Ebola ဗိုင်းရပ်စ်အား ဗုံးအတွင်း ထည့်သွင်း၍ တိုက်ခိုက် လာနိုင်ကြောင်း ပညာရှင်များက ပြောဆိုခဲ့
Cambridge University မှ ရောဂါဗေဒ ကျွမ်းကျင်သူများ အနေဖြင့် အကြမ်းဖက် တိုက်ခိုက်သူများသည် Dirty Bomb များအတွင်း၌ အီဘိုလာ ဗိုင်းရပ်စ် ပိုးအား ထည့်သွင်း၍ အကြမ်းဖက် လုပ်ငန်းများ ပြုလုပ်ကာ တိုက်ခိုက်လာနိုင် ကြောင်း သတိပေးပြောကြား လိုက်ပါသည်။ ဇီဝမနုဿဗေဒ ဆိုင်ရာ ပညာရှင် ဒေါက်တာ Pter Walsh က အီဘိုလာ ဗိုင်းရပ်စ်အား ပေါင်ဒါမုန့်ကဲ့သို့ လူနေထူထပ်သော နေရာသို့ ကြဲချလိုက်ပါက မျှော်လင့်ထား သည်ထက် ပိုမိုဆိုးရွားနိုင်သည့် ကြောက်မက်ဖွယ်ရာ သေဆုံးခြင်းမျိုးကို ရင်ဆိုင်ရနိုင်ကြောင်း The Sun သို့ ပြောကြားခဲ့ပါသည်။
အီဘိုလာ ဗိုင်းရပ်စ်ဆိုသည်မှာ တိရိစ္ဆာန်များ မှတစ်ဆင့် လူသို့ ကူးစက်ပြန့်ပွားသော ရောဂါတစ်မျိုးဖြစ်ပြီး ကူးဆက်ခံရသူ များထဲမှ ၉၀ ရာခိုင်နှုန်းခန့်သည် သေကြေပျက်ဆီးခြင်းသို့ ရောက်ရှိစေပါသည်။ ရောဂါအနေဖြင့် လေထဲမှ ပြန့်နှံ၍ ကူးစက်ခြင်း မရှိသော်လည်း ရောဂါရှိသူ ခန္ဓာကိုယ်မှ ထွက်ရှိသော အရည်၊သွေး တို့ကို ထိတွေ့မိရုံဖြင့် ကူးစက်ခံရနိုင်ပါသည်။ ရောဂါကူးစက်ခံရပြီးပါက ၂၁ ရက်အတွင်းဝေဒနာများ စတင် ခံစားလာရက ၄င်းရက်နောက်ပိုင်းတွင် ပြင်းထန်စွာဖျားခြင်း၊ အင်အားချိနှဲခြင်း၊ ခန္ဓာကိုယ်နာကျင်ခြင်း၊ အထူးသဖြင့် မကြာခဏအော့အန်ပြီး ၀မ်းသွားခြင်းများကို ဖြစ်ပေါ်စေနိုင်ပါသည်။ ထို့နောက် ခန္ဓာကိုယ် အတွင်းရှိ ကလီစာများအား ထိခိုက်ကာ အသက်ကို ဆုံးရှုံးစေနိုင်မည်ဖြစ်သည်။
အီဘိုလာဗိုင်းရပ်စ်သည် လက်ရှိအခြေအနေတွင် ကုသရန်အတွက် ဆေးဝါးမရှိသေးဘဲ သေဆုံးမည့် အချိန်ကိုသာ စောင့်ကြည့်သွားရန်ပင် တက်နိုင်သဖြင့် အထူးသတိထား စောင့်ကြည့်နေရသော ဗိုင်းရပ်စ် ဖြစ်ပေသည်။ Dirty Bomb ဆိုသည်မှာ Radiological Dispersal Device (RDD) အမျိုးအစား တစ်ခုပင် ဖြစ်ပြီး ၄င်းသည် သမားရိုးကျပေါက်ကွဲမှုမျိုး ကဲ့သို့ပင် ဖြစ်ပါသည်။ Dirty Bomb သည် နျူကလီးယားဗုံးမျိုး ကဲ့သို့ ပြင်းထန်သော ဆင့်ကဲပေါက်ကွဲခြင်းမျိုး မရှိသလို မိုင်ပေါင်းများစွာ ရောက်ရှိနိုင်ခြင်း မရှိဘဲ ကြဲချ လိုက်သည့် ဧရိယာအနည်းငယ်အတွင်းသာ ပျံနှံရောက်ရှိစေမည်ဖြစ်သည်။ ထို့ကြောင့်လည်း အကြမ်းဖက် သောင်းကျန်းသူများအနေဖြင့် အီဘိုလာဗိုင်းရပ်စ်အား လက်နက်သဖွယ် အသုံးပြုလာပါက များစွာအန္တရာယ်ရှိနိုင်ကြောင်း ပညာရှင်များက သတိပေးချက် ထုတ်ပြန်ထားခြင်းဖြစ်ပေသည်။
Ref:IHS
WorldWide(BMSTU)
TechSpace Journal

--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook