အားကစား သမားများအတွက် ထောပတ်သီး
ထောပတ်သီးတွင် ဗိုက်တာမင်ဘီ၊ ဗိုက်တာမင်အီးနှင့် ဦးနှောက်ကို အထောက်အပံ့ ဖြစ်စေသည့် ကိုလင်း (cho-line) ဓါတ်တို့ ပါဝင်သည်။
ကြေးနီ (copper) ၊ သွပ် (zinc) စသည့် သတ္တုဓါတ်များ အပြင်ရောင်ရမ်းမှု ဖြစ်စဉ်များကို ကာကွယ်သည့် ဓါတ်တိုးဆန့်ကျင် (antioxidant) ပစ္စည်းများစွာ ပါဝင် သည်။
- ဆိုးကျိုးဖြစ်စေသည့် ကိုလက်စထရော (LDL ) နည်းပါးပြီး အကျိုးပြု ကိုလက်စထရော (HDL) ပေါများ သည့် ထောပတ်သီးသည် နှလုံးကျန်းမာရေးကို အထောက်အကူဖြစ်စေပြီး အားကစားသမား များအတွက် သက် လုံကောင်းစေသည့် အကျိုးကျေးဇူး ရရှိစေသည်။
- လေ့လာမှုများအရ ထောပတ်သီး မကြာခဏ စားသုံးသူ များတွင် ခါးအတိုင်း (waist size) လျော့နည်းလေ့ရှိပြီး ခန္ဓာကိုယ် အလေးချိန်နှင့် အရပ်အချိုး (body mass index ) လည်း အချိုးကျ မျှတလေ့ရှိသည်ကို တွေ့ရသည်။
- ထောပတ်သီးတွင် ပါဝင်သော phenolic ဒြပ်ပေါင်းများက သွေးကြော ရောင်ရမ်းမှု ဒဏ်ရာများနှင့် သွေးကြော ကျဉ်းရောဂါများ မဖြစ်အောင် ကာကွယ်ပေးနိုင် သည့်အတွက် နှလုံးသွေးကြော၊ ဦးနှောက် သွေးကြောများ ရောင်ရမ်းခြင်း၊ သွေးကြော ကျဉ်းခြင်းတို့မှ ကင်းဝေးစေသည်။
- ဟင်းသီးဟင်းရွက်များမှ ရရှိသော polyphenol ဒြပ်ပေါင်းများနှင့် carotene ဓါတ်များသည် အဆီ တွင်သာ ပျော်ဝင်နိုင်သည့် အရာများ ဖြစ်ကြသည်။ ထို့ ကြောင့်ခန္ဓာကိုယ်မှ ယင်းဓါတ်များကို စုပ်ယူနိုင်ရန် အဆီ လိုအပ် သည်။ ဟင်းသီးဟင်းရွက်များကို ထောပတ်သီး ရောစပ်၍ စားသောက်ခြင်းဖြင့် ဟင်းသီးဟင်းရွက်များက ပေးစွမ်း သည့် အာဟာရများ အပြည့်အဝ ရရှိစေသည်။
ဇော်ကို
Source:Runners'World
Health Updates Journal Vol.2, No.35

--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook