း ဘာပြဿနာ
မှ မဖြစ်ခဲ့ ကြပါဘူးလို့ ဆိုကြပါတယ်...


အသွင်ဆန်းဆန်း၊ အမြင်လန်းစေရမည်....

လျူကတော့သူ့ အသက် ၁၇ နှစ်အရွယ်ကစပြီး ဒီအသက်မွေး ၀မ်းကြောင်းမှု ပညာကို စတင်လေ့ လာခဲ့ တာဖြစ်ပြီး သုံးနှစ်ကြာအောင် သင်ယူလေ့ လာ၊ လက်တွေ့ လေ့ ကျင့် ပြီးမှ ဖောက်သည်တွေ ဆီက အခကြေးငွေယူခဲ့ တာဖြစ်တယ်လို့ ချန်ဒူးစီးပွားရေး သတင်းစာကို ပြောကြားခဲ့ ပါတယ်....သူ့ အနေနဲ့ တစ်ခါမှ လက်ချော် သွားတယ်ဆိုတာ မရှိခဲ့ သလို လျှို့ ဝှက်ချက် ကတော့ သူ့ ရဲ့ လက်များသန်မာ တောင့် တင်းမှု၊ လက်ကောက်ဝတ်များကို လိုအပ်သလို ချိန်ဆဖြေလျော့ နိုင်မှုနဲ့ တည်ငြိမ်စွာ မှန်းဆနိုင် မှုတွေပါ ပဲ လို့ ဆိုခဲ့ ပါတယ်....


တစ်သက်လုံး ဒီလိုပဲလုပ်လာတာ.... ဘာမှမဖြစ်ဘူးစိတ်သာချ....

မျက်လုံးဆိုတာ ရေကြည်၊ ရေအေးနဲ့ ဆေးကြောသန့် စင်တာနဲ့ တင် လုံလောက်တယ်လို့ သင်ယူဆခဲ့ 
မယ်ဆိုယင်တော့ ဒီလို ဓါးနဲ့ ၊ သံချွန်နဲ့ ထိုးဆွမွှေနှောက်ပြီး သန့် ရှင်းရေးလုပ်ပေးတဲ့ ဆိုင်မျိုးကိုသွားဖို့ 

ဆိုတာကတော့ သင့်အနေနဲ့ တော်တော်စဉ်းစားရပါလိမ့် မယ်....

Photos via QQ
ref;ကိုပီတာရဲ့အတွေးပုံရိပ်များ
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...