Skip to main content

Facebook for iOS တွင် Message များကို ယာယီ restore ပြုလုပ်ခြင်း


Facebook chat များအတွက် standalone Facebook Messenger app ကို အသုံးပြုရန် နာမည်ကျော် လူမှုကွန်ရက် ကုမ္ပဏီကြီးက သတ်မှတ် လိုက်ပြီးနောက် ၎င်း app သည် App Store တွင် လူမုန်းအများဆုံး app ဖြစ်လာခဲ့သည်။ သို့သော်လည်း Facebook Messenger ကို install လုပ်ရန် မလိုဘဲ Facebook message များကို ယာယီ အသုံးပြုနိုင်သည့် နည်လမ်း တစ်ရပ်ရှိသည်။


- ပထမဦးဆုံး Facebook app တွင် Messages tab ကို နှိပ်ပါ။ Messenger app ကို install လုပ်ခိုင်းသည့်အခါ Install ခလုတ်ကိုနှိပ်ပါ။ App Store ၏ Messenger စာမျက်နှာထံ ရောက်သွားပြီး app ကို စတင် download ပြုလုပ်နေသည့်အခါ Messenger app ကို ဖျက်လိုက်ပါ။

- ပြီးလျှင် Facebook app သို့ပြန်သွားပြီး Messages tab ကို နှိပ်လိုက်ပါ။ Message များပေါ်လာသည်ကို တွေ့ရပါလိမ့်မယ်။

အဲ့ဒီနောက် Facebook app မှာ Messenger app မလိုဘဲ သူငယ်ချင်းများနှင့် အပြန်အလှန် message ပေးပို့နိုင်ပါပြီ။


ref;Internet Journal
------------------------------------ 

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...