A-Ra collagen ထိုင်းကလာတဲ့ ကြော်ညာဆေး



ဆရာရှင့် အခုအွန်လိုင်းမှာကြော်ငြာနေတဲ့ အသားဖြူဆေးတွေသောက်သင့်ပါသလား။ ထိုင်းကတင်သွင်း တယ်လို့ သိရပါတယ်။ ဘေးထွက်ဆိုးကျိုးရှိပါသလား ကျေးဇူးတင်ပါတယ်ဆရာ။ A Ra collagen ကထုတ် တာတဲ့ A Ra collagen က အမူန့်တဲ့။ ငါးရိုးက ထုတ်တယ်ရေးထားတယ်။ My gluta ကဆေးတောင့် တဲ့ နှစ်မျိုးစလုံးက အသားဖြုဆေးပဲဆရာ။ ၂ မျိုးတွဲသောက်ရင်ပိုကောင်းတယ်တဲ့။ Dolly me က ရင်သားတွေ တင်းရင်းပြီး၊ မိန်းမတွေအတွက် ကောင်းတယ်ပြောတယ်။

A-Ra collagen ဆိုတာ ကြော်ညာဆေးဖြစ်တယ်။ ဆရာဝန်တွေက မညွှန်ပါ။ ကြော်ညာဆေးတိုင်း မှာ ဘေးထွက်-ဆိုးကျိုးထည့်မရေးပါ။ သုတေသနလုပ်ထားတာမရှိပါ။ အသားဖြူတယ် မဖြူဘူးဆိုတာ မျိုးဗီဇက အဓိကကျပါတယ်။ ရောဂါရတာ၊ နေလောင်တာ၊ ပတ်ဝန်းကျင်က ထိခိုက်တာ၊ သုံးတဲ့ဆေး ဝါးတွေကနေလဲ သက်ရောက်ပါတယ်။ အသားဖြူဆေး ဆေးကြော်ညာမှာ အသားဖြူသူတွေရဲ့ပုံကိုသာ သုံးပါတယ်။ မောဒယ်ကလေးမတွေက အဲလိုဆေး မပေါ်ခင်ကတည်းက ဖြူနေကြတာပါ။

ဒေါက်တာတင့်ဆွေ
၆-၅-၂ဝ၁၄

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...