ဘဝမှာ အဆိုးရွားဆုံး အရာက
"ဘဝမှာ အဆိုးရွားဆုံးအရာက တစ်ယောက်တည်း အထီးကျန်စွာ အိုမင်းသွားခြင်းလို့ ငါထင်ခဲ့တယ်။ နောက်မှ သိလိုက်ရတာက ဘဝမှာ အဆိုးရွားဆုံး အရာက သင့်ကို အထီးကျန်ဆန်အောင် ခံစားစေသူနဲ့ အတူ အိုမင်းသွားခြင်း ပဲဖြစ်တယ်"
ဟောလိဝုဒ် သရုပ်ဆောင် တစ်ဦးအဖြစ် နှစ်ပေါင်း ၄ဝကြာ ရပ်တည် ခဲ့တဲ့ Robin Williamsဟာ သြဂုတ်လ ၁၁ရက်နေ့ အသက် ၆၃နှစ် အရွယ်မှာ သူ့ဘဝကို အဆုံးသတ် ပုဒ်မချသွားခဲ့ပါပြီ။ ဒီ့အတွက် သူရဲ့ ပရိသတ်တွေ ဝမ်းနည်း ကြေကွဲနှမြောခဲ့ ကြရတယ်။ ဇနီးဖြစ်သူ Susan Schneider က...
"သူသေဆုံး သွားတာကို မှတ်ထားတာထက် လူတွေကို သူပေးခဲ့တဲ့ ပျော်ရွှင်မှုတွေကိုပဲ မှတ်ထားပေးဖို့ မျှော်လင့်ပါတယ်"လို့ ဆိုခဲ့ပါတယ်။ ဒီ "စိတ်ဓာတ် လမ်းညွှန်ရေးဆရာ" က လူတွေကို ပျော်ရွှင်ရယ်မော ခြင်းတွေအပြင် ဆင်ခြင်တွေးတောစရာ အသိအမြင်တွေကိုပါ အများအပြားပေးခဲ့ပါတယ်။ သူ သရုပ်ဆောင်ခဲ့တဲ့ ဇာတ်ကားတွေထဲကနေ အဆုံးမရှိတဲ့ လူ့ဘဝ သင်ခန်းစာတချို့ကို မျှဝေလိုက်ပါတယ်။
(၁) It's not your fault.
ကိုယ့်ကိုယ်ကို အပြစ်မတင်ပါနဲ့။ တစ်ခါတလေမှာ ကိုယ့်ကိုယ်ကို အပြစ်တင်လို့ရပေမယ့် လျှောက်ပြီး အပြစ်တင်တိုင်းလည်း ကိစ္စရပ်က အကောင်းဖက်ကိုဦးတည်လာမှာ မဟုတ်ပါဘူး။
(၂) I stand upon my desk to remind myself that we must constantly look at things in a different way.
မတူတဲ့ရှုထောင့်မှာရပ်ပြီး ကိစ္စရပ်တစ်ခုကို ကြည့်ပါ။
(၃) I like this game. Ask me another one.
အရာဝတ္ထုသစ်တွေအပေါ် ထားတဲ့ သိလိုစိတ်၊ စူးစမ်းလိုစိတ်ကို ထိန်းသိမ်းထားပါ။
ဘယ်အသက်အရွယ် ရောက်ရောက် နုပျိုတဲ့ စိတ်ဓာတ်တစ်ခုကို မွေးမြူထားပါ။
(၄) The things we fear the most have already happened to us.
သင်ရင်ဆိုင်ကျော်ဖြတ်နိုင်ခဲ့တဲ့ အခက်အခဲတွေကို မှတ်မိပါစေ။
(၅) No matter what anybody tells you, words and ideas can change the world.
ကိုယ့်စိတ်ကို ကိုယ်အမြဲပြန်လည်ဆန်းစစ်ပါ။ စကားလုံးနဲ့ စိတ်ကူးအိပ်မက်ရဲ့အကျိုးသက်ရောက်မှုကို လျစ်လျစ်မရှုလိုက်ပါနဲ့။
----
(၆) You will have bad times, but they will always wake you up to the stuff you weren't pay attention to.
စိတ်ဓာတ်ကျ အားငယ်တဲ့အချိန်တွေ သင်ကြုံကောင်းကြုံလိမ့်မယ်။ ဒါပေမယ့် ဒီအရာတွေက သင်သတိ မထားမိချိန်မှာ သင့်ကိုလှုပ်နိုးပါလိမ့်မယ်။
(၇) What’s right is what’s left if you do everything else wrong.
အမှားတွေအများကြီး လုပ်ခဲ့မိတယ်လို့ သင်ထင်ပေမယ့် ကျန်ရစ်ခဲ့မယ့်အရာတွေက အကောင်းတွေပဲဖြစ် တယ်။
(၈) You have this idea that you'd better keep working otherwise people will forget. And that was dangerous.
သင့်မှာ စိတ်ကူးကောင်းတစ်ခုရှိရင် မပြတ်ကြိုးစားပြီး အကောင်အထည်ဖော်လိုက်ပါ။ ဒီလိုမှမဟုတ်ရင် လူတွေ မေ့ကုန်ကြလိမ့်မယ်။ ဒါဟာ အန္တရာယ်ရှိပါတယ်။
(၉) Some are born great. Some achieve greatness. Some get it as a graduation gift.
တချို့က မွေးဖွားလာကတည်းက ကြီးကျယ်မြင့်မြတ်ကြတယ်။
တချို့က ကြီးကျယ်မြင့်မြတ်ဖို့ ကြိုးစားအားထုတ်ကြတယ်။
တချို့က သင်ယူနေရင်းကနေ ကြီးကျယ်မြင့်မြတ်လာကြတယ်။
(၁ဝ) There is still a lot to learn and there is always great stuff out there. Even mistakes can be wonderful.
သင်ယူရမယ့်အရာတွေ အများကြီးရှိသေးတယ်။ အရာတိုင်းမှာ ကြီးကျယ်မြင့်မြတ်တာတွေရှိတယ်။ အမှားဆိုခဲ့ရင်တောင် လှပနှစ်လိုစရာရှိနိုင်ပါတယ်။
* နိုင်းနိုင်းစနေ (Aug. 14. 2014)
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook