တရုတ်နိုင်ငံမှာ ချိုင်းရော၊ ချိုင်းမွှေးပါ ပေါ်အောင်ရိုက်တဲ့ Selfie တွေ ခေတ်စားနေ

လူမှု ကွန်ယက်တွေမှာ Selfie ဓာတ်ပုံတွေ ရိုက်တင်တာ၊ ကိုယ့်မျက်နှာကို အဖုအပိန့်တွေ မရှိအောင် edit လုပ်ပြီး တင်တာ မျိုးတွေဟာ မဆန်း တော့ပါဘူး။ ဒါပေမယ့် ခု တရုတ်မှာ ခေတ် စားနေတဲ့ selfie ရိုက်ပုံ ရိုက်နည်း ကတော့ ဆန်း ပါတယ်။ ယောင်္ကျားတွေ ချိုင်းမွှေး မရိတ်ပဲ စွတ်ကျယ် ၀တ်ပြီး ဓာတ်ပုံ ရိုက်တယ် ဆိုရင် ဘယ်သူက ဘာပြောမှာလဲ။ ခုဟာလည်း မိန်းကလေးတွေက ချိုင်းမွှေးတွေ ထားပြီး ဒါကို ချိုင်းပေါ်အောင် မြှောက်ပြီး ချိုင်းမွှေးပေါ်အောင် selfie ရိုက်တာ ကတော့ အားလုံး ပါးစပ် အဟောင်းသား ဖြစ်စေမယ့် ရိုက်နည်းလို့ ပြောရမှာပေါ့။

တရုတ်က Weibo ဆိုတဲ့ဆိုက်နဲ့ သူတို့ပေ့ခ်ျမှာ ဒီလိုမိန်းကလေးတွေ ချိုင်းမွှေး အရှည်ပုံတွေ သူတို့ပေ့ခ်ျမှာ တင်ဖို့ကမ်းလှမ်းခဲ့ပါတယ်။ ဒီစာမျက်နှာကို ၀င်ကြည့်ခဲ့တဲ့ သူပေါင်း များစွာရှိခဲ့ပြီး စိတ်ဝင်စားတဲ့ မိန်းကလေး တွေကလည်း ပုံပို့ပေးဖို့ သတ်မှတ်ထားတဲ့ ရက်ကျော်သွားပေမယ့် သူတို့ရဲ့ချိုင်းမွှေးနဲ့ ချိုင်းပုံ တွေကို ဆက်လက်ပေးပို့နေခဲ့ကြတယ်လို့ သိရပါတယ်။ ခုလိုselfie မျိုး ရိုက်ရခြင်းရဲ့ အဓိက ရည်ရွယ်ချက် ကတော့ မိန်းကလေးတွေဟာ ဒီလိုအမွှေးတွေ ရှိရှိ မရှိရှိ ကိုယ့်ကိုယ်ကို လှပတယ် ဆိုတဲ့အကြောင်း ယုံကြည်မှု ရှိစေဖို့ပါတဲ့။


Ref:cosmopolitan.com
Trend Myanmar
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...