လွိုင်ကော်၌ MPT - MEC ဖုန်းကတ်ဈေးနှုန်းများ မြင့်တက်နေ

လွိုင်ကော်၊

ကယား ပြည်နယ် လွိုင်ကော်မြို့အတွင်း အော် ရီဒူးဆင်းမ်ကတ်များ နယ်၌ အဆင်မ ပြေဖြစ်နေ သည့် သတင်းကြောင့် မြန်မာ့ဆက်သွယ်ရေး (MPT) နှင့် ပြည် ထောင်စုမြန်မာနိုင်ငံ စီးပွားရေး ဦးပိုင် လီမိတက် MEC မိုဘိုင်း ဆင်းမ်ကတ် ဈေးများ ကျပ် ၄၅ဝဝဝ အထိ ဈေး ပြန်တက်လာကြောင်း လွိုင်ကော်မြို့ ဆင်းမ်ကတ် အရောင်းကိုယ်စား လှယ် များထံမှ သိရသည်။

အော်ရီဒူး ဆင်းမ်ကတ်များထွက် ရှိလာပြီးနောက် လွိုင်ကော်မြို့အတွင်း မြန်မာ့ဆက်သွယ်ရေးမှချထား ပေးသည့် ကျပ် ၁၅ဝဝတန် MPT GSM ဆင်းမ်ကတ်များနှင့် MEC မှ ဖုန်းများဖြစ်သည့် MEC 800mz ဆင်းမ်ကတ်ဈေးများ ကျပ် ၈ဝဝဝဝ မှ ကျပ် ၂ဝဝဝဝအထိ ဈေးကျသွား သော်လည်း ယခုအခါ ကျပ် ၄၅ဝဝဝ အထိ ဈေးပြန်တက်လာကြောင်း လွိုင် ကော်မြို့ရှိ Orbit ဖုန်းဆိုင်အရာင်း တာဝန်ခံ မနှင်းမေသူဦး က ပြောသည်။

''အော်ရီဒူးစထွက်တော့ MPT ကတ်တွေ ဈေးတော်တော်လေး ကျ သွားတယ်။ ကျပ် ၈ဝဝဝဝ လောက် ကနေ ကျပ် ၂ဝဝဝဝ လောက်အထိ ဈေးကျသွားတယ်။ သိပ်မကြာဘူး၊ အော်ရီးဒူးကတ်တွေက နယ် အတွက် အဆင်မပြေဘူး သတင်းကြားတာနဲ့ ဈေးပြန်တက်လာတယ်။ အခုဆို ကျပ် ၄၅ဝဝဝအထိ ပြန်ရောက်သွား ပြီ''ဟု မနှင်းမေသူဦးက ပြောသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်း MPT ဆင်းမ်ကတ်ဈေးများကျဆင်း မှုကြောင့် အရောင်းအဝယ်များသွက် ခဲ့သော်လည်း လက်ရှိအချိန်တွင် ဈေး နှုန်းအနည်းငယ် ပြန်တက်လာမှု ကြောင့် အနည်းငယ်အရောင်း အဝယ် အေးသွားကြောင်း ၄င်းက ပြော သည်။

''ပြီးခဲ့တဲ့ရက်ပိုင်းလောက်က ကျပ် ၁၅ဝဝတန် GSM ကတ်တွေ လဲ ၄ဝဝဝဝလောက်ကနေ ၂၅ဝဝဝ လောက်အထိကို ဈေးကျသွားတယ်။ အခုဈေးက ၄ဝဝဝဝပြန်ဖြစ်သွားပြီ'' ဟု လွိုင်ကော်မြို့ Dr.Fone ဖုန်းအ ရောင်းဆိုင်ပိုင်ရှင် ဒေါ်ခင်မမစိုးက ပြောသည်။

မည်သည့်အကြောင်းကြောင့် ဈေးပြန်တက်လာသည်ကို ၄င်းအနေ ဖြင့်မသိရှိရသော်လည်း ဈေးပြန်တက် လာသည်မှာ ခုနစ်ရက်ခန့်သာရှိသေး ပြီး အရောင်းအဝယ်အနည်းငယ်အေး သွားသည်ဟု လွိုင်ကော်မြို့ရှိ ဖုန်း အရောင်းဆိုင်များမှ သိရသည်။

ကယားပြည်နယ်အတွင်း အော် ရီဒူးဆင်းမ်ကတ်များ ရောက်ရှိနေ သော်လည်း မြန်မာ့ ဆက်သွယ်ရေး (MPT) ဆင်းမ်ကတ်များကိုသာ သုံး စွဲမှုများကြောင်း၊ လိုင်းအနေအထား အရ GSM ဆင်းမ်ကတ်များမှာ အ နည်းငယ်ဈေးမြင့်သော်လည်း CDMA MEC 800 MHz ဆင်းမ်ကတ်များ ကိုသာ အသုံးပြုမှုများကြောင်း ဒေသ ခံများထံမှ သိရသည်။


JTN (MMK)
Yangon Media Group
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...