အင်တာဗျူး ဖြေခါနီးတိုင်း ရင်ခုန်နေသူများ ဖတ်ရန်
အင်တာဗျူး ဖြေခါနီးတိုင်း ရင်ခုန်နေသူများ ဒီ Post လေး ဖတ်ပေးကြနော်။ ဒီအချက်တွေ အတိုင်း လိုက်နာ နိုင်မယ် ဆိုရင်တော့ အင်တာဗျူးအောင်ဖို့
၉၀ %လောက် သေချာသွားပါပြီ။တကယ်တော့ အင်တာဗျူး ဖြေခါနီးတိုင်း လူတော်တော် များများ စိတ်လှုပ်ရှားကြပါတယ်။ အဓိက အကြောင်းအရင်း ကတော့ လူတော်တော် များများက အင်တာဗျူးဖြေနည်းကို မသိကြတာပါ။ ဒီလိုပြောလိုက်လို့ အင်တာဗျူးဖြေနည်း ဆိုပီး ပုံသေ နည်း ရှိလို့လားလို့ မေးလာစရာ ရှိပါတယ်။ ပွင့်ပွင့် လင်းလင်းပြောရရင်တော့ ဘယ်အင်တာဗျူးမဆို ပုံသေအချက် အလက်လေးတွေ ရှိပါတယ်။အင်တာဗျူး တစ်ခုကို ဘယ်လိုဖြေရမလဲ ဆိုတာ သိသွားရင်တော့ အင်တာဗျူးဆိုတာ ကြောက်စရာကို မရှိတော့ပါဘူး။ ကဲဒီတော့ အင်တာဗျူး မတိုင်ခင် ကြိုတင်ပြင်ဆင်ခြင်း၊ အင်တာဗျူး အခန်းထဲသို့ ၀င်ရောက်ခြင်း၊ အင်တာဗျူးအခန်းထဲတွင် ဆောင်ရန် ရှောင်ရန်များနဲ့ အင်တာဗျူးတွင် မေးလေ့ရှိသော မေးခွန်းများဆိုပီး လေးပိုင်းခွဲပြောပါမယ်။
အင်တာဗျူးမဖြေခင် ဘာတွေကြိုတင် ပြင်ဆင်သင့်သလဲ?
(၁) မိမိအကြောင်း ကောင်းကောင်း ပြောနိုင်အောင် ပြင်ဆင်သွားပါ။
အင်တာဗျူးတွေမှာ အရင်ဆုံးမေးတဲ့ မေးခွန်း ကတော့။ Tell me something about yourself? ပါပဲ။ သင်ဟာ ဒီမေးခွန်းအတွက် အရှည်ကြီးဖြေဖို့ မလိုပါဘူး။ သူတကယ် သိချင်တာက ပထမအချက်က သင့်ရဲ့ English စာ အရည်အသွေးပါပဲ။ ဒုတိယ အချက်ကတော့ သင့်ရဲ့ စိတ်ဝင်စားမှုတွေ သင့်ရဲ့ဝါသနာတွေဟာ သူ့ရဲ့အလုပ်နဲ့ ပက်သက်နေမှု ရှိသလား။ တတိယအချက်က သင့်ဟာ ရည်မှန်းချက်ကြီးတဲ့ သူတစ်ယောက် ဆိုလားဆိုတာ သိချင်တာပါ။ သင့်အကြောင်းကို သင့် CV ကြည့်ချင်းအားဖြင့် အကြမ်းဖြင်း သူသိပီးပါပီ။
-နာမည်၊ အသက်၊ မိဘနာမည်၊ ပညာအရည်အချင်း၊ စိတ်ဝင်စားမှု၊ ၀ါသနာ၊ ရည်မှန်းချက် စသဖြင့် ၀ါကျ ၉ကြောင်း ၁၀ကြောင်းဆို လုံလောက်ပါပီ။ စိတ်ဝင်စားမှုနဲ့ပက်သက်လို့ သင်ဟာ ဘာသာစကား လေ့လာမှု၊ ကွန်ပျူတာတာနဲ့
တာတွေကို စိတ်ဝင်စားတယ် ဆိုရင်တော့ သူက သူ့အလုပ်အတွက် သင်ဟာ တစ်နည်းတစ်ဖုံ အသုံးဝင်နိုင်တယ် လို့တွက်နိုင်ပါတယ်။ ၀ါသနာအနေနဲ့ စာဖတ်ခြင်းကို ကြိုက်တယ် ဆိုရင်တော့ သင့်ကို ဗဟုသုတ ကောင်းကောင်း ရှိမဲ့သူ တစ်ယောက်လို့ ထင်မြင်နိုင်ပါတယ်။ ရေကူးတာကို ၀ါသနာပါတယ်လို့ သင်ပြောရင် သင်ဟာ ကျန်းမာရေး ကောင်းတဲ့ သူတစ်ယောက်ဖြစ်မယ်လို့ သူထင်မြင်နိုင်ပါတယ်။ ၀ါသနာတွေ စိတ်ဝင်စားတာတွေကို ကြည့်ပီး သင့်ရဲ့ ပုံစံကိုသူက အကြမ်းဖျင်းခန့်မှန်းမှာပါ။
(၂) လူမှာအ၀တ် တောင်းမှာအကွပ် ဆိုတဲ့စကားပုံအတိုင်းပေါ့ အ၀တ်အစား အရမ်းအရေးကြီးပါတယ်။
သင့်ကို အင်တာဗျူးမေးမဲ့ သူက သင့်ရဲ့ဝတ်စားဆင်ယင်ပုံကို စကြည့်ကတည်းက အမှတ်ပေးနေပါပီ။ စမတ်ကျကျ နဲ့သပ်သပ်ရပ်ရပ် ၀တ်တတ်ဖို့ အရမ်းအရေးကြီးပါတယ်။ အ၀တ်အစားဆိုလို့ ဈေးကြီးဖို့ မလိုဘူးနော် သပ်သပ် ရပ်ရပ် သန့်သန့်ပြန့်ပြန့် ရှိဖို့ပဲလိုတာပါ။ အဲဒိတော့ သင့်တော်မယ့် အ၀တ်အစား အင်တာဗျူး မတိုင်ခင် ညကတည်း က မီးပူတိုက် ပြင်ဆင်ထားပါ။
(၃) အချိန်ကို လေးစားတယ် ဆိုတာက လူတော်တစ်ယောက် ရဲ့အမူအကျင့်ပါ။
သင်အင်တာဗျူးကို သတ်မှတ်ထားတဲ့ အချိန်ထက် နောက်ကျမှ ရောက်တယ် ဆိုရင်တော့ အဲဒိအင်တာဗျူးကို မအောင်ဖို့က ၉၀%လောက် သေချာသွားပါပီ။ ဒီတော့ အင်တာဗျူးဖြေရမယ့် အချိန်နဲ့နေရာကို သေချာစုံစမ်းပါ။ အဲဒိကိုရောက်ဖို့ ဘယ်လောက်ကြာမလဲ စုံစမ်းပါ။ ရန်ကုန်မှာက ကားကကျပ်တော့ ကြိုသွားသင့်ရင် သွားလို့ရ တာပေါ့။ အင်တာဗျူးမတိုင်ခင် ၁၀မိနစ် ၁၅မိနစ်လောက်ကြိုပီး အင်တာဗျူးဖြေရမဲ့ နေရာကိုရောက်အောင် သွားပါ။ အရမ်းကြီးလဲ စောဖို့မလိုပါဘူး။ အရမ်းကြီးစောရောက်ရင် သင်ဟာ အရမ်းကို စိတ်လှုပ်ရှားပီး စိုးရိမ်စိတ် လွန်ကဲတဲ့ သူတစ်ယောက်လို့ အမြင်ခံရပါလိမ့်မယ်။ တကယ်လို့ မလွှဲမရှောင်သာ အခြေအနေမျိုးကြောင့် နောက်ကျနေတယ် ဆိုရင်တော့ ကုမ္ပဏီကို ဖုန်းဆက်ပီး သင်နောက်ကျကြောင်းကို အကြောင်းကြားပါ။ (ဒါပေမဲ့ အဲလိုအခြေအနေမျိုး က ဖြစ်ကိုမဖြစ်သင့်တာပါ)
(၄) အမွှေးနံ့သာ၊ ရေမွှေးတွေ အလွန်အကျွံ မသုံးစွဲပါနဲ့။ သင့်ကိုအင်တာဗျူးမဲ့ သူကို စိတ်အနှောက်အယှက် ဖြစ်စေနိုင်လို့ပါ။
(၅) ယောင်္ကျားလေးတွေ အနေနဲ့ ဆံပင်ကို သပ်သပ်ရပ်ရပ် ဖီးပါ။ နားကပ်တွေ တပ်ထားရင် ဖြုတ်သွားပါ။ ရှုတ်ရှုတ်ရှက်ရှက်တွေ မ၀တ်မိပါစေနဲ့။
(၆) အမျိုးတွေ၊ သူငယ်ချင်းတွေ၊ ကလေးတွေ ဘယ်တော့မှ အင်တာဗျူးကို မခေါ်သွားမိပါစေနဲ့။ ကိုယ့်ကိုကို ယုံကြည်မှု မရှိတဲ့ သူတစ်ယောက်လို့ အထင်အမြင် ခံရနိုင်ပါတယ်။
(၇) သင်အလုပ်လျှောက်ထားတဲ့ ကုမ္ပဏီအကြောင်းကို တတ်နိုင်သလောက် စုံစမ်းထားပါ။ အင်တာနက်မှာလဲ ရှာဖွေလို့ရပါတယ်။အခုခေတ်မှာ ကုမ္ပဏီ တော်တော်များများဟာ ကိုယ်ပိုင် ၀က်ဘ်ဆိုဒ်တွေ ရှိလာကြပါပီ သင့်ရဲ့ လေ့လာစုံစမ်းမှုဟာ သင့်ကို အင်တာဗျူးအခန်းထဲမှာ အများကြီး အကူအညီ ပေးပါလိမ့်မယ်။
(၈) အင်တာဗျူး အခန်းထဲမှာ အင်တာဗျူး ပီးခါနီးလို့ သင့်ကို အင်တာဗျူးသူက Any Question? လို့မေးတဲ့ အချိန်မှာပြန်မေးနိုင်မဲ့ သင့်တော်တဲ့ မေးခွန်းမျိုးတွေ စဉ်းစားထားပါ။ မေးခွန်းမေးခြင်းက သင်ဟာ အလုပ်ပေါ်မှာ စိတ်ဝင်စားကြောင်းကို ပြသနိုင်မဲ့ အခွင့်အရေးပါ။
(၉)သင့်ကို အင်တာဗျူးမဲ့ သူရဲ့နာမည်ကို အသံထွက် မှန်မှန်နဲ့ပြောနိုင်အောင် လေ့လာထားပါ။ တကယ်လို့ မသိရင်ကုမ္ပဏီက receptionist ကို မေးနိုင်ပါတယ်။
(၁၀) သင့်ရဲ့လက်ကိုင်ဖုန်းကို အင်တာဗျူးအခန်းထဲ မ၀င်ခင်မှာ silent mode သို့မဟုတ် ပိတ်ထားပါ။
အင်တာဗျူးအခန်းထဲကို ၀င်ရောက်နည်း
(၁) အင်တာဗျူးအခန်းထဲမ၀င်ခင် အမြဲတမ်း ၀င်ခွင့်တောင်းပါ။ အခန်းတံခါးက စေ့ထားတယ် ဆိုရင် သို့မဟုတ်
ဖွင့်ထားရင်တောင် ညင်ညင်သာသာနဲ့ ၂ကြိမ် ၃ကြိမ်ခန့် ခေါက်ပီး May I come in?ဆိုတာကို ပြောသင့်ပါတယ်။အခြေအနေပေါ်တော့ မူတည်တာပေါ့ ခေါက်စရာ တံခါးမရှိတဲ့ အခါမျိုးဆိုရင်တော့ May I come in? ဆိုရင် လုံလောက်ပါပီ။ သူ့ဆီကနေနှုတ်နဲ့ဖြင့်ဖြင့် အမူအရာနဲ့ဖြင့်ဖြင့် ၀င်ခွင့်ပြုကြောင်းပြောမှသာ အခန်းထဲကိုဝင်ပါ။
(၂)အင်တာဗျူးအခန်းထဲ ၀င်တဲ့အချိန်မှာ သင့်ရဲ့စတိုင် ဘောင်းဘီကို ဆွဲတင်တာ ဖြစ်ဖြစ် သင့်ရဲ့နက်ခ်တိုင်ကို ပြင်တာဖြစ်ဖြစ် မလုပ်သင့်ပါ။ သင်အခန်းထဲ မ၀င်ခင်ကတည်းက သပ်သပ်ရပ်ရပ် ဖြစ်အောင် လုပ်ထားပါ။ အင်တာဗျူး အခန်းထဲသို့ ယုံကြည်မှုရှိရှိ၊ တည်တည်ငြိမ်ငြိမ်ဖြင့် ၀င်သွားပါ။ သင်ဟာ ထိုအင်တာဗျူး အခန်းထဲကို ရောက်လာဖို့ အရည်အချင်းတွေနဲ့ ပြည့်စုံသူဖြစ်လို့သာ ရောက်လာတာပါ။ ဘာမှ အားငယ်စရာ ကြောက်စရာ မလိုပါဘူး။
(၃) သင့်ကိုအင်တာဗျူးမဲ့ သူရဲ့နာမည်ရဲ့ နာမည်ကို သေချာသိရင် ( Mr, Mrs, Miss,Ms,Dr) စသည်ဖြင့် ခေါင်းစဉ် တပ်ပီး lastname နဲ့ တွဲခေါ်လို့ရပါတယ်။ အချိန်အခါပေါ် လိုက်ပီး GoodMorning, Afternoon, Evening စသည်ဖြင့် နှုတ်ဆက်ပါ။ နာမည်ခေါ်နည်း အကြောင်းမသိသေးတဲ့ သူတွေအတွက် နည်းနည်းလောက် ထပ်ရှင်းပြ ချင်ပါတယ်။ Mr(Mister /ˈmɪs.tə / )ကိုတော့ ယောင်္ကျားလေးကို နာမည်တပ်ရာမှာ သုံးပါတယ်။ Mrs(/ˈmɪs.ɪz/) ကိုတော့ အိမ်ထောင်ရှိတဲ့ အမျိုးသမီးအတွက် သုံးပါတယ်။ Miss(/mɪs/ ) ကိုတော့ အပျို မိန်းကလေး အတွက် သုံးပါတယ်။ Ms(/mɪz/ )ကိုတော့ အိမ်ထောင်ရှိလား မရှိလား မသေချာတဲ့ အခါမှာ သုံးပါတယ်။ ထိုနာမည်တွေ အားလုံးကို lastname နဲ့သာ တွဲခေါ်ရပါမယ်။ ဥပမာ David Beckham ဆိုပါတော့။ Mr Beckham လို့ပဲခေါ်ရ ပါမယ်။ သူက David လိုခေါ်ပါလို့ မပြောမချင်း David လို့ မခေါ်ရပါ။ အကယ်၍ အင်တာဗျူးမဲ့ သူရဲ့နာမည် မသိဘူး ဆိုရင်တော့ ယောင်္ကျားလေးဆိုရင် Sir ၊ မိန်းကလေးဆိုရင် Ma’am ဆိုပီး ယဉ်ယဉ်ကျေးကျေး သုံးနိုင်ပါတယ်။
ဒီလောက်ဆိုရင်တော့ နာမည်ခေါ်နည်း အကြောင်းကို အကြမ်းဖျင်း သိသွားလောက်ပါပီ။
(၄) ပြုံးဖို့မမေ့ပါနဲ့ ။
(၅) ထိုင်ခုံ ထိုင်ဖို့ ခွင့်မပြုသေးပဲနဲ့ မထိုင်ပါနဲ့။
ခွင့်ပြုချက်ရမှသာ ထိုင်ပါ။ Sit down,please လို့ သူကပြောရင် Thank You ပြောဖို့မမေ့ပါနဲ့။ တစ်ခါတစ်လေ သင်ဝင်လာတာကို သူတို့ သတိမပြုမိပဲ ရှိတတ်ပါတယ်။ ထိုအခါမှာ နှုတ်ဆက်ခြင်းဖြင့် သူတို့ attention ရအောင် ယူလို့ရပါတယ်။
အင်တာဗျူး အခန်းထဲမှာ ဆောင်ရန်ရှောင်ရန်များ
(၁) ခါးမတ်မတ်ထိုင်ပါ။ တောင့်တောင့်ကြီးတော့ မဟုတ်ဖူးပေါ့။ သက်တောင့်သက်တာ ရှိရုံမတ်ပေါ့။ သင့်ကို အင်တာဗျူးမဲ့သူနဲ့ eye contact ရှိပါစေ။ အကြာကြီးတော့ စိုက်မကြည့်နဲ့ပေါ့။ အခန်းထဲမှာရှိတဲ့ အခြားအရာတွေ ကိုတောင်ကြည့် မြောက်ကြည့် မလုပ်မိပါစေနဲ့။ သင့်ကို အာရုံစူးစိုက်မှု အားနည်းတဲ့ သူတစ်ယောက် အဖြစ်မြင် သွားနိုင်ပါတယ်။
(၂) ခုံပေါ်မှာ ငြိမ်ငြိမ်ထိုင်ပါ။
ပျင်းတိပျင်းရွဲထိုင်ခြင်း၊ ခိုင်ခုံနောက်ကို မှီပီးထိုင်ခြင်း၊ ဒူးလှုပ်ခြင်း၊ လက်ချောင်းများဖြင့် ခုံပေါ်မှာ တဒေါက်ဒေါက် ခေါက်ခြင်း၊ တစ်ခုခုကို ကုတ်ခြစ်နေခြင်း ကဲ့သို့သော အမူအရာများကို ရှောင်ပါ။ ထိုအမူအရာများက သင့်ကို မိနစ်အနည်းလေးကိုတောင် အာရုံမစူးမစိုက်နိုင်တဲ့ သူတစ်ယောက်အဖြစ် အထင်အမြင် ခံရစေနိုင်ပါတယ်။
(၃) မေးခွန်းတစ်ခု ဖြေခါနီးတိုင်း နှာခေါင်းပွတ်ခြင်း၊ ခေါင်းကုတ်ခြင်းများ မလုပ်မိပါစေနဲ့။ သင်ဟာ မရိုးသားတဲ့ မမှန်ကန်တဲ့ အဖြေကိုဖြေတော့မယ်လို့ အထင်အမြင် ခံရနိုင်ပါတယ်။
(၄)သင့်မှာအလုပ်နဲ့ ပက်သက်တဲ့ စာရွက်စာတမ်းတွေ၊ certificate တွေပါတဲ့ အိတ်မျိုးပါလာရင် စားပွဲပေါ် ဘယ်တော့မှ မတင်ပါနဲ့။ သင့်ပေါင်ပေါ်မှာသာ ထားပါ။
(၅)ပီကေ (သို့မဟုတ်) တစ်ခုခုဝါးခြင်း၊ အစားအစာစားခြင်း အင်တာဗျူး အခန်းထဲမှာ မလုပ်မိပါစေနဲ့။ အရက်၊ဆေးလိပ်အင်တာဗျူး မလာခင်ရှောင်ပါ။ အနံ့အသက် မထွက်ပါစေနဲ့။
(၆) မပွင့်တပွင့်၊ ပျော့တိပျော့ရဲအသံဖြင့် စကားမပြောပါနဲ့။ ယုံကြည်မှုရှိစွာ ကြည်ကြည်လင်လင် ပြတ်ပြတ် သားသားပြောပါ။
(၇) အင်တာဗျူးမေးတဲ့ သူမေးတဲ့ မေးခွန်းကို Yes or No ပဲတုံးတိကြီး မဖြေပါနဲ့။ ဖြစ်နိုင်ရင် အကြောင်းပြချက် ရှင်းပြပါ။
(၈) မေးခွန်းကိုနားမလည်ရင် ယဉ်ကျေးစွာ ပြန်မေးဖို့မရှက်ပါနဲ့။ နားမလည်ပဲ ရမ်းမဖြေပါနဲ့။ Could you please say it again,Sir? Or Would you mind telling me again,Sir? စသဖြင့် ယဉ်ကျေးစွာ မေးပါ။
(၉)သူမေးတဲ့ မေးခွန်းကို မသိဘူးဆိုရင် I don’t know လို့ တုံးတိတိမဖြေပါနဲ့။ I’m sorry,I have no idea,Sir. ဆိုပီး ယဉ်ယဉ်ကျေးကျေး ဖြေတာက ပိုသင့်တော်ပါတယ်။
(၁၀) Slangတွေ informalစာလုံးတွေ၊ ရိုင်းတဲ့ စာလုံးတွေ မသုံးမိပါစေနဲ့။ အတတ်နိုင်ဆုံး ယဉ်ကျေးစွာပြောပါ။
ဥပမာ “I want to……”အစား “I would like to……”က ပိုယဉ်ကျေးပါတယ်။ Yep,Yeah,Ya, Nope တို့အစား Yes or No ပဲသုံးပါ။ Broken English or Pidgin English မသုံးမိ ပါစေနဲ့။
(၁၁) အခွင့်အခါသင့်တိုင်း Please တို့ Thank you တို့ကို သုံးပေးပါ။
(၁၂) အင်တာဗျူးမေးသော သူနှင့် ဘယ်သောအခါမှ အခြေအတင် မငြင်းပါနဲ့။
(၁၃) အင်တာဗျူး မေးသောသူ တစ်ယောက်ထက် ပိုနေရင် သင့်ကိုမေးနေသော သူကို အာရုံပိုစိုက်ပေးပါ။
အင်တာဗျူးတွင် မေးလေ့ရှိသော မေးခွန်းများ
(၁) Tell me something about yourself?
မိုးရှင်း(I.M.T)
www.work.com.mm
https://www.facebook.com/Work.com.mm/photos/a.359562060790938.85922.327695

သင့်အကြောင်း နည်းနည်းလောက်ပြောပြပါလား။ ဒီမေးခွန်း ကတော့ အင်တာဗျူးတိုင်းမှာ အရင်ဆုံး မေးလေ့မေးထရှိတဲ့ မေးခွန်းပါပဲ။ ဒီမေးခွန်းနဲ့ပက်သက်ပီး ဒီဆောင်းပါးရဲ့ ပထမဆုံး အပိုဒ်မှာ ရှင်းပြထားပါတယ်။
(၂) Why did you quit your last job? ဘာလို့ အရင်အလုပ်က ထွက်ခဲ့တာလဲ?

ဒီမေးခွန်းကို မေးရခြင်း ရည်ရွယ်ချက်ကတော့ သင်ဟာ အဆိုးမြင်တတ်တဲ့သူ တစ်ယောက်လား အကောင်းမြင် တတ်တဲ့သူတစ်ယောက်လား ဆိုတာကို သိချင်တာပါ။ အကယ်၍ သင်က အရင်အလုပ် မကောင်းကြောင်း
အရင် သူဌေးမကောင်းကြောင်း ပြောမယ်ဆိုရင်တော့ သင့်ကို အတင်းပြောတတ်တဲ့သူ၊ အဆိုးမြင်တဲ့သူ အဖြစ်မြင် သွားနိုင်ပါတယ်။ ဒီတော့ ဒီမေးခွန်းအတွက် အောက်ပါအဖြေမျိုး ဖြေလို့ရပါတယ်။
There’s isn’t room for growth with my current employer and I’m ready to move on to a new challenge to use my skills and experiences in a different capacity than I have in the past.
အခြားသင့်တော်တဲ့ အဖြေတွေလဲ ရှိပါတယ်။ ဥပမာအနေနဲ့ ဖော်ပြပေးတာပါ။
(၃) Why do you want this job? Or why do you want to work at our company?
ဘာလို့ ဒီအလုပ်ကို လိုချင်တာလဲ? ဘာလို့ ငါတို့ကုမ္ပဏီမှာ အလုပ်လုပ်ချင်တာလဲ။ ဒီမေးခွန်းကတော့ သင့်ရဲ့ အလုပ်ပေါ်ခံယူတဲ့ သဘောထား၊ သူတို့ကုမ္ပဏီပေါ် မြင်တဲ့အမြင်ကို သိချင်တာပါ။ ဥပမာအနေနဲ့ အောက်ပါ အဖြေမျိုးဖြေလို့ ရပါတယ်။
I well understand that this is a company on the way up and I want to be a part of this business .I think I can use my skills and experiences to improve this business and I want to improve myself by working at this company.
(၄) What’s your expected salary?
ဒီမေးခွန်း အတွက်ကတော့ ပထမဆုံး အင်တာဗျူးမှာ မဖြေတာ အကောင်းဆုံးပါပဲ။ အလုပ်ကမ်းလှမ်းခြင်း ခံရတဲ့ အခါမှသာ ဆွေးနွေးတာ အကောင်းဆုံးပါပဲ။ မလွှဲသာ မရှောင်သာ အခြေအနေမျိုးကြောင့် ဖြေရမယ် ဆိုရင်လဲ ကိုယ်လုပ်မဲ့ ရာထူးက ဘယ်လောက်ရလေ့ရှိသလဲ စုံစမ်းထားပါ။ လစာကို အရမ်းကြီးလဲ နည်းပီး မတောင်းမိပါ စေနဲ့ သင့်အရည်အချင်းကို မယုံရာကျပါတယ်။ အများကြီးလဲ မတောင်းမိပါစေနဲ့ သူ့အတွက် သင့်ကို အလုပ်ခန့်ဖို့ ခက်သွားပါ လိမ့်မယ်။
(၅) What are your strengths and weakness?
ဒီမေးခွန်းအတွက်ကတော့ အားသာချက်ကို ဖြေရတာက လွယ်ပါတယ်။ ဥပမာ I’m detail oriented, hardworking, a team player, etc….ဆိုပီး ဖြေလိုက်လို့ ရပါတယ်။ အားနည်းချက် အတွက်ကတော့ ဖြေတတ်ဖို့ လိုပါတယ်။ သင်မပြင်နိုင်သေးတဲ့ သင့်ရဲ့ တကယ့်အားနည်းချက်ကို ဘယ်တော့မှ မပြောပါနဲ့။ သင်ပြင်ပီးသား အတိတ်က အားနည်းချက် တစ်ခုကို ပြောလို့ရပါတယ်။ ဥပမာအနေနဲ့ အောက်ပါအတိုင်း ဖြေလို့ရပါတယ်။
“I used to come in late to work a lot but after my supervisor explained why it was necessary for me to come in on time, I was never late again.”
(၆) နောက်ဆုံး တစ်ချက်ကတော့ အင်တာဗျူးပီးခါနီးမှာ Any Question? ဆိုပီးမေးလေ့ ရှိပါတယ်။ အဲဒိအချိန်မှာ
သင်က မေးခွန်းတစ်ခုမှ မမေးဘူးဆိုရင်တော့ သင်ဟာ သူပြောခဲ့တာတွေကို အလုံးစုံ စိတ်မ၀င်စား ခဲ့ဘူးလို့
ထင်နိုင်ပါတယ်။ သင်အလုပ်မှာ စိတ်ဝင်စားကြောင်း ပြဖို့မေးခွန်း တစ်ခုခုတော့ မေးပါ။ဥပမာအနေနဲ့ အောက်ပါ မေးခွန်းတွေကို မေးနိုင်ပါတယ်။
When can I expect to hear from you?
What is the typical work week?
Is overtime expected?
If I am extended a job offer, how soon would you like me to start?
အထက်ပါ မေးခွန်းများဟာ အနည်းအကျဉ်းမျှသာ ဖြစ်ပါတယ်။ အခြားအင်တာဗျူးနဲ့ ပက်သက်ပီး မေးလေ့မေးထ ရှိတဲ့ မေးခွန်းများကို အင်တာနက်မှာ ရှာဖတ်ချင်ရင်တော့ www.jobsearch.about.com နဲ့ https://www.work.com.mm/en/helpful-resources.html မှာ ရှာဖတ်နိုင် ပါတယ်။
နောက်ဆုံးအနေနဲ့ ပြောချင်တာကတော့
- ကုမ္ပဏီက သင့်ကို ဘာတွေလုပ်ပေးနိုင်သလဲ ဆိုတာထက် သက်က ဘာတွေ လုပ်ပေးနိုင်သလဲ ဆိုတာ ကိုဖော်ပြပါ။
- သင်ဟာ အရည်အချင်းရှိလို့သာ အင်တာဗျူး အခန်းထဲကို ရောက်နေတာပါ။ သူကသင့်ကို အလုပ်မခန့်ရင် သူအတွက် အရည်အချင်းရှိတဲ့ သင့်ကို ဆုံးရှုံးမှာပါ။ သင်သာ အရည်အချင်းရှိရင် သင့်အတွက် အလုပ်ဆိုတာ မရှားပါဘူး။ ဒီတော့ အင်တာဗျူး အခန်းထဲမှာ ဘယ်တော့မှာ မကြောက်ပါနဲ့။
- English စကားကို အတတ်နိုင်ဆုံး ပီပီသသနဲ့ ယုံကြည်မှုရှိစွာ ပြောနိုင်ပါစေ။
- ဒါ့အပြင် အပေါ်က ဆောင်ရန်ရှောင်ရန်လေးတွေ ကိုသာ လိုက်နာမယ်ဆိုရင် သင်ဟာ အလုပ်ရဖို့ ၉၀ ရာခိုင်နှုန်း သေချာသွားပါပီ။
work.com.mm အသုံးပြုပြီး အင်တာဗျူးရတဲ့အခါ အသုံးချနိုင်ကြပါစေ။

--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook