Xiaomi Mi3 စမတ်ဖုန်းကို Root လုပ်နည်း
Xiaomi စမတ်ဖုန်း များဟာ အခုနောက်ပိုင်း အောင်မြင်မှု အကြီးအကျယ် ရရှိလာကြတဲ့ စမတ်ဖုန်းတွေ ဖြစ်ပါတယ်။ အခု Xiaomi ကုမ္ပဏီရဲ့ နာမည်ကျော် စမတ်ဖုန်း တစ်ခုဖြစ်တဲ့ Xiaomi MI3 ကို Root လုပ်နည်းကို တင်ပေးလိုက် ပါတယ်။
Root လုပ်နည်း ဆိုပေမယ့် ယခု တင်ပြပေးမှာ ကတော့ ဖုန်းရဲ့ Warranty မပျက်အောင် Root လုပ်တဲ့ နည်းဖြစ်ပါတယ်။ တစ်နည်းအားဖြင့် ပြောရရင် ကုမ္ပဏီက ဖုန်း Developer တွေအနေနဲ့ ဖုန်းကို စိတ်ကြိုက် ကလိလို့ရအောင် Developer Edition ROM ထုတ်ပေး ထားတာ ရှိပါတယ်။ ယင်း ROM မှာ Root Access ပါပြီးသား ဖြစ်ပါတယ်။ ယင်း ROM ကို တင်နည်းကို ပြောပြပေးမှာပါ။
-အရင်ဆုံး Xiaomi MI3 အတွက် ထုတ်ဝေထားတဲ့ Official Developer ROM ကို Download ရယူရပါမယ်။ အောက်က Link မှာရယူပါ။
ပုံမှာပြထားတဲ့ အတိုင်း Download Full ROM ဆိုတဲ့ ခလုတ်ကိုနှိပ်ပြီး Download ရယူပါ။ Download လုပ်လို့ရလာတဲ့ ဇစ်ဖိုင်ကို update.zip ဟူ၍ အမည် ပြောင်းလိုက်ပါ။
-ပြီးရင် ယင်း update.zip ဖိုင်ကို ဖုန်းရဲ့ SD Card ထဲကို သွားထည့် ထားပါ။
-ဖုန်းထဲက Updater ဆိုတဲ့ နာမည်နဲ့ app ကို ဖွင့်ပါ။ ဖုန်းရဲ့ Menu Key ကိုနှိပ်ပြီး Select installation file/Select Update package ကိုနှိပ်ပါ။
-အောက်ပုံထဲက အတိုင်းပေါ်လာရင် ခုနတုန်းက ဖုန်း storage ထဲကို ထည့်ခဲ့တဲ့ update.zip ဖိုင်ကို ရွေးပေးလိုက်ပါ။
- Update ဆိုတဲ့ ခလုတ်ကိုနှိပ်ပါ။ အောက်ပုံ အတိုင်းပါ။
ဖုန်းကို Firmware update စတင် လုပ်ပါလိမ့်မယ်။ Updating Process ပြီးသွားပြီဆိုရင် Reboot Now ဆိုတဲ့ ခလုတ်ကိုနှိပ်ပါ။
- Developer Edition ROM ကိုအောင်မြင်စွာ တင်ပြီးဖြစ်ပါတယ်။ ဖုန်းက ပုံမှန်အတိုင်း ပြန်တက်လာပြီဆိုရင် ဖုန်းထဲက Security ဆိုတဲ့ နာမည်နဲ့ app ထဲကိုဝင်ပါ။ ပြီးလျှင် Permission icon ကိုနှိပ်ပါ။
- “Root Permission” Option ကို enable လုပ်ပါ။
သင့်ရဲ့ MI3 ဖုန်းဟာ Root Access အပြည့်အ၀ရရှိနေပါပြီ။ စိတ်ကြိုက် ကလိလို့ ရပါပြီ။
အားလုံးပဲ အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်။
သက်နိင်စိုး (Myamar Mobile App Store)
--------------------------------------