၂၀၁၄ ခုနှစ်အတွင်း အယ်လ်နီညို ဖြစ်ပွားနိုင်ချေ လျော့ကျသွား။

၂၀၁၄ ခုနှစ်အတွင်း အယ်လ်နီညို ဖြစ်စဉ် ဖြစ်ပွားနိုင်ချေမှာ လျော့ကျ သွားပြီ ဖြစ်သော်လည်း အန္တရယ် လုံးဝကင်းရှင်း သွားသည့် အခြေအနေ မရှိသေးဘဲ ကာလရှည်ကြာစွာ မိုးခေါင်ရေရှား ဖြစ်ပွား နေသော အမေရိကန် ပြည်ထောင်စု အနောက်ပိုင်းတွင်မူ အယ်လ်နီ ညိုဖြစ်စဉ် ဖြစ်ပွားမည့် အခြေအနေမှာ စိုးရိမ်ရမည့် အခြေအနေတွင် ရှိသေးကြောင်း သိရသည်။

နာဆာနှင့်ဥရောပတွဲဖက် သမုဒ္ဒရာ ရေမျက်နှာပြင် စောင့်ကြည့် တိုင်းတာရေးဂြိုလ်တု Jason-2 က ပေးပို့ သော သတင်းအချက် အလက်များအရ ယခုနှစ်အတွင်း တတိယအကြိမ်အဖြစ် ပစ္စိဖိတ်သမုဒ္ဒရာ ရေမျက်နှာပြင် အမြင့် ပိုင်းတွင် အရှေ့ ဘက်သို့ ရွေ့ လျားနေသော Kelvin Wave များရှိနေပြီး ယခုအခါ ပစ္စိဖိတ်သမုဒ္ဒရာအီကွေတာမျဉ်း၏ ဗဟိုမှတ်ကို ကျော်ကာ အရှေ့ ဖက်သို့ ရွေ့ လျားနေခြင်းဖြစ်သည်။ ဤပူနွေးသောလှိုင်းများသည် ပုံမှန်ရေမျက်နှာ ပြင်ထက် မြင့်တက်နေသည့်ဧရိယာမှာ ကြီးမားလှပြီး ဤနှူန်းအတိုင်း ဆက်လက်ရွေ့ လျားနေလျင် အီကွေဒေါနိုင်ငံသို့  စက်တင်ဘာလအကုန်၊ အောက်တိုဘာလ ဆန်းပိုင်းတွင် ရောက်ရှိ သွားမည်ဖြစ်သည်။

ယခုနှစ်အတွင်း ဖေဖော်ဝါရီလမှ မေလအထိ အနောက်လေပြင်း တိုက်ခတ်မှု ဆက်တိုက် ဆိုသလိုဖြစ်ပွားခဲ့ရာ အယ်လ် နီညိုဖြစ်စဉ်ဖြစ်ပွားနိုင်သည့် Kelvin လှိုင်းများ ကြီးမားစွာ ဖြစ်ပေါ်ခဲ့သေးသည်။ ပစ္စိဖိတ်သမုဒ္ဒရာ အီကွေတာ မျဉ်း အရှေ့ ပိုင်းတွင် လှိုင်းပူနွေးမှု လျော့ကျသွားရာဝယ် အယ်လ်နီညိုဖြစ်စဉ်အတွက် အရေးပါသော စိုစွတ်မှုကို ဆောင်ကြဉ်းပေးမည့် Kelvin လှိုင်းများ ပေါ်လာခဲ့ပြီးသည့်နောက် အယ်လ်နီညိုဖြစ်စဉ်သည် ချက်ခြင်း မဖြစ်သေး သော်လည်း နောက်ကျပြီး ဖြစ်ပေါ်အုံးမည်ဟု မျှော်လင့်ရကြောင်း သိရသည်။

အခုနောက်ဆုံးဖြစ်သွားခဲ့တဲ့ Kelvin လှိုင်းတွေဟာ တစ်ကယ်ပဲနောက်ဆုံး ဖြစ်ခဲ့မယ်ဆိုရင် အယ်လ်နီညိုဖြစ်စဉ် မဖြစ် လာနိုင်တော့ပါဘူး။ ဒီနှစ်ဖေဖော်ဝါရီလ ကတည်းက အယ်လ်နီညိုဖြစ်ပွားနိုင်ချေ တဖြည်းဖြည်း လျော့ကျ သွားတာပါ။ ဒီနှစ်ထဲမှာ အယ်လ်နီညိုဖြစ်တယ်ပဲထားအုံး၊ အားပျော့မယ်၊ ဒါမမဟုတ် အသင့်အတင့်လောက်ပဲ ဖြစ်မှာပါ။ နောက် နှစ်မှာ ဘာဆက်ဖြစ်မလဲဆိုတာတော့ ခန့် မှန်းရခက်ပါတယ်။ ဒါပေမယ့် မိုးခေါင်ရေရှားနေတဲ့ အမေရိကန်အနောက် ပိုင်းမှာတော့ အားလုံးကမျှော်လင့်စောင့်စားနေတဲ့ မိုးရွာသွန်းမှုဟာ ဝေးနေအုံးမှာပဲဟု နာဆာသိပ္ပံပညာရှင်တစ်ဦးက ပြောပြသည်။

နာဆာသိပ္ပံပညာရျင်များသည် ပစ္စိဖိတ်သမုဒ္ဒရာကို ဆက်လက်စောင့်ကြည့်သွားမည်ဖြစ်ပြီး နောက်နှစ်ကမ္ဘာ့ရာသီ ဥတု အခြေအနေများကို ခန့် မှန်းသွားအုံးမည်ဖြစ်သည်။ သမုဒ္ဒရာရေမျက်နှာပြင်မြင့်လာခြင်းသည် ရေထုပူနွေးလာ ခြင်းဖြစ်ပြီး သာမန်ထက်ပိုမြင့်လာသော ရေထုက ပစ္စိတ်သမုဒ္ဒရာအီကွေတာလမ်းကြောင်းနှင့် နီးကပ်စွာ ရှိနေခြင်း က အယ်လ်နီညိုဖြစ်စဉ် ဖြစ်ပေါ်မည့် နိမိတ်လက္ခဏာများဖြစ်ရာဝယ် သမုဒ္ဒရာရေပြင်က ရှိသင့်သောအမြင့်ထက် နိမ့်ကျ သွားလျင် လာနီညိုဖြစ်စဉ်ဖြစ်ပေါ်မည့် နိမိတ်လက္ခဏာများဖြစ်သည်။

သမုဒ္ဒရာအထက်ပိုင်းတွင် ရေထုအပူချိန် မငြိမ်သက်ဘဲ ပြောင်းလဲနေခြင်းက မိုးလေ၀ါသအပေါ် များစွာအကျိုးသက် ရောက်မည်ဖြစ်ပြီး ကမ္ဘာ့ရာသီဥတုကိုလည်း ပြောင်းလဲဖောက်ပြန်စေနိုင်ကြောင်း သိရသည်။


Lashio News Diary
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...