ခြေထောက်တစ်ဖက်တည်း ရှိပေမယ့် အိနိ္ဒယနိုင်ငံရဲ့ အကျော်ကြားဆုံး အကသမားအဖြစ် သတ်မှတ်ခံထားရသူ

အေသင်အောင်

အိနိ္ဒယနိုင်ငံက အသက် (၂၇)နှစ် အရွယ် အမျိုးသမီး တစ်ဦးဟာ ခြေထောက် တစ်ဖက်တည်း ရှိပေမယ့် အကျော်ကြားဆုံး အကသမားအဖြစ် သတ်မှတ်ခံ ထားရတယ်လို့ သိရပါတယ်။ မော်တော်ဆိုင်ကယ် မတော်တဆ ဖြစ်ရပ်ကြောင့် ခြေထောက်တစ်ဖက် ဆုံးရှုံးသွားခဲ့ရတဲ့ ဆက်ရပ်ဟာ ဘ၀ကို အရှုံးမပေးဘဲ တိုက်ပွဲဝင်ခဲ့တာမို့ လူသိများ ထင်ရှားလာခြင်း ဖြစ်ပါတယ်။ ဆက်ရပ်ဟာ လက်ဟီယာနာမှာ နေထိုင် သူဖြစ်ပြီး ပြီးခဲ့တဲ့ လေးနှစ် က မတော် တဆဖြစ်ရပ်နဲ့ ကြုံတွေ့ခဲ့တာ ဖြစ်ကာ အိနိ္ဒယနိုင်ငံရဲ့ အကြီးအကျယ် ဆုံး အက ပြိုင်ပွဲမှာ ဒုတိယနေရာ ရရှိခဲ့တာမို့ ကမ္ဘာ့ တစ်ဝန်းမှာ စွမ်းရည်ပြသဖို့ အခွင့်အရေး ရရှိသွားခဲ့ပါ တယ်။ ဆက်ရပ်ဟာ သူနာပြုဟောင်းတစ်ဦး ဖြစ်ပြီး ခြေထောက်တစ်ဖက် ဆုံးရှုံးပြီး တဲ့နောက် အကပညာ ကို ကြိုးစားလေ့ကျင့် သင်ယူခဲ့ပါတယ်။ အိပ်ရာပေါ်မှသာ အကြိမ်ကြိမ် လေ့ကျင့်မှုတွေ ပြုလုပ်ခဲ့တဲ့ ဆက်ရပ် ဟာ ပြိုင်ပွဲမှာ လူတွေအများကြီး ရှိနေပေမယ့် ထိတ်လန့်ခြင်းမရှိဘဲ အကောင်းဆုံးကပြ အသုံးတော်ခံ သွားခဲ့ပါတယ်။ ခြေထောက်တစ်ဖက်တည်း နဲ့ ပြိုင်ပွဲဝင်ခဲ့တဲ့ ဆက်ရပ်ကို ပရိသတ် တွေကလည်း အားပေး ခဲ့ကြပါတယ်။

ဆက်ရပ်က ကျွန်မဟာ အကပြိုင်ပွဲ တွေကို စိတ်ဝင်စား နှစ်သက်ပါတယ်။ ဒါပေမဲ့ မိဘတွေကတော့ ပညာ ကိုသာ အာရုံစိုက် သင်ယူဖို့ ဆန္ဒ ရှိခဲ့ပါတယ်။ ခက်ခဲစွာကြိုးစားပြီးမှ သူနာပြုဖြစ်လာခဲ့တာပါ။ မတော်တ ဆဖြစ်ရပ်က ကျွန်မဘ၀ကို ပြောင်းလဲသွားစေပါ တယ်။ ကျွန်မအနေနဲ့ ခြေထောက် တစ်ဖက်တည်း ဆုံးရှုံးခဲ့ တာမဟုတ်ဘဲ ဘ၀တစ်ခုလုံး ဆုံးရှုံးသွားတာ ဖြစ်ပါတယ်။ ကျွန်မအနေနဲ့ ကခုန်ခြင်းပြုလုပ်ပြီး ဘ၀ကို ဆက်နေရတာ ဖြစ်ပါတယ်။ ခြေထောက်တစ်ဖက် မရှိတော့ပေမယ့် ရှက်မိကြောင်း ဘယ်တော့မှ ပြောမှာ မဟုတ်ပါဘူး။ ကျွန်မအနေနဲ့ ပရော်ဖက်ရှင်နယ် အကသမားဖြစ်လာမယ်လို့ ထင်မှတ်ထားခြင်း မရှိပါဘူး လို့ ပြောသွားခဲ့ပါတယ်။ ဆက်ရပ်ရဲ့မိခင်ဖြစ်သူက သမီးလေးအတွက် အကောင်းဆုံးဖြစ်ဖို့ အရာရာ ကြိုးစားပေးခဲ့ကြောင်း၊ ကျောင်းစာကိုသာ သင်ယူစေဖို့ ဆန္ဒရှိနေပေမယ့် လက်ရှိဖြစ်နေတဲ့ ဘ၀ကို ကျေနပ် မိကြောင်း ဆိုခဲ့ပါတယ်။ ဆက်ရပ်ဟာ အိနိ္ဒယမှာ ကျော်ကြားသူ တစ်ဦးဖြစ်နေပြီး အမှတ်တရ လက်မှတ်ရေး ထိုးခိုင်းသူတွေနဲ့ ၀ိုင်းဝိုင်းလည်နေတယ်လို့ သိရပါတယ်။

The Messenger
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...