(အီဗိုလာ) False alarm သတင်းမှားတွေ မပေးကြပါနဲ့ဗျာ

ဖေ့စ်ဘွတ်မှာ မီးလေင်ဖု အနာပုံတွေနဲ့ အီဗိုလာရောဂါ သတင်းကို တိတိကျကျ မဟုတ်ဘဲ တင်နေကြတာ တွေ့ပါ တယ်။ ဘယ်နိုင်ငံကို ရောက်နေပြီလဲ ပါသေးတယ်။ အာရှတိုက်ကို မရောက်သေးပါ။ ကျန်းမာရေး ဌာနတွေက သတိပေးချက် ထုတ်တာသာ ဖြစ်ပါတယ်။

Ebola အီဗိုလာ ရောဂါရဲ့ အများဆုံးဖြစ်တဲ့ ရောဂါလက္ခဏာ တွေကတော့ -
• Fever ဖျား၊
• Headache ခေါင်းကိုက်၊
• Joint and muscle aches အဆစ်နဲ့ကြွက်သားတွေနာ၊
• Weakness အားနည်း၊
• Diarrhea ဝမ်းပျက်၊
• Vomiting အန်၊
• Stomach pain ဗိုက်နာ၊
• Lack of appetite စားချင်စိတ်မရှိ၊
• Dehydration ရေ + ဓါတ်ဆားနည်း။

အဖြစ်နည်းတဲ့ ရောဂါလက္ခဏာတွေကတော့ -
• A Rash အနီပြင်ထွက်၊
• Red Eyes မျက်လုံးနီရဲ၊
• Hiccups ကျို့ထိုး၊
• Cough ချောင်းဆိုး၊
• Sore throat လည်ချောင်းနာ၊
• Chest pain ရင်ပတ်နာ၊
• Difficulty breathing အသက်ရှူခက်ခဲ၊
• Difficulty swallowing မျိုချရခက်ခဲ၊
• Bleeding inside and outside of the body ကိုယ်ထွင်း-ပြင်ပ သွေးယို။

ရောဂါလက္ခဏာတွေကို ဗိုင်းရပ်စ်ကူးစက်ခံရပြီးနောက် ၂ ရက်ကနေ ၂၁ ရက်အကြာမှာခံစားတယ်။ ၈-၁ဝ ရက်မှာ အဖြစ်အများဆုံးဖြစ်တယ်။ တချို့ပြန်ကောင်းလာနိုင်တယ်။ တချို့ကမကောင်းပါ။ ကိုယ်ဝန် ရှိနေရင် ကိုယ်ဝန် ပျက်ကျနိုင်တယ်။ ရောဂါလက္ခဏာတွေခံစားနေရတာနောက် ဒုတိယပါတ်မှာ အသက် သေဆုံးနိုင်တယ်။ သွေးလွန်လို့ သေရတာက အများဆုံးဖြစ်ပါတယ်။

မလေးရှားလေယာဉ် ပျောက်တဲ့ သတင်းတုံးကလဲ မဆီမဆိုင် ဓါတ်ပုံနဲ့ ဟောတွေ့ပါပြီဗျာ လုပ်ကြတာတွေ ဖတ်ရတယ်။ 

အီဗိုလာသတင်းကို မီးလောင်ဖု အနာပုံနဲ့ တွဲတင်နေကြပြန်ပြီ။ အီဗိုလာ ရောဂါရဲ့ ရောဂါလက္ခဏာ တွေထဲမှာ မပါပါ။ လူတွေကို မသေချာမရေရာဘဲ အထိန့်တလန့်ဖြစ်အောင် မလုပ်သင့်ပါ။ ကျား၊ ကျားလို့ အယောင်ဆောင် အော်နေတဲ့သူကို မယုံကြတော့ဘဲ၊ တကယ့် ကျားလာတဲ့အခါ ကူမဲ့သူ မလာလို့ ကျားစား ခံရတဲ့ အင်္ဂလိပ် သင်္ခန်းစာကို ၆-၇ တန်းမှာ သင်ခဲ့ရ ဘူးပါတယ်။ 


ဒေါက်တာတင့်ဆွေ
၁၂-၈-၂ဝ၁၄
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...