စမတ်ဖုန်းကို Wireless Key အဖြစ် အသုံးပြုနိုင်မည့် သော့ခလောက်
“no key” ဟု အသံထွက်သည့် Noke အမည်ရ Bluetooth သော့ခလောက်သည် သင်၏ iOS နှင့် Android Device များနှင့် ဆက်သွယ်နိုင်ပြီး သင် သော့ခလောက်နားသို့ ရောက်ရှိလာသည်ကို သိရှိနိုင်ပြီး အလိုအလျှောက် သော့ကို ဖွင့်ပေးနိုင်ပါသည်။ တီထွင်သူ Fuz Designs က Noke သည် ပထမဆုံး Bluetooth သော့ခလောက် ဖြစ်သည်ဟု ပြောပါသည်။
မာကျောပြီး ရေစိုခံနိုင်သည့် ကိုယ်ထည်အတွင်းတွင် တပ်ဆင်ထားသော ရှစ်အောင်စ အလေးချိန်ရှိသည့် သော့ခလောက်တွင် တစ်နှစ်ကြာ အသုံးခံသည့် ဖြုတ်တပ်နိုင်သော ဘက်ထရီ တပ်ဆင်ထားပါသည်။ သော့ခလောက်၏ မျက်နှာပြင်တွင် သော့၏ အလုပ်လုပ်မှုကို ပြသရန် LED တပ်ဆင်ထားပါသည်။
အခြား Bluetooth Device များနှင့် မတူညီသည့် အချက်မှာ သော့ဖွင့်ရန်အတွက် သင့် စမတ်ဖုန်းကို အိတ်ကပ်ထဲမှ ထုတ်ရန် မလိုအပ်ပါ။ သင့်ဖုန်းသည် သော့ခလောက်နှင့် ဆယ်ပေပတ်လည် အကွာ အဝေးအတွင်း ရောက်ရှိသည်နှင့် သော့ကို အလိုအလျှောက် ဖွင့်ပေးမည် ဖြစ်သည်။ လုံခြုံမှု ပိုမို ရရှိစေရန် အလိုအလျှောက် သော့ဖွင့်သည့် စွမ်းဆောင်ချက်ကို ပိတ်ထားနိုင်ပါသည်။
ထို့အပြင် စမတ်ဖုန်းကို အသုံးမပြုချင်လျှင်လည်း ထိတွေ့မှုပုံစံများကို သတ်မှတ်ရေးဆွဲထားနိုင်ပြီး သော့ ခလောက်၏ မျက်နှာပြင်ကို သတ်မှတ်ထားသော ထိတွေ့မှုပုံစံဖြင့် ထိတွေ့ခြင်းဖြင့် သော့ဖွင့်နိုင်ပါသည်။
Noke ၏ စမတ်ကျသည့် စွမ်းဆောင်ချက်မှာ အသုံးပြုသူအများအပြားသို့ Smartphone App ကို သော့ အဖြစ် ပေးထားနိုင်ခြင်း ဖြစ်ပါသည်။ အချိန်အကန့်အသတ်ဖြင့်လည်း သော့ဖွင့်ခွင့် ပြုလုပ်နိုင်ပါသည်။
Noke ကို ထုတ်လုပ်ရောင်းချရန် Kickstarter ၀က်ဆိုက်တွင် ရန်ပုံငွေ ကောက်ခံလျှက်ရှိပါသည်။ Noke ကို ၀ယ်ယူရန် ရန်ပုံငွေ ၅၉ ဒေါ်လာ ထည့်ဝင်ရမည် ဖြစ်သည်။ နောက်ပိုင်းတွင်မူ ၈၉ ဒေါ်လာဖြင့် ရောင်းချမည် ဖြစ်သည်။ Noke ကို ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလတွင် ရောင်းချပေးမည် ဖြစ်သည်။
ref;Myanmar Digital Life Journal

--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

- (အရှေ့သို့) Android OS Updates မရဘူလား? ခူယားကောင်နဲ့ ထိမိတဲ့အခါ ဘာတွေလုပ်သင့်လဲ ပူဒီနာ စားသင့်တဲ့အချက် ခန္ဓာကိုယ်နာကျင်မှု ကင်းဝေးစေရန် ပြုမူနေထိုင်နည်းများ စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Abortion Pills ဖျက်ဆေးတွေအကြောင်းPregnancy expectation ကိုယ်ဝန်ရချင်လို့
- (အနောကျသို့) အိုင်တီကို ကြောက်လှပါသည် ခူယားကောင်နဲ့ ထိမိတဲ့အခါ ဘာတွေလုပ်သင့်လဲ ပူဒီနာ စားသင့်တဲ့အချက် ခန္ဓာကိုယ်နာကျင်မှု ကင်းဝေးစေရန် ပြုမူနေထိုင်နည်းများ စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Abortion Pills ဖျက်ဆေးတွေအကြောင်းPregnancy expectation ကိုယ်ဝန်ရချင်လို့