E+R=O (အခြေအနေ Event+ တုန့်ပြန်မှု Response= ရလဒ် Outcome)
ကျွန်တော် ဆရာသုတစိုး (B.D.IC) ရေးသားထားတဲ့ “အောင်မြင်မှုရဲ့ လျှို့ဝှက်ချက်များ” ဆိုတဲ့စာအုပ်ထဲက မှတ်သားဖွယ်ရာလေးတွေကို တင်ပြလိုပါတယ်။
အထက်ပါ ဖော်မြူလာလေးကတော့ ကျွန်တော်တို့ဘဝအတွက် ကျွန်တော်တို့ကိုယ်တိုင် ၁၀၀ ရာခိုင်နှုန်း တာဝန်ယူရမယ်ဆိုတာကို ရှင်းရှင်းလင်းလင်းသိရှိနိုင်စေမှာဖြစ်ပါတယ်။ အဆိုပါ ဖော်မြူလာနဲ့ ပတ်သက်ပြီး အောက်ပါအတိုင်းရေးသားထားပါတယ်။
သင့်ဘဝမှာ သင်ကြုံတွေ့ရသည့် ရလဒ်များဖြစ်သည့် အောင်မြင်မှု၊ ကျရှုံးမှု ၊ဆင်းရဲမှု၊ ကျန်းမာမှု၊ ချူချာမှု၊ စိတ်ဆင်းရဲမှု၊ စိတ်ပျော်ရွှင်မှု၊ စိတ်ညစ်မှု စသည့် ရလဒ်အားလုံးသည် သင်ယခင်က ဘဝမှာမည်ကဲ့သို့ နေခဲ့ ထိုင်ခဲ့၊ လုပ်ဆောင်ခဲ့ခြင်းများ၏ အဖြေများဖြစ်ပါသည်။
အကယ်၍ သင်အခု ရရှိရောက်ရှိနေသည့် အခြေအနေနှင့် ရလဒ်များကို မကြိုက်ဘူးဆိုရင် ရွေးချယ် စရာနှစ်ခုကို သင်လုပ်နိုင်တယ်။ (၁)ရလဒ်( Outcome) မရှိသော ၊အခြေအနေ(Event) ကို သင်အပြစ် တင်နိုင်သည်။ တစ်နည်းပြောရလျှင် သင်သည် လက်ရှိစီးပွားရေးအခြေအနေ၊ ရာသီဥတု၊ ငွေမရှိခြင်း ၊ပညာမတတ်ခြင်း၊ လူမျိုးရေး၊ ယောက်ျားဖြစ်၍ ၊မိန်းမဖြစ်၍ ၊လက်ရှိအစိုးရ၊ သင်၏မိန်းမ ဒါမှမ ဟုတ် ယောက်ျား၊ သင့်အထက်အရာရှိ၏ အကျင့်စရိုက် ၊ သင့်ကို မထောက်ပံ့ခြင်း၊ နိုင်ငံရေးအခြေအနေ၊ စနစ်ရှိခြင်း ဒါမှမဟုတ် မရှိခြင်း စသည်တို့ကို သင့်အနေဖြင့် အပြစ်ပြောနိုင်သည်။ သင်သည် ဂေါက် သီးရိုက်သူတစ်ယောက်ဖြစ်လျှင် သင် ဂေါက်ရိုက်တံ ဒါမှမဟုတ် ကစားနေကျ ဂေါက်ကွင်းအား သင်အပြစ် တင်နိုင်သည်။ ဒါပေမယ့် ထိုအရာများသည် အဓိကကျသည့်အရာများဖြစ်လျှင် မည်သူမျှအောင်မြင်မည် မဟုတ်ပါ။
(ဘာသာပြန်သူ။ ။ ၄င်းအခြေအနေကို ဂေါက်ရိုက်သူအားလုံး ကြုံတွေ့ရခြင်းဖြစ်ပါသည်။ ဒါပေမယ့် တစ်ချက်တည်းကျင်းဝင်အောင်ရိုက်နိုင်သူ မြောက်များစွာရှိပါသည်။)
ဒီလိုအကြောင်းတွေကြောင့်ဆိုလျှင် (Jackie Robinson) ဂျက်ကီရောဘင်ဆန်သည်လည်း ဘယ်တော့ မှ မေဂျာလိဒ် မှာ ဘေ့စ်ဘောကစားနိုင်တော့မည်မဟုတ်ပါ။ ဆစ်ဒနီပွိုက်တာ နှင့် ဒန်ဇေးဝါရှင်တန် တို့ သည်လည်း ဘယ်တော့မှ အောင်မြင်သည့် သရုပ်ဆောင်ဖြစ်မည်မဟုတ်ပါ။ ဒိုင်ယဲန်း ဖိန်းစတိန်း နှင့် ဘာဘရာဘောက်ဆာ တို့လည်းအမေရိကမှာ အထက်လွှတ်တော်အမတ်မဖြစ်နိုင်ပါ။ အာရင်ဘရော့ဗစ်ခ်ျ သည်လည်းပဲ ကယ်လီဖိုးနီးယား ပြည်နယ်ရှိ ဟင်ကလေးမြစ်၌ ရေထုညစ်ညမ်းနေသည်ကိုလည်း သိရှိနိုင် မည်မဟုတ်ပါ။ ဘီလ်ဂိတ်သည်လည်း မိုက်ခရိုဆော့ဖ် ကုမ္ပဏီကို တည်ထောင်နိုင်မည်မဟုတ်ပါ။ စတိဗ်ဂျော့ သည်လည်း အဲပဲလ်ကွန်ပျူတာကိုစတင်မည်မဟုတ်ပါ။ ဘယ်လိုကြောင့်ပဲဖြစ်ဖြစ် ဘာ့ကြောင့် မဖြစ်နိုင်ရမှာလဲ၊ ရာထောင်မကသော သူများကလည်း ဤ အခြေအကြနေအတူတူကို ဖြတ်သန်းပြီး ဘာကြောင့်အောင်မြင်ခဲ့ကြရတာပါလဲ။
လူအများစုသည် အခြေအနေဆိုး အခက်အခဲများကို ကန့်သတ်ချက်များရှိနေသည့်ကြားမှ ရအောင်ကျော်ဖြတ်လာနိုင်ကြသည်။ ထိုအခြေအနေဆိုးများကို ကန့်သတ်ချက်များရှိနေသည့်ကြားမှ ရအောင်ကျော်ဖြတ်လာနိုင်ကြသည်။ ထိုအခြေအနေဆိုးများက သင့်ကို တားဆီးထားခြင်း၊ ရပ်တန့်စေခြင်း မဟုတ်ဘဲ သင်ကိုယ်တိုင်ကသာ သင့်ကိုယ်သင် တားဆီး ရပ်တန့်ထားခြင်းဖြစ်သည်။ ကျွန်တော်တို့ ကိုယ် ကိုကိုယ် ရှေ့ဆက်မသွားနိုင်အောင် ရပ်တန့်ပစ်လိုက်ကြခြင်းဖြစ်သည်။ ကျွန်တော်တို့သည် မလုပ်နိုင်ဘူး ဆိုသည့် အလေ့အကျင့်များ ၊ ကျွန်တော်တို့စဉ်းစားလေ့ရှိသည့် အတွေးအခေါ်များအတိုင်း အမြဲစဉ်း စားနေခဲ့ကြသည်။ ကျွန်တော်တို့သည် ကိုယ့်ကိုကိုယ်ပျက်စီးစေမည့် အမူအကျင့်ဟောင်းများအတိုင်း အမြဲစဉ်းစားနေခဲ့ကြသည်။ ဥပမာ ဆေးလိပ်သောက်ခြင်း၊ အရက်သောက်ခြင်း စသည့်မကောင်းသည့် အမူအကျင့်များကို မကောင်းတာသိလျက်နှင့်ဆက်မလုပ်သင့်သော်လည်း ဆက်လုပ်နေကြသည်။ ကျွန်တော်တို့သည် မိမိဘဝ ပိုမိုကောင်းမွန်စေမည့် အကြံပြုချက်များကိုပြန်လည် ဆန်းစစ်ခြင်း၊ အဆက် မပြတ် လေ့လာသင်ယူခြင်းများ လုပ်ဆောင်နိုင်စွမ်းအသစ်များအတွက် သင်တန်းများတက်ရောက်ခြင်း စသည့် လုပ်သင့် သည့်ကိစ္စများကို မလုပ်ဘဲ ကျွန်တော်တို့ဘဝအတွက် အရေးမကြီးသည့် ကိစ္စများဖြစ် သည့် အတင်းအဖျင်းပြောခြင်း၊ ကျန်းမာရေးနှင့်မညီညွတ်သည့် အစားအစာများ စားနေခြင်း၊ လေ့ကျင့်ခန်း မလုပ်ခြင်း၊ ဝင်ငွေထက်ပို၍ သုံးခြင်း၊ အနာဂတ်အတွက် ရင်းနှီးမြှုပ်နှံမှုမရှိခြင်း၊ မလိုအပ်သည့် ငြင်းခုန်မှု များပြုခြင်း၊ အမှန်ကိုမပြောခြင်း ၊လိုချင်သည်များရအောင်မတောင်းခံခြင်း စသည်တို့ကို ပြုလုပ်ပြီး ကျွန်တော် တို့ဘဝမအောင်မြင်ခြင်းအပေါ် အပြစ်တင်ကြပါလိမ့်မည်။ ဒါကလည်း လူအများ လုပ်လေ့ရှိကြသည့် နည်းလမ်းပဲဖြစ်ပါသည်။ သူတို့တွေသည် လွယ်လွယ်ကလေး နှင့် အခြေအနေနှင့် အချိန်အခါကို အပြစ် တင်လိုက်ကြသည်။ သူတို့သည် ကြုံတွေ့နေရသည့် အခြေအနေအားလုံးအတွက် ဆင်ခြေများရှိနေကြ ပါသည်။
(၂)သင်ကြုံတွေ့ရသော အခြေအနေ(Event) အပေါ် သင်၏ တုန့်ပြန်မှု(Response) ကိုပြောင်းလိုက်ပါ ကသင်လိုချင်သောရလဒ်(Outcome) ကိုရရှိမည်မှာ အသေအချာပင်ဖြစ်သည်။
သင်၏ စဉ်းစားဆုံးဖြတ်မှုကိုပြောင်းလဲပါ။ သင်၏နေထိုင်ဆက်ဆံပုံနှင့် သင့်ခေါင်းထဲ၌ ရှိနေသော အတွေး အခေါ်များကိုလည်း ပြောင်းလဲပစ်ပါ။ သင့်ကိုယ်သင် စဉ်းစားတွေးခေါ်မှုနှင့် သင့်ဦးနှောက်ထဲ၌ ရှိနေသော ပုံရိပ်များ၊ နောက်ပြီးသင်၏ အမူအကျင့်ဟောင်းများကို ပြောင်းလဲပါ။ နောက်ပြီး သင်လုပ်နေသည့် လုပ်ဆောင်မှုများကို ပြောင်းပစ်ပါ။ ထိုအမူအကျင့်များကို သင်ကိုယ်တိုင်ကသာ ပြုပြင်ပြောင်းလဲ လုပ်ဆောင်နိုင်မည်ဖြစ်သည်။ သို့သော်ကံဆိုးစွာနှင့်ပဲ ကျွန်တော်တို့ ဘယ်တော့မှ မပြောင်းလဲနိုင်သော အကျင့်ဟောင်းများအတိုင်းသာဆက်လက်လုပ်ဆောင်နေကြသည်။ ကျွန်တော်တို့သည် ကျွန်တော်တို့၏ အိမ်ထောင်ဖက်များ၊ ကလေးများ၊ အလုပ်ရှိလုပ်ဖော်ကိုင်ဖက်များ၊ ကျွန်တော်တို့၏ ဝယ်ယူသူများ၊ ကျောင်း သားများကို ယခင် အမူအကျင့်ဟောင်းများအတိုင်း ဆက်ဆံပြုမူနေကြသည်။ကျွန်တော်တို့သည် ကျွန်တော် တို့ဘာမှ ပြုပြင်ပြောင်းလဲ၍ မရသော ပြင်ပအခြေအနေများကို ယခင် အမူအကျင့်ဟောင်းများအတိုင်းသာ တုန့်ပြန်နေကြသည်။ သင်၏ စဉ်းစားတွေးခေါ်မှုများ၊ သင့်ကိုသင် ထင်မြင်ထားမှုများ၊ အိပ်မက် စိတ်ကူး များနှင့် အကျင့်များကို ပြန်လည်ဆန်းစစ်ပြုပြင်ပါ။ သင်၏ ရည်ရွယ်ချက်များ၊ တန်ဖိုးထားသော အရာများ၊ ပန်းတိုင်များ ကိုရရှိရောက်ရှိ စေရန် သင်၏ တွေးခေါ်မှု ၊ပြောဆိုဆက်ဆံမှု၊ လုပ်ဆောင်မှုတိုင်းသည် သင့် ဆန္ဒများဖြစ်သည့် ရည်မှန်းချက် ပန်းတိုင်ကို အထောက်အကူပြူစေရမည်ဖြစ်သည်။
ကောက်နှုတ်ချက်
---------------------
“အောင်မြင်မှု၏ လျှို့ဝှက်အမူအကျင့်များ”
သုတစိုး(B.D.I.C)
ယခုစာအုပ်အား ယခင်အပတ် Tech Space ကွန်ပျူတာ၊ သိပ္ပံ နှင့်နည်းပညာဂျာနယ် Vol-3 Issue-8 တွင် Review ရေးသားပြီးဖြစ်ပါသည်။ မှတ်သားဖွယ်ရာများစွာပါဝင်သော စာအုပ်ကောင်းတစ်အုပ်မို့ စာဖတ်ပ ရိသတ်များ အကျိုးရှိနိုင်မည်ဟုယူဆသဖြင့် ကောက်နှုတ်ဖော်ပြလိုက်ရခြင်းဖြစ်ပါသည်။ (အယ်ဒီတာ)
TechSpace Journal
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)