သားအရင်းရဲ့ မျက်လုံးကို ဖောက်ထုတ်ခဲ့တဲ့ မိခင်နဲ့ ဆွေမျိုး (၅)ဦးကို ထောင်ဒဏ် နှစ် (၃၀)စီ ချမှတ်

By အေသင်အောင်

မက္ကဆီကို နိုင်ငံက မိသားစု တစ်စုဟာ အသက်ငါးနှစ် အရွယ်သာ ရှိသေးတဲ့ ကောင်ကလေး တစ်ဦးရဲ့ မျက်လုံးကို ဖောက်ထုတ်ခဲ့တာမို့ ထောင်ဒဏ်နှစ် (၃၀) စီ ချမှတ်ခံခဲ့ရ ပါတယ်။ ကမ္ဘာကြီး ပျက်စီးတော့မယ် ဆိုတဲ့ အတွေးကြောင့် နတ်ဘုရားတွေကို ပူဇော်တဲ့ အနေနဲ့ အခုလိုပြုလုပ်ခဲ့ တာဖြစ်ပါတယ်။ ကလေးငယ် ရဲ့ မျက်လုံးကို သစ်သားဇွန်းနဲ့ ဖောက်ထုတ်ခဲ့ သူတွေ ဟာ မိခင်အရင်းနဲ့ ဆွေမျိုးတွေ ဖြစ်နေခြင်းက အံ့အား သင့်စရာ ဖြစ်ခဲ့ ရပါတယ်။

ဖာနန်ဒိုရဲ့ မျက်လုံးတွေကို စေတန်နတ် ဘုရားထံ ပူဇော်တဲ့ အနေနဲ့ မိခင်ဖြစ်သူ၊ အဘိုး အဘွား၊ အဒေါ်နဲ့ ဦးလေးတို့က အခုလို ပြုလုပ်ခဲ့ကြခြင်း ဖြစ်ပါတယ်။ ဒီဖြစ်ရပ်ဟာ ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ်၊ မေလမှာ ဖြစ်ပွားခဲ့တာ ဖြစ်ပြီး စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ပြီးတဲ့ နောက်မှာ ထောင်ဒဏ် နှစ် (၃၀)စီ ချမှတ်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဖာနန်ဒိုဟာ မိခင် အရင်းဖြစ်သူ ဂါစီယာရဲ့ လုပ်ရပ်ကို ယခုအချိန်အထိ တုန်လှုပ်နေဆဲ ဖြစ်ပါတယ်။ ဖာနန်ဒိုဟာ မျက်မှန်ကို အမြဲ တပ်ဆင်ထားရပြီး ဆေးကုသမှုတွေ ခံယူနေရဆဲ ဖြစ်ပါတယ်။ ဘာသာတရားကို ယုံကြည်မှု လွန်ကဲသွားတာမို့ ဒီလို ဖြစ်ရပ်ပေါ် ပေါက်ခဲ့ခြင်း ဖြစ်ကြောင်း ရဲတပ်ဖွဲ့က သုံးသပ်သွားခဲ့ပါတယ်။

ဖာနန်ဒိုတို့ မိသားစုဟာ Nezahualcoyotlမြို့မှာ နေထိုင်တာဖြစ်ပြီး အိမ်နီးနားချင်းတွေ ရဲ့ ထွက်ဆိုချက်အရ ဘာသာတရားကို အလွန်ကိုင်းရှိုင်း ကြောင်း သိရပါတယ်။ တစ်ရက်မှာ ဆိုးဝါးလှတဲ့ အသံကျယ်ကြီး ကြားခဲ့ရပြီး အားလုံး အထိတ်တလန့် ဖြစ်ခဲ့ကြောင်း၊ ရဲတပ်ဖွဲ့ဝင်တွေ အကြောင်းကြားပြီး တဲ့နောက် ဖြစ်ရပ်ဆိုးကို သိခဲ့ရခြင်း ဖြစ်ကြောင်း အိမ်နီးနားချင်းတွေက ပြောကြားခဲ့ပါတယ်။ ရဲတပ်ဖွဲ့ဝင် တစ်ဦး ကလည်း မိမိတို့ ရောက်သွားချိန်တွင် ရန်ပြုမှုများ ကြုံတွေ့ခဲ့ရပြီး ဆေးရုံကား အမြန်ခေါ်ယူခဲ့ ရကြောင်း၊ အမျိုးသမီး တစ်ဦးက သူ့သားကို ကိုယ်တိုင် လုပ်ခဲ့ခြင်း ဖြစ်တယ်လို့ ပြောကြား ခဲ့ကြောင်း ဆိုခဲ့ပါတယ်။ ဖာနန်ဒိုရဲ့ မိခင် ဂါစီယာက သားဖြစ်သူကို မျက်လုံး ကွယ်အောင် လုပ်ဖို့ ဆန္ဒမရှိကြောင်း၊ အခြား သူတွေကို ကယ်တင်ဖို့ တစ်စုံ တစ်ဦးက စေခိုင်းသဖြင့် ယခုလို လုပ်ရခြင်း ဖြစ်ကြောင်း ထွက်ဆိုခဲ့ပါတယ်။


The Messenger
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...