ရှေ့သို့သာလျှင် ရွေ့လျားနေ

မိမိတို့ ပတ်ဝန်း ကျင်မှာ ရှိသော အရာ သည် ရှေ့သို့ သာလျှင် ရွေ့လျား နေပေ သည်။ သို့သော် လူ့အသက်ကို နောက်သို့ ဟူ၍ ပြောင်း မရချေ။ အသက်ကြီး လေလေ ခန္ဓာကိုယ် အရွယ်အစား ပြောင်းလဲ လေလေဖြစ် ပေသည်။

သို့သော် အသက် ရှိလာသည်နှင့် တစ်ပြိုင် နက်တည်း အသိပညာ၊ အတတ်ပညာ တွင်လည်း ပြောင်းလဲ ရန်လို အပ်ပေသည်။ သို့မှသာ ရှေ့သို့ ရောက်ရှိပေမည်။

ရှေ့သို့ သွားရာတွင် စက္ကန့်ရွေ့လျားသည်နှင့်အမျှ အသိပညာနှင့် အတတ်ပညာ တွင်လည်း တိုးတက် ရန်လိုအပ်ပေသည်။ ပညာကို ကိုင်တွယ် လို့လည်းမရ ကြည့်လျှင်လည်း မမြင်နိုင်ပေ။ ပျင်းသောသူလည်း ပညာမရနိုင်ပေ။ အသိပညာ အတတ်ပညာ မရှိသောအခါ စည်းစိမ်ဥစ္စာလည်း မရနိုင်ပေ။ ပစ္စည်းမရှိ သောသူတို့ကို မိတ်ဆွေကောင်းများ ချဉ်းကပ်လာမည် မဟုတ်ပေ။ ထိုအခါပညာလည်းမရှိ ဥစ္စာလည်း မရှိသောအခါ စိတ်ချမ်းသာမှုကို ပိုင်ဆိုင်နိုင်မည် မဟုတ်ချေ။

အရာအားလုံးသည် ရွေ့လျားနေစဉ် အနှေးသဘောဖြင့် ရွေ့လျားခြင်းနှင့် အမြန်သဘောဖြင့် ရွေ့လျား ခြင်းတို့ပင်။ ယနေ့ခေတ်ပညာရေးသည် အမြန်သဘောဖြင့် ရှေ့သို့ရွေ့လျားနေပေသည်။ ထိုအခါ နောက်ကျနေသူအဖို့ ကျော်တက်လာမည်များက စောင့်ဆိုင်းနေမည်မဟုတ်ချေ။ အသိပညာအတတ် ပညာ ပြည့်စုံနေသောသူသည် အစဉ်အမြဲအမြန်သဘောဖြင့် ရှေ့သို့လျှောက်လှမ်းသောအခါ ပညာမဲ့ သူတို့ကနောက်တွင် ပြတ်ကျန်သောကာလပင်ဖြစ်သည်။ ယနေ့တစ်မျိုးနှင့် မနက်ဖြန်တစ်မျိုးဟူသော ဆန်းပြားတီထွင်မှုများကို လက်တွဲသွားနိုင်ရန် အထူးလိုအပ်ပေသည်။ ယနေ့ခေတ်တွင် ပစ္စည်းဥစ္စာကို မက်မောနေသော ဓနအတ္တသမားများအဖို့ မည်မျှပင်ရုပ်ရည်ရူပကာ ချောမောလှပ၍ ပစ္စည်းဥစ္စာပြည့် စုံသော်လည်း ပညာမဲ့သူအဖို့ အဆင်းလှဆန်း လူပေါက်ပန်းဟု လှောင်ပြောင်ရယ်သွမ်းသွေးကြမည်မှာ မုချပင်။ တောသားလေး လယ်သမားမောင်ညိုသည် ရှေ့သို့ဟုရည်ရွယ်ကာ မလျှော့သောဇွဲလုံ့လဝီရိ ယတို့ဖြင့် နောက်ဆုံးတွင် ဝန်ဇင်းမင်းရာဇာဘွဲ့ဖြင့် ပညာရှိအဖြစ်မင်းအဆက်ဆက်၌ ကိုးကွယ်ဆည်း ကပ်ခြင်းကို ခံပေသည်။

ယနေ့လူငယ်များသည် အနာဂတ်ရည်ရွယ်ချက်ကို မပျောက်ပျက်စေဘဲ ရှေ့သို့ရှေ့သို့ဟု ရည်ရွယ် ချက်ကြီးကြီးဖြင့် ယနေ့လူငယ် နောင်ဝယ်လူကြီးဆိုသည့်အတိုင်း ယနေ့လူငယ်သည် အနာဂတ်လူကြီး ဖြစ်လာမည်ဖြစ်သည်။

အသက်အရွယ်နှင့် ခန္ဓာကိုယ်သာ ရှေ့သို့ဟုမမျှော်လင့်ဘဲ အသက်ကြီးလေလေ အသိပညာ အတတ် ပညာ ဗဟုသုတတိုးပွားလေလေဖြစ်ရန် လိုအပ်ပေသည်။ ပညာရေးစနစ်သာ ရှေ့သို့ဟုသတ်မှတ် သော်လည်း မျိုးဆက်သစ်များ၏ စိတ်ဓာတ်၊ စည်းကမ်းနှင့် ပညာတို့သည်နောက်သို့ မရည်ရွယ်သင့်ပေ လှေတစ်စီးကို လှော်ခတ်သည့်အတိုင်း ညီညာစွာလှော်ခတ်၍ ရှေ့သို့ဟုရည်ရွယ်မှသာလျှင် မိမိလိုရာ ပန်းတိုင်ကို အလွယ်တကူချောမွေ့စွာ ရောက်ရှိပေသည်။

ပညာကိုခပ်ယူ၍လည်း မကုန်ခန်းနိုင်သော သမုဒ္ဒရာပြင်ကျယ်ပမာ လိုသလိုခပ်နိုင်၍ မိမိလိုအပ်သော ရှေ့သို့ဟူသော ပန်းတိုင်ရောက်ရန် အထူးလိုအပ်ပေသည်။ သို့သော် မူးယစ်ဆေးသုံးစွဲသူကို ရှေ့သို့ဟု မဆိုလိုပေ။ အသိပညာ အတတ်ပညာဖြင့် ကောင်းသောလမ်းကို စက္ကန့်ရွေ့လျားသည်နှင့်အမျှ ရှေ့သို့ လျှောက်လှမ်းသင့်ပေသည်။ ခရီးဝေးသည်ဖြစ်စေ ခရီးနီးသည်ဖြစ်စေ ပထမခြေလှမ်းသည် အတူတူပင် ဖြစ်သည်။

ရှေ့သို့ဟုရည်ရွယ်ကာ ပညာကို အပတ်တကုတ်ကြိုးစား၍ အောင်မြင်သော လူသာသေနာမည်ကျန်ရစ် သူ အမြောက်အမြားပင်။ ကမ္ဘာပ်ါတွင် ရူပဗေဒပညာရှင်ကြီး သောမက်စ်အက်ဒီဆင်နှင့် ဒေါက်တာ အဲလ်ဘတ် အိုင်စတိုင်းတို့သည် ကမ္ဘာပေါ်ရှိ လူသားအားလုံး၏ မမေ့နိုင်သော သိပ္ပံပညာရှင် ကြီးများ ဖြစ်ကြသည်။ လူသားအားလုံးသည် ရှေ့သို့ဟုရည်ရွယ်သော်လည်း တကယ့်လက်တွေ့တွင် ရှေ့သို့ဟူ၍ မရှိကြပေ။ ထို့ကြောင့် အောင်မြင်မှုကို ပါးစပ်ဖျားတွင်သာ ရာနှုန်းပြည့်ရှိပေသည်။ လက် တွေ့တွင် အောင်မြင်မှုကိုရယူရန် အထူးလိုအပ်ပေသည်။ ပညာမဲ့သူတို့သည် ဥစ္စာကိုသာရှေ့သို့ဟူ၍ ဆင်ကန်း တောတိုး လုပ်ကိုင်ကြသည်။ ‘ထဲမှမဝင်၊ ပြင်မှာမရောက်၊ တောမှာမျောက်သို့၊ ခြေထောက် လက်စုံ၊ ရှိပါတုံလျက်၊ အထဲလဲမဝင်၊ အပြင်လည်းမရောက်၊ စိတ်နောက်စရာပင်’ ကောင်းလှပါသည်။

မိမိရည်ရွယ်ထားသော အနာဂတ်တွင် အသိပညာနှင့် အတတ်ပညာ တို့ပြည့်စုံသော အတတ်ပညာရှင် များနှင့် အသိပညာရှင်များဖြစ်၍ မိမိလှမ်းနေသောခြေလှမ်းအားလုံး၏ အကျိုးခံစားခွင့်ကို ကောင်းစွာ ရရှိပေမည်။

လူတိုင်းလူတိုင်း ရှေ့သို့ဟူသော ခြေလှမ်းတိုင်းတွင် ပညာဖြင့်လှမ်းသော ခရီးသည်ဖြောင့်ဖြူးပေမည်။

အခက်အခဲ မရှိသောအခါ အောင်မြင်မှုဟူသော ကောင်းကျိုးဖြင့် မိမိလိုရာခရီးကို ပညာဖြင့်ပုံဖော်၍ လျှောက်နေသော အနာဂတ် အတတ်ပညာနှင့် အသိပညာပြည့်စုံသော လူတော်လူကောင်းများဖြစ်ပြီး တိုင်းပြည်ကိုပညာဖြင့် တန်ဆာဆင်နိုင်ရန် ရှေ့သို့သွားပါဟု အစဉ်ဂါရဝပြုလျက် တိုက်တွန်းလိုက်ပါ သည်။


ကြေးမုံသတင်းစာ
ဇူလိုင် (၁၃) ရက်၊ ၂၀၁၄ ခုနှစ်
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...