ဂျပန်နိုင်ငံက ကမ္ဘာ့အသက်အကြီးဆုံး အဘိုးအို
![]() |
ဓာတ်ပုံ-Dawn.com |
အဘိုးအိုဟာ လေယဉ်ပျံတီတွင်တဲ့ ရိုက်စ် ညီအကို နှစ်ယောက် မမွေးဖွားခင် အချိန် မှာ မွေးဖွားခဲ့တာဖြစ်ပါ တယ် လို့ ဂျပန် သတင်းတွေ မှာ ဖော်ပြထားပါတယ်။
ယခုနှစ် ဂင်းနစ်စံချိန်မှတ်တမ်းအဖွဲ့က သြဂုတ်လ ၂၀ ရက်နေ့မှာ လက်မှတ်ပေးအပ်ခဲ့တာဖြစ်ပါတယ်။
ဂျပန်အဘိုးအိုဟာ လူအိုရုံတခုမှာနေထိုင်နေတာဖြစ်ပြီး ၁၉၀၃ ခုနှစ် ဖေဖော်ဝါရီ ၅ ရက်နေ့ မှာ မွေးဖွားခဲ့ တယ် လို့ မှတ်တမ်းရှိခဲ့တာကြောင့် ဂင်းနစ်မှတ်တမ်းဝင်ခဲ့ တာဖြစ်ပါတယ်။
အထက်တန်းကျောင်း အုပ် ဆရာကြီး အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး သူဟာ စာဖတ်တာနဲ့ တီဗီ ကြည့်ရ တာကို ၀ါသနာ ပါပါတယ်တဲ့။ ဒါပေမယ့် နားတော့ သိပ်မကြားရဘူးလို့ သိရပါတယ်။
မကြာခင်က ကွယ်လွန်သွားပြီးဖြစ်တဲ့ ကမ္ဘာ့အသက်အရှည်ဆုံးအမျိုးသားလို့ အရင်က သတ်မှတ်ထားတဲ့ အမေရိကန် အဘိုးအိုရဲ့ လက်မှတ်ကိုလွှဲပြောင်းရယူခဲ့တာလည်း ဖြစ်ပါတယ်။
သက်ရှည် ဂျပန်အဘိုးအိုဟာ ဘယ်လို ဘဝနေနည်းတွေ သင်ယူခဲ့သလဲ ဆိုတာ စိတ်ဝင်စားစရာပါ။
သူဟာ တိုကျိုမြို့ရှိ ဘိုးဘွားရိပ်သာမှာပဲ နေထိုင်လိုပြီး တခြားနေရာကို မရွှေ့ပြောင်းခြင်းပါဘူး လို့ပြောပါ တယ်။ ဂျပန်နိုင်ငံဟာ အသက်ရှည်တဲ့ အဘိုးအို အဘွားအိုတွေ များစွာရှိတဲ့ နိုင်ငံထဲမှာ ပါဝင်တဲ့ နိုင်ငံ တနိုင်ငံဖြစ်ပါတယ်။
အိမ့်သံစဉ် ~ ဧရာဝတီ
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook
- (အရှေ့သို့) Body Suspension.... Pregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတွက်ဆေးVery little makes it more valuable... စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Abortion Pills ဖျက်ဆေးတွေအကြောင်း ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး'
- (အနောကျသို့) တစ်ရက်ကို နွားနို့ ဘီယာခွက် ၁၀ ခွက်စာလောက် သောက်မှ နေသာထိုင်သာ ရှိသူ Pregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတွက်ဆေးVery little makes it more valuable... စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Abortion Pills ဖျက်ဆေးတွေအကြောင်း ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး'