ကိုယ်အလေးချိန် တက်စေသော အကြောင်း ငါးရပ်

ကိုယ်အလေးချိန် တက်လာတဲ့ အခါ အစားများတာ၊ အထိုင်များပြီး ကိုယ်လက် လှုပ်ရှား မလုပ်တာနဲ့ အဆီ အအိမ့်နဲ့ အချိုမှုန့်တွေ စားတာတွေ ကြောင့် လို့ပဲ ထင်မြင်တတ် ကြပါတယ်။ တချို့ လူတွေ ကျတော့ ဒီအလေ့အထ မလုပ်မိဘဲ ကိုယ် အလေးချိန် တက်လာတဲ့ အခါ အကြောင်းရင်း ရှာမရဘဲ စိတ်ပျက် လက်ပျက် ဖြစ်တတ် ကြပါ တယ်။ ဒါကြောင့် သင် မသိသေးတဲ့ ကိုယ် အလေးချိန် တက်စေတဲ့ အကြောင်း ငါးရပ်ကို ဖော်ပြပေး လိုက်ပါတယ်။

၁။ စိတ်ဖိစီးမှု
စိတ် ဖိစီးမှုဟာ အစာစားဖြစ်အောင် တွန်းအားပေး ပါတယ်။ အကြာကြီး စိတ်ဖိစီးမှု ဒဏ်ခံရရင် ခန္ဓာကိုယ်ကနေ ကော်တီဇုန်းနဲ့ အင်ဆူလင် ထုတ်လုပ်မှု တိုးလာ ပါတော့တယ်။ အဲဒီအခါ အစာစားချင်တဲ့ ဆန္ဒများလာပြီး ကယ်လိုရီများတဲ့ အစာတွေကိုသာ ရွေးစား မိတတ်ပါတယ်။

ဖြေရှင်းနည်း

စိတ်ခံစားချက်ကောင်းစေတဲ့ ဟော်မုန်းပမာဏ ထိန်းနိုင်ဖို့ စိတ်ဖိစီးမှုကို တတ်နိုင်သမျှ လျှော့ချပါ။

၂။ အချိုတု
သကြား အစားသုံးတဲ့ အချိုတုတွေဟာ ခန္ဓာကိုယ် သွယ်လျလို သူတွေအတွက်တော့ မကောင်းပါဘူး။ အဝလွန်ခြင်းအကြောင်း လေ့လာမှုအရ တစ်ပတ်အတွင်း ဆေးသကြား (Aspartame) ပါတဲ့ အချိုရည် ၂၁ မျိုး သောက်သူတွေဟာ မသောက်သူတွေထက် ကိုယ်အလေးချိန် မြင့်တက်နိုင်ခြေ နှစ်ဆကျော် ရှိကြောင်း သိရပါတယ်။

ဖြေရှင်းနည်း

သကြားရော သကြားအစားထိုး အချိုတုကိုပါ အလွန်အကျွံ မစားသောက်ပါနဲ့။

၃။ အိပ်ရေးပျက်ခြင်း

ခန္ဓာကိုယ် အားပြည့်လန်းဆန်းဖို့ တစ်ညမှာ ခုနှစ်နာရီကနေ ကိုးနာရီလောက် လိုအပ်ပါတယ်။ အိပ်ချိန် မလုံလောက်ဘဲ အိပ်ရေးပျက်ရင် စိတ်ခံစားချက် ကောင်းစေတဲ့ ဆီရိုတိုနင်နဲ့ ဒိုပါမင်းဓာတ်တွေ မထွက် ရှိတော့ဘဲ အချိုစာတွေ စားမိတတ်ပါတယ်။

ဖြေရှင်းနည်း

ဟားဗတ်လေ့လာမှုအရ တစ်ညမှာ ငါးနာရီသာအိပ်တဲ့ အမျိုးသမီးတွေဟာ တစ်ညမှာ ခုနှစ်နာရီနဲ့အထက် အိပ်သူတွေထက် ကိုယ်အလေးချိန် မြင့်တက်နိုင်ခြေ ၃၂ ရာခိုင်နှုန်း ပိုများကြောင်း သိရပါတယ်။ ဒါကြောင့် ခန္ဓာကိုယ် သွယ်လျချင်ရင် အိပ်ရေးဝဝ အိပ်ပါ။

၎။ အစာမြန်မြန်စားခြင်း

အစားအသောက်ကို နှေးနှေးနဲ့ ကြေညက်အောင် ဝါးစားပေးရင် အစာအလွန်အကျွံစားချင်စိတ်ကို ဖြေရှင်းနိုင်ပါလိမ့်မယ်။ ဗြိတိန်ဆေးဂျာနယ်က ထုတ်ဝေတဲ့ ဂျပန်လူမျိုး ၃၀၀၀ ကျော်ကို လေ့လာမှုအရ အစာကို မြန်မြန်စားသူတွေဟာ နှေးနှေးစားသူတွေထက် အဝလွန်နိုင်ခြေနှစ်ဆ ပိုများကြောင်း သိရပါတယ်။

ဖြေရှင်းနည်း

အစားမြန်ပြီး ဗိုက်ပြည့်တဲ့အထိ စားတဲ့သူတွေဟာ အဝလွန်နိုင်ခြေသုံးဆ ပိုများပါတယ်။ ဒါကြောင့် အစာစားတဲ့အခါ နှေးနှေးနဲ့ ကြေညက်အောင် ဝါးစားပါ။

၅။ မထိန်းချုပ်နိုင်သော အချက်များ

မျိုးရိုးဗီဇ FTO Gene လို့ခေါ်တဲ့ ဝစေတဲ့ မျိုးရိုးဗီဇတွေဟာ ယင်းဗီဇ မရှိသူတွေထက် အဝလွန်နိုင်ခြေ ၆၀ ရာခိုင်နှုန်း ပိုများပါတယ်။

အဆီဆဲလ်

တချို့လူတွေမှာ အဆီဆဲလ်များစွာ ရှိနေပါတယ်။ ကိုယ် အလေးချိန်တက်ခြင်း၊ လျော့ကျသွားခြင်းတွေဟာ အဆီဆဲလ် အရေအတွက်ကို မပြောင်းလဲနိုင်ပါဘူး။ အဆီဆဲလ်များသူတွေဟာ အဆီဆဲလ်နည်း သူတွေ ထက် အစားအသောက် ပိုပြီးစားတတ်ကြပါတယ်။


ref;X Gym Fitness Club - Myanmar
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...