ချိစ် (ခေါ်) ဒိန်ခဲ လေးများအကြောင်း

Cheese ဆိုသော ဝေါဟာရသည် လက်တင် ဘာသာ စကားမှ ဆင်းသက် လာခြင်း ဖြစ်ပါသည်။ အလွန်ရှေးကျသော အင်္ဂလိပ် ခေတ်က Cese(စိစ်) ဟု ခေါ်ဝေါ် ခဲ့ကြပြီး၊ ကာလရွေ့ လျားလာတဲ့ အခါမှာတော့ Cheese(ချိစ်) ဟု အမည်တွင်လာ ခဲ့ပါသည်။ ချိစ်ဆိုတာဘာလဲ? အလွယ်ပြောရရင်ဖြင့် ချိစ်ဆိုသည်မှာ နို့ ကို မှိုတက်အောင် ကဇော်ဖောက်ထားပြီး၊ မဆိုသလောက် အငန်ဓာတ် ကဲထားသည့် အနှစ်ခဲဖြစ်ကာ၊ အဆီဓာတ် နှင့် ပရိုတင်းတို့  အမြောက်အများ ပါဝင်သည့် နို့ ထွက်ပစ္စည်း တမျိုးဖြစ်ပါသည်။ သူ့ နိုင်ငံ၊ သူ့ ရေမြေဒေသ၊ ထုံးတမ်းဓလေ့ပေါ် မူတည်ပြီး၊ ချိစ်ကို နွားနို့ ၊ ဆိတ်နို့ ၊ သိုးနို ၊့ ကျွဲနို ၊့ တန်ဒြာဒေသ သမင်နို့ ၊ ကုလား အုပ်နို့ ၊ စာမရီ(ခေါ်) တိဗက်နွားနို့ တို့ မှ ပြုလုပ်ကြပါသည်။ အသုံး ပြုထားသော နို့ အမျိုးအစား၊ နို့ ကိုကျို ချက် ကာ ဒိန်ခဲစေသော နည်းပညာ၊ မှိုတက်စေသော နည်းပညာ၊ ဆားထဲ့ဝင်မှု ပမာဏ၊ အပူရှိန် အနိမ့် အမြင့်၊ ပြု လုပ်သောကြာချိန်၊ အစိုဓာတ်ထိန်းထားမှု၊ လေပါဝင်မှု အနဲ အများ… စသည်တို့ အပြင် အတွေ့ အကြုံနှင့် နည်းပရိယာယ် ပေါ်မူတည်ပြီး ချိစ်၏ အနံ့ /အရသာ/ပုံသဏ္ဍာန်၊ ချိစ်အသား နှင့် အရောင် အဆင်းတို့  ကွဲပြားခြားနားကြ ပါ သည်။ ယနေ့ ကမ္ဘာပေါ်တွင် ချိစ် အမျိုးအစား ပေါင်း ၂၀၀၀ ကျော်ရှိ ပါသည်။ အထူး သဖြင့် အနောက်နိုင်ငံ ၏ စွယ်စုံရသော ဘက်စုံပြုလုပ် နိုင်သည့် အစားအစာ တစ်ခု အဖြစ် အခိုင်အမာ နေရာယူလျှက် ရှိပါသည်။

< ချိစ်ရာဇ၀င် >

သမိုင်းကြောင်းကို လေ့လာကြည့်ရာတွင် ကျောက်ခေတ်နှောင်းပိုင်း ကာလကတည်းက ကျောက်ခေတ် လူသားများသည် တိရိစ္ဆာန်ထွက် (၀ါ) နို့ ထွက်ပစ္စည်းတို့ ကို သောက်သုံး လာခဲ့ကြပါသည်။ ချိစ် စတင် တွေ့ ရှိသည့် သမိုင်းရာဇ၀င် သက္ကရာဇ်အထောက် အထားကို ခိုင်လုံတိကျစွာ ဖော်ပြထားခြင်း မရှိပါ။ ပုံပြင် ဒဏ္ဍာရီများအရ ရေကြည်ရာ မြက်နုရာသို့ လှည့်လည်ကျက်စား နေကြသော အာရှတိုက် အလယ် ပိုင်းရှိ မျိုးနွယ် စုတစ်စု သည် လမ်းခရီးတွင် အစာရေစာ ဖြစ် သောက်သုံးနိုင် ရန်အတွက် သိုးနို့ များကို သယ်ဆောင်လာ ခဲ့ကြပါသည်။ ထိုခေတ် ကာလများတွင် ဆိတ် (သို့ မဟုတ်) သမင်တို့ ၏ ၀မ်းဗိုက် သားရေ ဖြင့် ချုပ်လုပ်ထားသော ကုန်းနှီးအိတ် များထဲတွင် သိုးနို့ များကိုထဲ့ကာ၊ မြင်းပေါ်တင်၍ သွား လာကြခြင်း ဖြစ်ပါသည်။ မြင်း၏ ကဆုန်ပေါက် ပြေးလွှားသော အရှိန်ကြောင့် အိတ်ထဲရှိ သိုးနို့ များကို ဒလက်လှည့်သကဲ့သို့ အပြင်းအထန် လှုပ်ရှားစေကာ၊ ရာသီဥတု၏ အပူရှိန် နှင့်အတူ နို့ ထဲ့ထားသော တိရိစ္ဆာန် သားရေအိတ်၏ ဓာတ်ပြုမှုတို့ ကြောင့် အိတ်ထဲရှိနို့ များသည် အချဉ်ပေါက် လာပါတော့သည်။ ထိုအခါ နို့ ဓမ်းရေကြည် (ခေါ်) ဒိန်ရည်ကို ဖယ်ပြီး ကျန်ရှိနေ သော ဒိန်ခဲအနှစ်ဖတ် ကလေးများကို တာရှည် ခံရန်အတွက် ဆားအနဲငယ်ရော၍ မြေအိုးထဲတွင် သိမ်းဆည်းကာ စားသုံးလာခဲ့ကြရာမှ အစပြု ပြီး ဒိန်ခဲ ဖြစ်ပေါ်လာသည်ဟု သိရပါသည်။

< ချိစ်နှင့် အနောက်ကမ္ဘာ > 

ဤနည်းဖြင့် အာရှတိုက်အလယ်ပိုင်းမှ အမှတ်မထင် တွေ့ ရှိခဲ့ရသော ဒိန်ခဲစားသုံးမှုသည် ခေတ်ကာရွေ့  လျားလာပြီးနောက် ၁၄-ရာစု နောက်ပိုင်းတွင် အမေရိကန် ဘုန်းတော်ကြီးများမှတဆင့် ဥရောပတစ်တိုက် လုံးသို့ ပျံ့ နှံ့ သွားခဲ့ပါသည်။ ၁၄-ရာ စု နှောင်းပိုင်းအထိ သိုးနို့  တစ်မျိုးတည်းမှသာ ဒိန်ခဲကို ပြုလုပ်ကြ သေးသဖြင့် ကုန်ြ ကမ်ြး ဖစ်သော သိုးနို့ များကို လတ်လတ် ဆတ်ဆတ် ရရှိရန်အတွက် ၁၄၉၂ ခုနှစ် တွင် ခစ္စတိုဖာကိုလံဘတ်စ် သည် Santa Maria မှ သိုးများကို သင်္ဘောဖြင့်တင်ကာ ကမ္ဘာသစ်ဆီသို့ ကုန်သွယ် ဖောက်ကား လာခဲ့ပါသည်။ ထိုအချိန်မှစ၍ ချိစ် (ခေါ်) ဒိန်ခဲ စားသုံးသော ယဉ်ကျေးမှုသည် ကမ္ဘာနှင့် အ၀ှမ်း ထွန်းကားလာခဲ့ ပါတော့သည်။ ၁၈-ရာ စုနှစ်လယ်လောက်တွင် ချိစ်ကို ကျန်းမာရေးသုတေသန ပြုလုပ်ခဲ့ကြရာ၌၊ ချိစ် သည် အဆီဓာတ် များသော အစားအစာဖြစ်၍ အလွန်အကျွံစားသုံးပါက၊ အစာချေ ဖျက်မှု စံနစ်ကို နှေးကွေးစေပြီး အစာမကျေဖြစ်နိုင်ခြင်း၊ အစာအိမ်အတွင်း ကြွက်သားများကို ဖိအားဖြစ် စေကာ ရင်ပူနာဖြစ်ခြင်း၊ နှလုံးအဆီဖုံးခြင်း စသည့် ဘေးထွက် ဆိုးကျိုးများ ဖြစ်ပေါ်စေကြောင်း သိရှိရပြီး နောက်မှာတော့ ချိစ်စားသုံးမှု ကျဆင်းသွား ခဲ့ပါသည်။ သို့ သော် ၁၉-ရာစု နှစ်ဦးပိုင်းမှစ၍ ချိစ် စားသုံးမှု ပြန် လည် တခေတ်ဆန်း လာခဲ့ပြန်ပါသည်။ ယနေ့ အနောက်နိုင်ငံ တော်တော်များများတွင် ချိစ်ကို အထူး သဖြင့် ပီဇာထဲတွင် ထဲ့စားလေ့ရှိကြပြီး၊ ဟင်းလျာအမျိုးမျိုး၊ ပူတင်း၊ ကိတ်မုန့် ၊ ပေါင်မုန့် ၊ ဘီစကစ်၊ ကွတ်ကီးစ်၊ ဘာဂါ နှင့် အသားညှပ် ပေါင်မုန့် တို့ တွင်လည်းကောင်း၊ ချိစ် အလွှာလေးများကို သစ်သီး၊ အချိုရည် ၊၀ိုင်၊ ယမကာ တို့ ဖြင့် တွဲဖက်၍သော် လည်းကောင်း စားသုံးကြပါသည်။

< ချိစ်နှင့်အာရှ >

အာရှနိုင်ငံများတွင်တော့ ချိစ်ကို ရံဖန်ရံခါမှသာ မုန့် ပဲသွားရည်စာအဖြစ် စားသုံးလေ့ ရှိပါသည်။ အကြောင်းရင်း ကတော့ အနောက်နိုင်ငံ များကဲ့သို့ ရေမြေ တောတောင်သ ဘာဝမတူညီခြင်း၊ ချိစ် လုပ်ရန် ကုန်ကြမ်းနို့ ရှားပါးခြင်း နှင့် နည်းပညာ အားနည်းခြင်း တို့ ကြောင့် ပြည်တွင်းတွင် ချိစ် ထုတ်လု ပ်နိုင်မှု ပမာဏ လွန်စွာ နည်းပါးပါသည်။ ထို့ ပြင် နိုင်ငံခြားမှ တင်သွင်းလာသော ချိစ်များသည် သယ်ယူပို့ ဆောင်စရိတ် နှင့် အခွန်အခများ ကြီးလေးခြင်းတို့ ကြောင့်လဲ စားသုံးသူလက် ထဲရောက်သောအခါ ဈေး ကြီးသော စားသောက်ကုန် ပစ္စည်းဖြစ်သောကြောင့် လူတန်းစေ့ မစားသောက်နိုင်ကြခြင်းဖြစ်ပါသည်။ ယနေ့ အာရှတိုက် တစ်တိုက်လုံးတွင် နိုင်ငံအနဲစုလောက်သာ ကိုယ်ပိုင်စတိုင်ဖြင့် ချိစ် ထုတ်လုပ်နိုင်ကြ ပါသည်။ ၄င်းတို့ အနက် အိန္ဒိယ၊ နီပေါ၊ တိဗက်၊ ဂျပန် နှင့် ဖိလစ်ပိုင် နိုင်ငံတို့ မှ ချိစ်များသည် ထူးခြား ကောင်းမွန်သော အရသာတို့ ဖြင့် လူသိများကြပါသည်။


(ဆောင်းပါးရှင်…ပေါက်ပေါက်..မျှဝေသည်)
--
promise.pauk
-------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...