Body Suspension....



ခန္ဒာကိုယ်က အရေပြားကို ချိတ်တွေနဲ့ ချိတ်ပြီးတော့ မြေပြင်ကနေ အပေါ်ကို ကြိုးနဲ့ တန်းလန်း ဆွဲတင်တဲ့ သရုပ်ဖော်ပြကွက် တစ်ခုပါ ဖြစ်ပါတယ်... အလွန်အန္တရာယ်များပြီး ပြင်းပြင်းထန်ထန် နာကျင်မှုတွေ ဖြစ်နိုင်တာကြောင့် ကျွမ်းကျင်ပြီး အတွေ့အကြုံရှိတဲ့ သူတွေကသာ လုပ်ပေးရတယ်လို့ ဆိုပါတယ်...

ပြင်ဆင်ရတဲ့ အချိန်တွေဟာ တကယ့်သရုပ်ဖော်ရတဲ့ အချိန်တွေထက် ပိုကြာကောင်း ကြာနိုင်ပါတယ်....
ဒါပေမဲ့ တချို့သူတွေဆိုရင်တော့ လေပေါ်မှာ တန်းလန်းဆွဲထားတဲ့ အနေအထားနဲ့ နာရီပေါင်းများ စွာကြာအောင် နေနိုင်တယ်လို့ ဆိုပါတယ်... ချိတ်တွေကိုလည်း ပုခုံး... လက်မောင်းရင်း... ကျောကုန်း... ဒူးခေါင်း စတဲ့ အရေပြားတွေပေါ်မှာ မိမိလိုချင်တဲ့ ပုံစံအနေအထားကို လိုက်ပြီး ချိတ်ဆွဲကြပါတယ်...

ချိတ်တွေကို ခန္ဒာကိုယ်ရဲ့ အနေအထားအလိုက် စနစ်တကျနဲ့ တိုင်းတာတွက်ချက်ပြီး မှန်မှန်ကန်ကန် ချိတ်ဆွဲတတ်ဖို့လည်း လိုအပ်ပါတယ်... အဲဒီအတွက် ချိတ်ဆွဲပေးတဲ့ ဆရာတွေက သင်္ချာပညာရပ်ကို ကျွမ်းကျွမ်းကျင်ကျင် တတ်မြောက်ထားဖို့ လိုအပ်ပြီး... ခန္ဒာဗေဒ၊ ကိုယ်အင်္ဂါ အစိတ်အပိုင်းနဲ့ လူတစ်ဦးချင်းစီရဲ့ အရေးပြားဆိုင်ရာ ကြံ့ခိုင်မှုတွေကိုလည်း သိရှိနားလည် ထားရပါမယ်.... လုပ်ပေးတဲ့ ဆရာက ကျွမ်းကျင်မှုရှိလေ နာကျင်မှု နည်းလေးပဲလို့ ဆိုပါတယ် ခင်ဗျား.... အောက်က ပုံတွေကို လေ့လာကြည့်ပါ... ။












 
ref;worldoddities/ By Ko Myo
----------------------------------------------
http://lwanmapyay.blogspot.com/

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...