Airbus က အီလက်ထရစ် လေယာဉ်ပျံကို ပြသ

Airbus က အီလက်ထရစ် စွမ်း အင် ဖြင့် မောင်းနှင် နိုင်သော လေ ယာဉ် ပျံကို ပြသလိုက် ပါသည်။ E-Fan ဟု အမည် ပေးထားပြီး အသံ ဆူညံမှု ကင်း ဝေး ပါသည်။ Airbus က အနာဂတ် လေယာဉ်ပျံ များအတွက် နည်း ပညာ အသစ် များကို တီထွင်နေ သည့် စီမံကိန်း၏ တစ်စိတ် တစ်ပိုင်းလည်း ဖြစ်ပါ သည်။ E-Fan ကို ၂၀၁၄ ခုနှစ် မတ်လတွင် ပထမဆုံး အကြိမ်စမ်းသပ် မောင်းနှင်ခဲ့ပြီး ယခုအခါ Farnborough International Airshow တွင် အများ ပြည်သူကို မောင်းနှင်ပြသခဲ့ခြင်း ဖြစ်ပါသည်။

Airbus က လေယာဉ်ကို စီးပွားရေး လုပ်ငန်းများတွင် သုံးရန် နှစ်မျိုး တီထွင်နေပါသည်။ E-Fan 2.0 သည် လူနှစ်ယောက်ကို သယ်ဆောင်နိုင်ပြီး E-Fan 4.0 တွင် ထိုင်ခုံလေးခု ပါရှိပါသည်။

E-Fan တွင် ဘက်ထရီ တပ်ဆင်ထားပြီး အီလက်ထရစ် အင်ဂျင်များကို လည်ပတ်စေမည် ဖြစ်သည်။ E-Fan တွင် 250V Li-ion Battery များတပ်ဆင်ထားပြီး အားသွင်းရန် တစ်နာရီ ကြာမြင့်ပါသည်။ တစ်ခါ အားသွင်းထားလျှင် ၄၅ မိနစ်မောင်းနှင်နိုင် ပါသည်။ အနာဂတ်တွင် အားသွင်းချိန်ကို မြန်ဆန်စေရန် ပြုလုပ်ပေးမည် ဖြစ်သည်။

အရေးပေါ် ဆင်းသက်နိုင်စေရန် Battery အပို ပါရှိသည်ဟု သိရပါသည်။ အီလက်ထရစ် အင်ဂျင်များက 60kW စွမ်းအင်ကို ထုတ်လုပ်ပေးနိုင်ပြီး အမြန်ဆုံးနှုန်းအနေဖြင့် 220kph ဖြင့် မောင်းနှင်နိုင်ပါသည်။ အီလက်ထရစ် ဘီးမော်တာက 60kph နှုန်းဖြင့် မောင်းနှင်နိုင်ပါသည်။ မြေပြင်မှ ထွက်ခွာစဉ်တွင် 110kph နှုန်းဖြင့် ပန်ကာများက မောင်းနှင်ပေးနိုင်ပါသည်။

Airbus မှ ပြောရေးဆိုခွင့်ရှိသူက E-Fan 2.0 ကို ၂၀၁၇ ခုနှစ်တွင် အသုံးပြုနိုင်ရန် မျှော်လင့်နေပါသည်။ အဆိုပါ အီလက်ထရစ် လေယာဉ်သည် လောင်စာဆီသုံးစွဲရမှုနှင့် အသံဆူညံမှုကို ဖယ်ရှားပေးမည့် မျိုးဆက်သစ်လေယာဉ် ဖြစ်လာမည် ဖြစ်သည်။

ref;Myanmar Digital Life Journal
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...