Rubella (ရူဘဲလား)
1. Please tell me Rubella virus disease in kids under 5 years old and how to treat. Thanks!
2. ဂျိုက်သိုး အကြောင်း ပြည့်ပြည့်စုံစုံ သိချင်လို့ ကူညီပေးပါ ဆရာရှင့်။ သမီးလေးက အခု တနှစ်နဲ့ တစ်လကျော် ၃ ရက်လောက် ကိုယ်ပူကြီးပြီး၊ ဒီနေ့မနက် မျက်နှာမှာ အနီစက်ပြင်လေး တွေဖြစ်နေရာက ဗမာဆေးခန်း သွားပြတော့ နေမကောင်းတုန်းက တိုက်ခဲ့တဲ့ english ဆေးကြောင့် Alagic ဖြစ်တာ English ဆေးဆရာ နဲ့ပြပြီးဖြေဆေးပေးမှ ရမှာလို့ပြောပါတယ်။ အဲဒါနဲ့ ကလေးအထူးကု ဆရာမကြီး ဆီရောက်တော့ ဒါဟာ ဂျိုက်သိုးလို့ ဆိုတာကြောင့် ဂျိုက်သိုးနဲ့ ပတ်သက်ပြီး ဘာကြောင့် ဖြစ်တတ်တာရယ်။ ဘယ်လိုနေထိုင် ပြုစုသင့်တယ်ဆိုတာပါ စုံစုံလင်လင်လေး အကြောင်း ပြန်ပေးပါဆရာ။
• Rubella ကို (ဂျိုက်သိုး) ဆိုတာ ခပ်နီနီဆိုထဲ လက်တင်စကားကနေလာတာပါ။ ၁၈ ရာစုမှာ ဂျာမန် ဆရာဝန်ကနေ တွေ့လို့ German measles ဂျာမန် ဝက်သက် ရောဂါလို့ခေါ်တယ်။ Three-day measles သုံးရက်ဝက်သက် လို့လဲ ခေါ်သေးပါတယ်။
• Rubella virus (ရူဘဲလား) ဗိုင်းရပ်စ်ကနေဖြစ်စေတယ်။ သိပ်မဆိုးဘဲ တချို့ဆို မသိလိုက်ဘဲ ပျောက် သွားတယ်။ ၃ ရက်မကြာတတ်ပါ။
• ခံစားရတာတွေက တုပ်ကွေးနဲ့တူတယ်။ သိသာတာက အနီစက်တွေထွက်တာပါ။ Rash (Exanthema) ခေါ်တယ်။ မျက်နှာမှာများတယ်။ ကိုယ်လက်တွေဆီပြန့်မယ်။ ၃ ရက်နေရင် ညှိုးသွားတော့မယ်။ ကိုယ်နဲနဲပူမယ်။ တက်စေ့လေးတွေရောင်မယ်။ အဆစ်တွေနာမယ်။ ခေါင်းကိုက်မယ်။ မျက်စိနာမယ်။ နီတဲ့နေရာတွေ ကွာကျလာမယ်။
• အာခေါင်အပျော့နေရာမှာ ပြည်ဖုလေးတွေထွက်တာကို Forchheimer's sign လို့ခေါ်တယ်။ ၂ဝ% လောက်မှာ ဖြစ်တယ်။
• အရွယ်မရွေးဖြစ်နိုင်တယ်။ ကလေး သိပ်ငယ်ရင် (၁ နှစ်အောက်) အဖြစ်နည်းတယ်။ ၄ဝ ကျော်လဲနည်း တယ်။
• မွေးကာစကလေးတွေဖြစ်တာကို Congenital rubella syndrome (CRS) ခေါ်တယ်။ မိခင်ဆီကနေ ကူးလာတာပါ။ စောမွေးတတ်တယ်။ ကိုယ်အလေးချိန်နည်းမယ်။ သွေးမှုံနည်းမယ်။ သွေးအားနည်းမယ်။ အသဲရောင်မယ်။
• မွေးရာပါ ရုဘဲလား ဆင်ဒရုမ်းမှာ ဒါတွေတွေ့ရမယ်။ နာအာရုံကြောကြောင့်လေးခြင်း = ၅၈%၊ မျက်စိ ထိခိုင်ခြင်း (မမြင်လွှာ၊ အတွင်းတိမ်) = ၄၃%၊ မွေးရာပါနှလုံးရောဂါ (PAS, PDA) = ၅ဝ%။
• နှလုံးကို ထိခိုက်ရင် Patent ductus arteriosus နှလုံးသွေးကြောချင်းဆက်နေတာဖြစ်နိုင်တယ်။ မျက်စိကွယ်နိုင်တယ်။ နားမကြားဖြစ်နိုင်တယ်။ အရေပြားမှာဖြစ်တာကို blueberry muffin lesions လို့ခေါ်တယ်။
• လူကြီးဖြစ်ရင်ဆိုးတတ်လို့ ‘ကြီးမှ ဝက်သက်ပေါက်တယ်’ ဆိုတာ ဒီရောဂါကို ပြောတာပါ။
• Acquired rubella မိခင်ကနေမဟုတ်ဘဲ ကူးစက်လာတာဆိုရင် အသက်ရှူလမ်းအပေါ်ပိုင်းမှာ ရောဂါ ရမယ်။ ဆီးထဲ၊ ဝမ်းထဲနဲ့ အရေပြားမှာ ပိုးပါနေနိုင်တယ်။ ပိုးဝင်ပြီးနောက် ၂-၃ ပါတ်နေမှ ရောဂါ လက္ခဏာတွေပေးတယ်။
• အထူးသဖြင့် ကိုယ်ဝန်ဆောင်ချိန်ဖြစ်ရင် ကိုက်ဝန်ကိုထိခိုက်နိုင်တယ်။ ၂ဝ% ကိုယ်ဝန်ပျက်မယ်။
• ကိုယ်ဝန် ပဌမ ၅ လအတွင်းဖြစ်ရင် အထဲကကလေးကိုလဲ မွေးရာပါ ချို့ယွင်းချက်ဖြစ်စေနိုင်တယ်။ Congenital rubella syndrome (CRS) လို့ခေါ်တယ်။
• CRS ဖြစ်ထားတဲကလေးဆိုရင် သူ့ဆီကနေ ရက်အတော်ကြာအထိ သူများကို ကူးစေနိုင်တယ်။ ကိုယ်ဝန်ဆောင်တွေ ရှောင်ရမဲ့ကလေးမျိုးဖြစ်တယ်။
• MMR vaccine ကာကွယ်ဆေးနဲ့ ကာကွယ်နိုင်တယ်။ ၁၂-၁၈ လမှာထိုးတယ်။ ဒုတိယအကြိမ်ကို ၃၆ လမှာ ထပ်ထိုးတယ်။
• MMR ကာကွယ်ဆေးကို အမေရိကန်ဆရာဝန် Maurice Hilleman ကနေတီထွင်ခဲ့တယ်။ အခုနောက်ပိုင်းမှာ chickenpox ကိုပါကာကွယ်နိုင်တဲ့ MMRV ကာကွယ်ဆေးပေါ်လာတယ်။
• MMR ကာကွယ်ဆေးဆိုတာ Measles ဝက်သက်၊ Mumps ပသိရောင်နဲ့ Rubella (German measles) ဂျာမန် ဝက်သက် (ဂျိုက်သိုး) ရောဂါတွေကို ကာကွယ်ပေးမယ်။
• MMR vaccine ကာကွယ်ဆေးကနေ ၈ဝ% ကာကွယ်နိုင်တယ်။ ကလေးတိုင်း ၁၂-၁၅ လအတွင်း ၂ ခါ ထိုးပေးတယ်။ ၄-၆ နှစ်မှာ တခါထပ်ထိုးသေးတယ်။
• ယူကေမှာ ကလေးတိုင်းကို ၁၃ လမှာထိုးပေးတယ်။ ကျောင်းမသွားမီအရွယ် ၃-၅ နှစ်မှာ တခါ ထပ်ထိုး ပေးတယ်။
• အမေရိကားမှာ ၁၂-၁၅ လအရွယ်မှာထိုးပေးပြီး၊ ၄-၆ နှစ်မှာထပ်ထိုးတယ်။
• HIV/AIDS ဖြစ်နေသူတွေ၊ ကင်ဆာရှိနေသူတွေ၊ စတီရွိုက်ဆေး လောလောဆယ် (၂ ပါတ်) ရနေ သူတွေ၊ ဆေးကို မတည့်သူတွေကိုတော့ ကာကွယ်ဆေးမထိုးပါ။
• ကိုယ်ဝန်ဆောင်တွေက စမ်းသပ်သင့်တယ်။ ရောဂါခံနိုင်ရည်မရှိသေးတာသိရရင် ကာကွယ်ဆေး မထိုး သင့်ပါ။ ဆေးကို သက်ရှိဗိုင်းရပ်စ်ကိုသုံးထားလို့ဖြစ်တယ်။
• ဖြစ်နေတဲ့သူကို ဘယ်လိုကုမလဲ၊ ဗိုင်းရပ်စ်ကနေဖြစ်တာတိုင်းလိုဘဲ၊ တိတိကျကျဆေးမရှိပါ။ ခံစားနေ တာ၊ ဖြစ်လာတာကိုကြည့်ပြီး ကုသပေးရတယ်။
• အနာသက်သာဆေးကိုတော့ မလွဲမသွေပေးပါမယ်။ Acetaminophen/Paracetamol/Ibuprofen ဆေးတွေ ပေးမယ်။ ရေဝတ်တိုက်ပေးနိုင်တယ်။
• Mumps ပသိရောင်ရောဂါကိုတွဲဖတ်နိုင်ပါတယ်။
Pregnancy and Rubella ကိုယ်ဝန် နှင့် ဂျာမန်-ဝက်သက် ကိုသပ်သပ်ရေးထားပါတယ်။
ဒေါက်တာတင့်ဆွေ

--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook