အရေးကြီး အချက်အလက်တွေ စမတ်ဖုန်းနဲ့အတူ ပျောက်ဆုံးခဲ့ရင်….

(MTN)

အရေးကြီး အချက်အလက်တွေ ပါဝင်တဲ့ စမတ်ဖုန်း တစ်လုံး ရုတ်တရက် ပျောက်သွားပြီ ဆိုပါစို့။ ဘယ် ကစပြီး ဘယ်လို အချက်အလက်တွေ ပြန်ရအောင် ယူနိုင်မလဲ….? စမတ်ဖုန်းမှာ လုံခြုံရေးဆိုင်ရာ အစီ အမံတွေ ထည့်သွင်း ထားသည့်တိုင် မိမိစမတ်ဖုန်းကို ပြန်ရဖို့ဆိုသည်မှာ လုံးဝ မကျိန်းသေပါ။ ဒီလို ပျောက်သွား ခဲ့ရင် အဓိက ပြဿနာက တန်ဖိုးရှိတဲ့ကိုယ့်ရဲ့ စမတ်ဖုန်းအပြင် ထည့်သွင်းထားတဲ့ အချက်အလက် တွေ၊ ဓာတ်ပုံတွေ၊ contact တွေဟာ၊ Message တွေဟာ ပြန်ရဖို့ ပိုမိုခဲယဉ်းသွားမှာဖြစ်ပါတယ်။ ဒီလို ပြဿနာမျိုးကို ကြိုတင်ကာကွယ်ထားနိုင်ဖို့အတွက် Android မှာ Backup apps တွေ များစွာရှိပါတယ်။ Backup ပြုလုပ်တဲ့အခါမှာ ဖုန်းမှာ သီးသန့် ထည့်သွင်းထားတဲ့ SD card Storage ပေါ်ကို Backup ပြုလုပ်တာထက် internet connection အသုံးပြုပြီး Cloud Server (Service) တစ်ခုခုပေါ်မှာ သိမ်းဆည်းထားတာက ပိုပြီး အဆင်ပြေစေပါတယ်။

အဆင့်မြင့်လုပ်ဆောင်ချက်တွေပါဝင်တဲ့ နောက်ဆုံးပေါ် စမတ်ဖုန်းတွေမှာ Google Services ကိုအသုံးပြုပြီး ကိုယ့်ရဲ့ Settings တွေ၊ အချက်အလက်တွေကို backup ပြုလုပ် သိမ်းဆည်း ပေးထားနိုင်မယ့် နည်းလမ်းတွေ၊ Apps တွေ တစ်ပါတည်း ပါဝင်လာခဲ့ကြပါတယ်။ ဒါပေမဲ့ အလယ်အလတ် အဆင့်နဲ့ တန်ဖိုးနည်း Android စမတ်ဖုန်း တွေမှာတော့ ဒီလုပ်ဆောင်ချက်က မပါသလောက်နီးပါး အားနည်းသွားခဲ့ပါတယ်။ ဒါကြောင့် Android OS အသုံးပြုတဲ့ ဘယ်ဖုန်းအမျိုးအစားပဲဖြစ်ဖြစ် အလွယ်တကူ အသုံးပြုနိုင်ပြီး စိတ်ချလုံခြုံမှုရှိတဲ့ Gcloud လို့ခေါ်တဲ့ backup apps လေးကို ဖော်ပြပေးချင်ပါတယ်။ ဒီ Apps လေးကို အသုံးပြုပြီး ကြိုတင် Backup ပြုလုပ်ထားခြင်း အားဖြင့် ကိုယ့်ရဲ့ စမတ်ဖုန်းပျောက်သွားတဲ့ အခါမှာလည်း အရေးကြီးတဲ့ အချက်အလက်တွေကို နောက်ဖုန်း တစ်လုံးပေါ်ကို ချက်ခြင်းလွှဲပြောင်းရယူ အသုံးပြု နိုင်ပါလိမ့်မယ်။

https://www.mediafire.com/?b5bk96anu3f997h
http://bit.ly/1CAH0LU

၁။ ပထမဆုံး ပေးထားတဲ့ link ကနေ Apps ကို ရယူပါ။ ဒီ Apps ဟာ cloud ပေါ်မှာ အချက်အလက် သိုလှောင်မှု ပမာဏ 1GB အထိ အခမဲ့ အသုံးပြုနိုင်မယ့် Apps တစ်ခုဖြစ်ပါတယ်။ ဒီထက်ပိုပြီး လိုအပ်တယ်ဆိုရင်တော့ အခပေး ၀ယ်ယူရမှာပါ။ လိုအပ်တဲ့ ပမာဏအတိုင်း ၀ယ်ယူနိုင်သလို Unlimited အနေနဲ့လည်း ၀ယ်ယူအသုံးပြုနိုင် ပါလိမ့်မယ်။ Gcloud App ကိုအသုံးပြုပြီး ဘာတွေ Backup ပြုလုပ်နိုင်သလဲဆိုရင် Contacts, Call Log, Message, Photos, Video, Music, Documents, Calendars, System Settings, Browser Data အစရှိတဲ့ အရာတွေကို Backup ပြုလုပ်နိုင်ပါလိမ့်မယ်။

၂။ Gcloud ကိုအသုံးပြုဖို့အတွက် ကိုယ့်ရဲ့ဖုန်းမှာ WiFi သို့မဟုတ် Mobile Data ဖွင့်ထားပါ။ ပြီးရင် ကိုယ့်ရဲ့ gmail အကောင့်နဲ့ Sign-up ပြုလုပ်ပါ။ Sign-up ပြုလုပ်တဲ့အခါမှာ Find My Android ဆိုတဲ့နေရာမှာ (Use Find My Android) လို့ ကို ရွေးပြီး Done ကို နှိပ်ပေးပါ။ ဒီလိုရွေးချယ်ခဲ့ခြင်းအားဖြင့် စမတ်ဖုန်းပျောက် သွားတဲ့အခါ ကိုယ့်ရဲ့ စမတ်ဖုန်းရဲ့တည်နေရာကို ခြေရာခံနိုင်ဖို့ဖြစ်ပါတယ်။ ပျောက်သွားတဲ့ ကိုယ့်ရဲ့ဖုန်းထဲမှာ ကိုယ့်ရဲ့ Account နဲ့ ၀င်ထားတဲ့ Gcloud App ရှိနေသရွေ့တည်နေရာကို ပြန်လည်ရှာဖွေနိုင်မှာဖြစ်ပြီး WiFi သို့မဟုတ် Mobile Data အသုံးပြုနေခဲ့ရင် ဖုန်းကို Ring မြည်အောင် ပြုလုပ်နိုင်ပါလိမ့်မယ်။

၃။ ပြီးရင် GCloud ရဲ့ Home (ဆိုတဲ့ Tab) ကိုရောက်သွားမှာဖြစ်ပြီး လက်ရှိ ဖုန်းပေါ်က ဘယ်အရာ တွေကို backup ပြုလုပ်နေတယ်။ cloud ပေါ်မှာ သိမ်းဆည်းမှု ပမာဏ ဘယ်လောက်ကျန်သေးတယ်ဆိုတာ ပြသပေးနေ မှာဖြစ်ပါတယ်။ Home ရဲ့ ဘေးမှာရှိတဲ့ Data ဆိုတဲ့ Tab နေရာမှာ ကိုယ် Backup ပြုလုပ်ချင်တဲ့ အရာတွေကို ရွေးချယ်ပေးရမှာပါ။ ဒီနေရာမှာ backup ပြုလုပ်ချင်တဲ့အရာတွေဟာ ပမာဏ ဘယ်လောက်ရှိတယ်၊ အရေအတွက် ဘယ်လောက်ရှိတယ်ဆိုတာလည်း ဖော်ပြပေးထားပါလိမ့်မယ်။ အခမဲ့ ရရှိတဲ့ 1GB ပမာဏဟာ ကျွန်တော်တို့ အတွက် အရေးတကြီးလိုအပ်တဲ့ contact, call log, message, photo တွေအတွက် လုံလောက်နိုင်တဲ့ ပမာဏ ဖြစ်ပါတယ်။

၎။ backup ပြုလုပ်ဖို့ ရွေးချယ်ပြီးသွားခဲ့ရင် Home ကို ပြန်သွားပြီး backup-now ကိုနှိပ်ကာ ချက်ခြင်း back-up ပြုလုပ်နိုင်ပါလိမ့်မယ်။ ဒါမှမဟုတ် ထိပ်ဆုံးက Tab တွေအားလုံးရဲ့ ဘယ်ဘက်ထောင့်နားက menu ကိုနှိပ်ပြီး Setting ထဲကို ၀င်ပါ။ Menu ထဲမှာတော့ နေ့စဉ် အလိုလျောက် Backup ပြုလုပ်မယ့် အချိန်၊နာရီကို အတိအကျ ၀င်ပြီး သတ်မှတ်ပေးထားခြင်းအားဖြင့် သတ်မှတ်ချိန်ရောက်တာနဲ့ အလိုလျောက် backup ပြုလုပ် အောင် ခိုင်းစေ ထားနိုင်ပါတယ်။ Backup ပြုလုပ်ထားတဲ့ အချက်အလက်တွေကို ဖုန်းအသစ်ပေါ်ကို Restore ပြန်လည်ပြုလုပ်ဖို့ အတွက် Restore Tab ထဲကို ၀င်ပြီး backup ပြုလုပ်ခဲ့တဲ့ ဘယ် device ပေါ်ကအလက် အလက်လဲဆိုတာ ရွေးချယ်ကာ အလွယ်တကူ restore ပြုလုပ်နိုင်ပါတယ်။ ဒါမှမဟုတ် https://www.gcloudbackup.com/ ကနေ Gcloud မှာ ဖွင့်ထားတဲ့ Account နဲ့ ၀င်ရောက်ကာ ကိုယ် Backup ပြုလုပ်ထားတဲ့ အချက်အလက်တွေကို ကြည့်ရှု စီမံနိုင်ပါလိမ့်မယ်။


TechSpace Journal
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...