Miss Globe Myanmar 2014 အဖြစ် ရွေးချယ်ခံရသူ အေးချမ်းမြေ့
Miss Globe Myanmar 2014 အဖြစ် ပြိုင်ပွဲဝင် နိုင်ငံကိုယ် စားပြု အနေဖြင့် အဇာဘိုင်ဂျန် နိုင်ငံ မှာ ယှဉ်ပြိုင်ဖို့ ရွေးချယ် ခံရတဲ့ အေးချမ်းမြေ့က အသက် ၁၈ နှစ် ရှိ ပြီဖြစ်ပြီး ဒုတိယနှစ် ဆေးကျောင်း တက်နေ သူဖြစ်ကြောင်း သိရပါ တယ်။ Miss Globe Myanmar 2014 အဖြစ် သွားရောက် ယှဉ်ပြိုင် ရမယ့် အပေါ် အေးချမ်းမြေ့ က..
“တီချယ်တို့က ပရိုစီဂျာအတိုင်း သွားတဲ့ သဘောပဲလေ။ Miss တစ် ယောက် မရှိတဲ့အခါကျတော့ Runner Up တွေထဲက ပြန်ပြီးရွေး ရ တယ်။ အဲဒီ အချိန် မှာFirst, Second, Third Runner Up တွေ က တခြား ပြိုင်ပွဲကို ဝင်နေတယ်။ 4th Runner Up ဖြစ်တဲ့ ညီမကို ကမ်း လှမ်းခဲ့ပါတယ်။ သူတို့ဆီ မှာလည်း ပြဿနာတွေ ရှိတယ်။ ဒါပေမဲ့ ညီမ အဲဒါကို ဂရုမစိုက်ပါဘူး။ ဝေဖန်မှု တွေရှိရင်လည်း ထွေထွေထူးထူး စိတ်ထဲမှာ မထားပါဘူး။ တီချယ် လှနုကိုလည်း ယုံတယ်။ မြန်မာနိုင်ငံ ကိုယ်စားပြု အနေနဲ့ သွားပြိုင်ရမှာ ဖြစ်တဲ့ အတွက် လက်ခံဖြစ်တာပါ။ ရှေ့မှာ First,Second, Third ရှိပေမယ့် တခြား ပြိုင်ပွဲကို ဝင်ပြိုင်နေ တော့ကံ တရားက ညီမဆီ ရောက် လာ တယ်။ ပြောရရင် တော့ဒီဖြစ်စဉ်က ထူးဆန်း တယ် ။ညီမ ကတော့ ကံတ ရားကို ယုံကြည်တယ်။ ညီမက ကံကောင်းလို့ ရတယ်လို့ပဲ သတ်မှတ်ရမှာပါ” လို့ပြောပါ တယ် ။
အေးချမ်းမြေ့ က နေ့ ဘက်မှာ ကျောင်းတက်နေ ရတာ ကြောင့် ညဘက်ကျမှ မလှနုထွန်း တို့နဲ့ ထရိန်နင် လုပ်ဖြစ်ကြောင်း သိရပါ တယ်။ ထရိန်နင် ရက်တိုပေမယ့် လည်း ကြိုးစား ပြင်ဆင်နေကြောင်းကို အေးချမ်းမြေ့က “Miss Globe Myan-mar ပြိုင်ပွဲဝင်တုန်းက ဖိလစ်ပိုင်က ထရိန်နာတွေက ပြိုင်ပွဲဝင်တွေ အားလုံးကို ထရိန်နင်ပေး တာ ညီမရ ထားပါတယ်။ Edulink Australia က ဆရာမ Presentation Skill လည်း သင်ပေးထားပါတယ်။ Skin Treatment ကို Skeyn Doll က ကူညီပေးပါတယ်။ ညီမ သွားပြိုင်ရင် ဝတ်မယ့် အဝတ်အစား ကို ဒီဇိုင်နာ ပြည် စိုးအောင်၊ ဒီဇိုင်နာ ဌေးဌေးတင် (Shi Mi Zu) တို့က ကူညီပေး ပါတယ်။ Swim Suit ကို တီချယ်လှနုရဲ့ မိတ်ဆွေက စင်ကာပူက ပို့ပေးပါတယ်။ မိတ်ကပ် အာကာကျော် (ကိုမာ) က မိတ်ကပ် လိမ်းနည်း သင် ပေးပါတယ်။ Talent မြန်မာအကအတွက် မလှယဉ်ကျေးက သင်ပေး နေပါတယ်” လို့ပြောပါတယ်။
အေးချမ်းမြေ့က Miss Globe Myanmar Organizationရဲ့ လက်အောက်ကနေ အနုပညာ လှုပ်ရှားမှု တွေကို လုပ်ကိုင်မှာ ဖြစ်ပြီး စည်းကမ်းတွေကို လိုက်နာနိုင်တဲ့ အတွက်လည်း ၃ နှစ် စာချုပ်ချုပ်ခဲ့ ကြောင်း အေးချမ်းမြေ့က ပြောပါတယ်။
ခိုင်ဝေလွင်
Popular Journal
ဓာတ်ပုံ- မော်ကွန်းသစ်

--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook