အလိမ်ခံရသော ငွေများ- အမြန်ပြန်ရစေရန်
အင်း... မကြာမကြာ ကြုံတွေ့နေရတဲ့ ပြဿနာကတော့ ဒီ ငွေကြေး ပြဿနာပဲ။ မတွေ့ရဘူးဆိုရင် တစ်ပါတ်ကို အနည်းဆုံး (၅) ယောက် လောက်ကို ပါတာ။ တစ်လဆိုရင်တော့ အယောက်(၂၀) ပေါ့။ ဒါက ငွေးတိုးချေး အလုပ်ကို ပေါ်တင်လုပ်နေတဲ့ လူတွေ။ တိတ်တိတ် ကလေး ငွေတိုးချေးတဲ့ လူတွေ ကတော့ နေ့တိုင်းနီးပါး ကြုံရတယ်။
ချေးတဲ့ လူတွေကလည်း ချေးတယ်။ ပြေးတဲ့ လူတွေကလည်း ပြေး တယ်။ ဒီကြားထဲမှာ သနားစရာ ကောင်းတဲ့ လူတွေက ဘယ်သူတွေ လဲ ဆိုတော့ အားအားယားယား ကြားထဲက အာမခံပေးတဲ့ လူတွေ ပေါ့။ တစ်ခါတလေ ကြတော့လဲ အံ့သြမိတယ်။ သူတို့ ပြောတာကတော့ ဒုက္ခရောက်တဲ့ လူတွေ့ရင် အရမ်းသနားလွန်းလို့ ၊ မကူညီပဲကို မနေနိုင်တာတဲ့။
အဲဒီတော့ သူက ကြားထဲက အာမခံပေးလိုက်တယ်။ သူအာမခံပေးလိုက်တဲ့ လူက ထွက်ပြေးတယ်။ ငွေရှင်က တော့ တောင်းချင်ရင် သူ့ဆီမှာပဲ တောင်းတာပေါ့။ ထွက်ပြေးတာ မထွက်ပြေးတာ ငါမသိဘူး။ နင်က အာမခံ ထားတော့ လျော်စရာရှိရင် နင်ပဲ လျော်ရမယ်တဲ့။ နင် ဒီပိုက်ဆံတွေကို စိုက်လျော် မပေး ရင်တော့ မလွယ်ဘူး။ ငါ့အကြောင်း ကောင်းကောင်းသိမယ်၊ ဘာညာဆိုပြီး ချိန်းချောက်ပါလေရော...။
နောက်တော့ ကျွန်တော်တို့ ဗေဒင်ဆရာဆီ ရောက်လာကြရော။ ဆရာရယ် ကူညီပေးဦးတဲ့။ ကျွန်တော်က တော့ အဲလိုကိစ္စတွေကြုံရင် အောက်ပါအတိုင်း ယတြာ ဆောင်ရွက် ခိုင်းလိုက်ပါတယ်။ ကျွန်တော်ရဲ့ မိတ်ဆွေများလည်း အကယ်၍ ငွေကြေး အလိမ်ခံရတယ်ဆိုရင် အောက်ပါအတိုင်း ဆောင်ရွက်လိုက်ပါ။ မြန်တာရယ် ကြာတာရယ် နှစ်မျိုးပဲ ရှိပါတယ်။ အဆင်ပြေသွားပါလိမ့်မယ် ခင်ဗျား။
အလိမ်ခံရသော ငွေများ အမြန်ပြန်ရစေရန်
ကောက်ညှင်းကျဉ်ထောက် (၃) ချောင်းကို ဖိုခနောက်ဆိုင် ထောင်လိုက်ပါ။ ထိုအပေါ်တွင် ဖယောင်းတိုင် မီးထွန်းပြီး ဆုတောင်းပါ။ ရက်ပိုင်းအတွင်း ထူးခြားပါလိမ့်မည်။

ref;https://www.facebook.com/techbayda
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook