ပြည်တွင်း ပထမဦးဆုံးအဖြစ် UnionPay Card စတင် အသုံးပြုနိုင်

ပြည်တွင်း ပထမဦးဆုံး အဖြစ် UnionPay Card စတင် အသုံးပြုနိုင်ပြီ ဖြစ်ကြောင်း သိရသည်။ အဆိုပါ Easi Travel UnionPay Card ကို ကမ္ဘာ တစ်ဝှမ်းလုံးနှင့် ချိတ်ဆက် ထားပြီးဖြစ် ကြောင်း၊ ကတ်ကိုင်ဆောင်သူများ အနေဖြင့် နိုင်ငံတကာရှိ ATM များတွင် ငွေသားထုတ်ယူ အသုံးပြုနိုင် မည့်အပြင် POS (Point Of Sale) များတွင်လည်း ဝယ်ယူနိုင် မည်ဖြစ်ကြောင်း သိရသည်။ ကမ္ဘာ တစ်ဝှမ်းလုံးရှိ UnionPay Logo ပါရှိသော နေရာတိုင်းတွင် အသုံးပြုနိုင် မည်ဖြစ် သည်။

“UPI (UnionPay International) ဟာ နိုင်ငံပေါင်း ၁၄၀ ကျော်မှာ သုံးစွဲလို့ရပါတယ်၊ ATM ပေါင်း ၁.၅ သန်းမှာ သုံးလို့ရမှာဖြစ်ပြီး လက်ရှိ UPI သုံးစွဲသူ ၄.၃ ဘီလီယံရှိပါတယ်” ဟု သမဝါယမဘဏ်၏ အမှုဆောင် အရာရှိချုပ် ဦးကျော်လင်းက ပြောသည်။

ယင်း Easi Travel UnionPay Card မှာ ချက်လက်မှတ်များဖြင့် ငွေပေးချေခြင်း၊ ငွေသားသယ်ဆောင် ပေးချေခြင်းတို့နေရာတွင် အစားထိုး အသုံးပြုသည့် ကတ်ဖြစ်ပြီး သုံးစွဲလိုသော ငွေကြေးကို ကြိုတင် ငွေဖြည့် ထားခြင်း ဖြစ်သောကြောင့် အကြွေးဝယ်ကတ်များကဲ့သို့ ဘဏ်စာရင်းများ ဖွင့်ထားရန် မလိုကြောင်း၊ သမဝါယမဘဏ်ခွဲများတွင် သတ်မှတ်လျှောက်လွှာ ဖြည့်စွက် ကာ လျှောက်ထားနိုင် မည်ဖြစ်ကြောင်း သိရသည်။


Internet Journal
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...