Chrome Browserမှ Ubuntu Desktop ကို access လုပ်ဆောင်ခြင်း
ကျွန်တော် ဒီနှစ်အစောပိုင်းက Windows XP ကနေ Linux Ubuntu ကို ပြောင်းလဲ သုံးစွဲဖို့ ဆုံးဖြတ် ခဲ့ပါတယ်။ ကျွန်တော့်အနေဖြင့် OS အသစ် တစ်ခုနဲ့ပတ်သက်ပြီး တစ်ဖြည်းဖြည်း ပိုမိုနှစ်သက်လာပါတယ်။ ကျွန်တော့်ရဲ့ သူငယ်ချင်း တွေက Ubuntu ကို လေ့လာခဲ့ရာမှာ ယခုအခါ သူတို့အနေဖြင့် Ubuntu PC ရဲ့ Desktop ကို အခြားသောပီစီကနေ Google ရဲ့ Chrome browser ကိုသုံးစွဲပြီး remote ကနေ access လုပ်ဆောင်နိုင်ခဲ့ ကြပါတယ်။
ပထမဆုံးအနေနဲ့ သင့်အနေဖြင့် Chrome Remote Desktop extension ကို Chrome မှာ www.snipca.com/12919 ကနေထည့်သွင်းဖို့လိုအပ်မှာပါ။ နောက်ထပ် ထပ်မသွားခင် warning စာသားတစ်ခုပေါ်လာမှာဖြစ်ပါတယ်။ အဲဒါက Ubuntu version of this extension is beta ပဲဖြစ်ပါ တယ်။ ဆိုလိုတာကတော့ စမ်းသပ်နေဆဲဆိုတဲ့အဓိပ္ပာယ်ပါ။ အဲဒါကြောင့်သင့်အနေဖြင့် မတော်တဆ ပြစ်ချက်များကိုတွေ့ကြုံရနိုင်စေမှာဖြစ်ပါတယ်။ သင့်အနေဖြင့် Ubuntu မှာ ‘virtual desktop session’ တစ်ခုကို ဖန်တီးဖို့ လိုအပ်မှာဖြစ်ပါတယ်။ အဲဒါတွေအားလုံးပြီးတဲ့အခါ သုံးစွဲလို့ရနိုင်မှာပါ။
Virtual desktop session တစ်ခုဖန်တီးနိုင်စေဖို့အတွက် တိကျသော ညွှန်ကြားချက်များကို တိကျစွာ လိုက်နာရမှာဖြစ်ပါတယ်။ အဲဒါတွေကို ဒီနေရာမှာ အပြည့်အစုံ ရှင်းလင်းဖို့မလွယ်ပါဘူး။ Google ရဲ့ ရှင်းလင်းချက်တွေကို www.snipca.com/12920 မှာ ဖတ်ရှုနိုင်ပါတယ်။ ‘Enable remote access to your computer’ ကိုနှိပ်ပြီး ‘Linux(Beta)’ ကို နှိပ်ပါ။ သင့်အနေဖြင့် ဘာတွေ လုပ်ဆောင်ရမလဲ ဆိုတာကို တွေ့မြင်ရမှာဖြစ်ပါတယ်။
ဂရုပြုရမှာက Ubuntu 12.10( ၄င်းနှင့်အထက်) အတွက် ညွှန်ကြားချက်များဟာ 12.04 နဲ့ ကွဲပြားမှာ ဖြစ်ပါတယ်။ ကံကောင်းပါစေ !
Barry Clarkson
Computer Active Issue 429 မှ

https://www.facebook.com/techspaceJournal
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

- (အရှေ့သို့) ဇနီးဖြစ်သူကို ခင်ပွန်းက ဓားမဖြင့် ခေါင်းဖြတ်သတ် Router ကို Setting ချပြီး WiFi ပြန်လွှင့်နည်း...Susten 100 ကိုယ်ဝန်မှာသုံးတဲ့ဆေးတမျိုးဆုပန်ထွာရဲ့ သတို့သား သဇင်နဲ့လည်း ဘာလိုလို စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Acer Aspire E1-510P-2671 Laptop Review ဘန္နီၿဖိဳး ရဲ့ 'လူပျိုလှည့်တေး'
- (အနောကျသို့) လူမှု ကွန်ရက်များကြောင့် လူငယ်များတွင် လိင်ပိုင်းဆိုင်ရာ စော်ကားခံရမှု အန္တရာယ် ပိုကြီးမားလာ Router ကို Setting ချပြီး WiFi ပြန်လွှင့်နည်း...Susten 100 ကိုယ်ဝန်မှာသုံးတဲ့ဆေးတမျိုးဆုပန်ထွာရဲ့ သတို့သား သဇင်နဲ့လည်း ဘာလိုလို စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Acer Aspire E1-510P-2671 Laptop Review ဘန္နီၿဖိဳး ရဲ့ 'လူပျိုလှည့်တေး'