ပညာရေးကင်ဆာ ကုစားနိုင်ပါ့မလား
ဦးနင်းပဲ့ထောင်၊ ပဲ့နင်းဦးထောင်ဆိုသကဲ့သို့ တစ်ဖက်ကိုနှိမ်နင်းလျှင် တစ်ဖက်က ထကြွလာမည်။ ကျိုးပဲ့ ပျက်စီးနေသည့်အဖြစ်ကို မြေစမ်းခရမ်းပျိုးပြီး ပြုပြင်လုပ်ကိုင်နေကြ၍ ထိုင်နေလျှင် အကောင်း သား၊ ထသွားမှ အကျိုးမှန်းသိဆိုသကဲ့သို့အဖြစ်များကို မီးမောင်းထိုးပြနေသည်။
ဥပမာ-နိုင်ငံတော်က ရေရှည်အကျိုးစီးပွားကို မကြည့်ဘဲလတ်တလော ဖြေရှင်းမှုအတွက် ဘတ်စ်ကား ခနှုန်းထားတွေ၊ လျှပ်စစ်မီတာခတွေ၊ အခွန်အကောက်တွေ တိုးမြှင့်ကောက်ခံခြင်းကြောင့် ငွေကြေးက လည်း ဖောင်းပွနေချိန်မှာ ကုန်ဈေးနှုန်းတွေတက်၊ ကြီးမြင့်နေကြရသည်။ နဂိုကမှဆင်းရဲနေကြရသည့် ပြည်သူအများစုမှာ ဆင်းရဲတွင်းနက်သည်ထက်နက်နေကြရသည်။ နဂိုကမှဆင်းရဲနေကြရသည့် ပြည် သူအများစုမှာ ဆင်းရဲတွင်းနက်သည်ထက်နက်နေကြရသည် နေရာတကာအရေအတွက်ကိုသာကြည့် ပြီးအရည်အချင်းကို မကြည့်ဘဲတက္ကသိုလ်ဝင်ခွင့်တွေ၊ ရာနှုန်းပြည့်နီးပါးအအောင်ပေးလိုပေး၊ ဝိဇ္ဇာ၊ သိပ္ပံဘွဲ့၊ မဟာဘွဲ့၊ ပီအပ်ခ်ျဒီ၊ ဆေးအင်ဂျင်နီယာဘွဲ့တွေ၊ စက်ရုံကထုတ်သလို ဖောခြင်းသောခြင်း ထုတ်နေကြသည်။ နိုင်ငံတော်မှာက တဖြည်းဖြည်းနှင့်လူ့စွမ်းအားအရင်းအမြစ်များ ယုတ်လျော့ကုန်ကြ သည်။ အလုပ်အကိုင်အခွင့်အလမ်းများ အလွန်ရှားပါးကုန်ကြသည် . . . . စသည့်အခြားသော သာဓ ကတွေမြောက်မြားစွာရှိကြသည်။
မဆလလက်ထက်က ပဏ္ဍိတစစ်ဆင်ရေးဆိုပြီး ကျူရှင်ဥပဒေတွေလိုအပ်တာထက် စည်းကြပ်လိုက်ကြ သည်။ ကျူရှင်လခတွေ တစ်လ ၁၀ ကနေသောင်းဂဏန်း၊ သိန်းဂဏန်းဖြစ်သွားကြသည်သာ အဖတ် တင်သည်။ တပ်မတော်အစိုးရလက်ထက်ရောက်ပြန်တော့ အဋ္ဌမတန်း (ရှစ်တန်း) ကိုအစိုးရစစ်မှ ကျောင်းစစ်လုပ်ပစ်သည်။ အစိုးရစစ် ဒသမတန်း (တက္ကသိုလ်ဝင်တန်း) စာမေးပွဲတွင် နဝမတန်းစာမ မေးရဟု ညွှန်ကြားပြန်သည်။ အရည်အချင်းရှိရှိ၊ မရှိရှိ၊ တတ်တတ်၊ မတတ်တတ်၊ မအောင်မနေရ တန်းစဉ်အအောင်ပေးပစ်သည်။ အခြေခိုင်နေသော ခြောက်ဘာသာစိတ်ကြိုက် သင်ယူခြင်းစနစ်မှ ကိုး ဘာသာစနစ်သို့ပြောင်းပြန်သည်။
အာဏာရှင်တို့ ညွှန်ကြားချက်သည် အကြောင်းတရားကြောင့် အကျိုးတရားများမှာ ပညာရေးအာဏာ အလွဲသုံးစားမှုများကပေါ်ပေါ်ထင်ထင် ပေါ်လာသည်။ ဆရာများနှင့်ကျောင်းသားများသည် အာဏာရှင် များ၏လက်ခုပ်ထဲက ရေဖြစ်ကြရသည်။ ဆရာတပည့်မွေးသည့် စနစ်ခေတ်စားလာသည်။ အစိုးရ ကျောင်းဆရာများ၏ ကျူရှင်များ၊ ကြီးပွားလာပြီး မယူမနေရဖြစ်လာသည်။ အစိုးရကျောင်းဆရာ ကျူ ရှင်တက်မှစာမေးပွဲအောင်မည်၊ အမှတ်ကောင်းမည် စသည့်ဘက်လိုက်ခွဲခြားမှုများ ရှိလာသည်။ ကျောင်းသား၊ ကျောင်းသူများမှာ ရေသာခို၊ မရိုးဖြောင့်သောလမ်း ဖြတ်လမ်းနည်းများ လိုက်လာသည်။ အခြေမခိုင်၊ မပိုင်၊ ပညာရေးအဆောက်အအုံကြီးက ယိုင်နဲ့လာသည်။ ပြိုလဲတော့မည်အဖြစ်။
‘ကျောင်းက ကျောင်းဆရာမက သင်္ချာပုစ္ဆာရှင်းလေရှုပ်လေပါဗျာ။ ကျွန်တော်တို့ကို သင်္ချာညံ့လို့အဲဒီ ဆရာမက အချိန်ပိုမဖြစ်မနေတတ်ရမယ်ဆိုပြီး ခေါ်သင်တယ်။ ဆရာမကရှင်းလည်းမရှင်းတတ်ဘူး။ ရှုပ်တာကို ပိုရှုပ်အောင်လုပ်နေတာ’ ဟု အဋ္ဌမတန်းကျောင်းသားတစ်ယောက်က ရင်ဖွင့်သည်။ နောက် နဝမတန်းကျောင်းသူတစ်ယောက်က ‘ဘိုင်အိုမှာကျောင်းက ဆရာမ Note နဲ့မတူလို့ အမှတ်မပေးဘူး။ သင်္ချာကလည်း ဆရာမတွက်နည်းနဲ့မတူလို့တဲ့’ ဟုဆိုပြန်သည်။
တပ်မတော်ပြန်တမ်းဝင်အရာရှိကြီးများသည် ဘွဲ့ရအမျိုးသမီးများနှင့်သာ လက်ထပ်ရမည်ဆိုသည့် နှလုံးသားဒီမိုကရေစီကင်းမဲ့သော ပုံပြင်တစ်ပုဒ်ပေါ်ခဲ့ဖူးသည်။ ရွှေသမင်ဘယ်ကထွက်မင်းကြီးတာက ထွက်ဆိုသလို တက္ကသိုလ်ဝင်တန်းမှာ စားခိုးချပွဲကြီးတွေ ခြိမ့်ခြိမ့်သဲသဲ အစပြုကျင်းပလာကြသည်။ ခိုးချရမည့် Pocket Card စာအုပ်သေးလေးများက ပလူပျံလို့။ ဘာသာစုံ ဘော်ဒါကျောင်းတချို့ဆိုလျှင် သူတို့တက္ကသိုလ်ဝင်တန်းကျောင်းသား၊ ကျောင်းသူတစ်တန်းလုံး နယ်ကစာစစ်ဌာနအခန်းတစ်ခန်းမှာ စာမေးပွဲအတူဖြေခွင့်ရရန် ဖန်တီးကြသည်။
စာခိုးချဖို့ကူညီသူက ကူညီ၊ လုပ်သူကလုပ်နှင့် ဘယ်တော့မှ တက္ကသိုလ်ဝင်တန်းမအောင်နိုင်သည့်၊ မအောင့်သင့်သည့် ကျောင်းသားတွေ တက္ကသိုလ်ဝင်တန်းအောင်သွားကြသည်။ ဘွဲ့တွေအသီးသီးရ သွားကြသည်။ တည်ထောင်သူကတော့ ကြီးပွားသွားသည်။ တက္ကသိုလ်တွေမှာလည်း မေးခွန်းရောင်း တဲ့သူ၊ စာခိုးချကြသူတွေ စုံလို့၊ ခုံနံပါတ်တပ်လိုက်ရင် အအောင်ပေးတဲ့ခေတ်ကြီးမှာ အမှားအမှန်မသိ ဘဲ ဘွဲ့တွေအသီးသီးရသွားကြသည်။ သို့သော်အလုပ်အကိုင်အခွင့်အလမ်းက နတ္ထိ၊ စိတ်ဓာတ်ရေးရာ ပျက်ပြားမှုနှင့်အတူ လူ့စွမ်းအားအရင်းအမြစ်များသာ ပျက်ပြားသွားကြရသည်။
ဒီမိုကရေစီအစိုးရလက်ထက်ရောက်ပြီ။ ဈေးကွက်စီးပွားရေးစနစ်ကြီး ပီပီပြင်ပြင်ကျင့်သုံးမည်ဟုဆို သည်။ ယခင်အစိုးရလက်ထက်က ဆိုးမွေ၊ ကောင်းမွေတော့ခံကြရပါသည်။ အစိုးရ၊ ပုဂ္ဂလိက၊ ဖက်စပ်၊ သမဝါယမစသည့် စီးပွားရေး၊ ပညာရေးပြိုင်ဆိုင်တိုးတက်မှုတွေ ရှိလာကြသည်။ ပညာရေးမှာလည်း အစိုးရကျောင်းများသာမက ပုဂ္ဂလိကကျောင်းများပါ ပေါ်ထွန်းလာနိုင်ခဲ့သည်။ ထိုနည်းအတူ အစိုးရ ကျောင်းများ၊ ပုဂ္ဂလိကကျောင်းများ (ကျူရှင်ဆရာမပါ) သည်လုပ်ပိုင်ခွင့်အသီးသီးရရှိလာကြပါသည်။ ယင်းပညာရေးလုပ်ပိုင်ခွင့်အာဏာကို အလွဲသုံးစားမလုပ်မိကြဖို့တော့ အထူးအရေးကြီးသည်။
ယခင်ကအစိုးရကျောင်းမှာ တက္ကသိုလ်ဝင်တန်း ကျောင်းသား၊ ကျောင်းသူများကျောင်းတက်ချိန် ၇၅ ရာခိုင်နှုန်းရှိမှ ဖြေဆိုခွင့်ကတ်ရမည်ဟူသော ဥပဒေရှိပါသည်။ ကျောင်းကဆရာစာသင် မကောင်းလျှင် လည်း ကျောင်းသားများသည် မတက်ချင်ဘဲ အပိုချိန်ကိုအောင့်အည်းတက်နေကြရသည်။ အတင်း အကျပ်အပိုချိန်ခေါ်သင်ခြင်းကတော့ မလုပ်သင့်ပါပြီ။ အချိန်တွေအလဟဿ ဖြုန်းနေကြရသည်။ ဒီဆရာကောင်းမှ ဒီကျောင်းကိုတက်ချင်ကြပေလိမ့်မည်။ ထို့ကြောင့်အစိုးရကျောင်း တစ်နှစ်လုံးတက် စရာမလိုဘဲ ဖြေဆိုခွင့်ရရန်အတွက် ကျပ်ခုသိန်း၊ ကျပ် ၁၀ သိန်းဆက်ကြေးကောက်သလို ပညာရေး လုပ်စားနေသူများလည်း ရှိလာကြပါသည်။
ပုဂ္ဂလိက ကိုယ်ပိုင်ကျောင်းများသည် စမ်းသပ်ကာလတစ်နှစ်တွင် အခြေခံပညာအထက်တန်းကျောင်း တစ်ကျောင်းနှင့်တွဲဖက်၍ ထားရှိရန်ညွှန်ကြားသော်လည်း မည်သည့်အခြေခံပညာကျောင်းနှင့်မှ တွဲဖက် ထားခြင်းမရှိသော ပုဂ္ဂလိက ကျောင်းတချို့ရှိနိုင်ပါသည်။
နိုင်ငံတော်က တက္ကသိုလ်ဝင်တန်း (ဒသမတန်း) စာမေးပွဲမှာ နဝမတန်းစာမမေးရဟု ညွှန်ကြားချက် အမှားများရှိပါသည်။ ပညာရေးညွှန်ကြားခွင့်ရှိသူများသည် ဆရာ၊ ဆရာမနှင့် ကျောင်းသား၊ ကျောင်း သူများကို အရေအတွက်ပြီးရန်သာ တစ်လလျှင် သင်ခန်းစာ အခန်း (၃) ခန်း၊ (၄) ခန်း သင်ကြားရမည် ဟုသက်ဆိုင်သူများက အာဏာနှင့်ညွှန်ကြားနေခြင်းများရှိပါသည်။ (မနိုင်မနင်း လုပ်ခိုင်းခြင်း၊ ဆရာ၏ အခွင့်အာဏာဖျက်ဆီးခြင်း။)
ထို့အတူ ပုဂ္ဂလိကကျောင်းများသည် ပညာရေးဝန်ကြီးဌာနမှ ချမှတ်ထားသော အတန်းစဉ်သင်ရိုးများ နှင့်အညီ သင်ကြားရန်ညွှန်ကြားထားသည်မှန်သော်လည်း သင်ရိုးမကုန်ခြင်း၊ အထူးသဖြင့် ပညာသင် နှစ်နဝမတန်းသင်ရိုးအား အောက်တိုဘာလအထိသာ သင်ကြားပြီးနိုဝင်ဘာလမှ ဖေဖော်ဝါရီလအထိ ဒသမတန်းအထိသင်ရိုးများ သင်ကြားပို့ချကာ နဝမတန်းနှစ်ဆုံးစာမေးပွဲအား ဒသမတန်းသင်ရိုးပါ စာများဖြင့် စစ်ဆေးကြခြင်းများလည်း ရှိနိုင်ပါသည်။ နဝမတန်းကျောင်းသား၊ ကျောင်းသူများမှာ နဝမတန်း သင်ရိုးတစ်ဝက်သာ သင်ကြားခဲ့ရခြင်းမျိုး ဖြစ်ပါသည်။ [ကိုယ်ပိုင်ကျောင်းမှတ်ပုံတင်ဥပဒေ ပုဒ်မ-၁၆(ဇ)] [နည်းဥပဒေ ၁၉(င)]
ပညာရေးညွှန်ကြားသော အာဏာပိုင်များသည် နဝမတန်းအထိ ကလေးများကို တစ်နေ့နှစ်ဘာသာ အချိန်ဆက်တိုက်စာမေးပွဲဖြေကြားခိုင်းခြင်းများ၊ မနိုင်ဝန်ထမ်းခိုင်းခြင်းများရှိပါသည်။ ပုဂ္ဂလိကကျောင်း အချို့သည် ပဉ္စမတန်းမှ နဝမတန်းအထိ စစ်ဆေးသောစာမေးပွဲသည် ၃-၃-၂၀၁၄ ရက်မှ ၅-၃-၂၀၁၄ ရက်အထိ ဤရက်စွဲဖြင့် စစ်ဆေးရန်ညွှန်ကြားစာထုတ်သော်လည်း ၂၃-၂-၂၀၁၄ ရက်မှစ၍ ၂၈-၂-၂၀၁၄ ရက်အပြီးနှစ်အဆုံးသတ် စာမေးပွဲကို ပဉ္စမတန်းမှ နဝမတန်းအထိစစ်ဆေးပြီး [(ဥပဒေပုဒ်မ ၁၆ (ဎ)/နည်းဥပဒေ ၁၈(က)] များရှိနိုင်ပါသည်။
နိုင်ငံတော်မှ တစ်ပြည်လုံးစာမေးပွဲအောင်စာရင်းများ ထုတ်ပြန်ရမည့်ရက်များကို မြန်မသက္ကရာဇ်နှစ် ဆန်းနှစ်ရက်နေ့ (၁၈-၄-၂၀၁၄) တွင်ထုတ်ပြန်ရန် ညွှန်ကြားထားသော်လည်း ပဉ္စမတန်းမှ နဝမတန်း အထိအောင်စာရင်းများအား ရာနှုန်းပြည့်အအောင်ပေး၊ ဥပမာ ၁၅-၃-၂၀၁၄ ရက်တွင် ထုတ်ပြန်ပြီး ၁-၄-၂၀၁၄ ရက်တွင် ကျောင်းပြန်ဖွင့်ခြင်းများရှိနိုင်ပါသည်။ ပုဂ္ဂလိကကျောင်းများသည် သင်ကြားသော ဆရာ၊ ဆရာမများကို မိမိစိတ်ကြိုက် သဘောအာဏာဖြင့် ဖြုတ်ခြင်း၊ ခန့်ခြင်းများ၊ အရည်အသွေးအ ဆင့်မမီသောဆရာကို သင်ကြားစေခြင်းများစသည် စသည်အာဏာရှင်များ၏ လုပ်ရပ်များမလုပ် ဆောင်မိကြဖို့ အရေးကြီးပါသည်။
နိုင်ငံတော်ကလည်း ပညာရေးမူဝါဒဥပဒေများ၊ နည်းဥပဒေများကို အမှားအမှန်ဝေဖန်ပိုင်းခြားပြီး အမြော်အမြင်ကြီးစွာ မှန်မှန်ကန်ကန်စီမံကိန်းချမှတ်ရန်လိုပါသည်။ ကျောသား၊ ရင်သားမခွဲခြားဘဲ ဥပဒေစည်းကမ်းနှင့်အညီ ဆုပေး၊ အားပေးခြင်းနှင့်အတူ ဒဏ်ပေးအရေးယူဖို့လိုပါသည်။ အစိုးရ ကျောင်းများ၊ ပုဂ္ဂလိကကျောင်းများကလည်း ပညာရေး၊ ဥပဒေစည်းကမ်းများနှင့်အညီ ဂုဏ်သိက္ခာရှိရှိ လုပ်ကိုင်လိုက်နာကြဖို့လိုပါသည်။ ပညာရေးအလွဲသုံးစားမှုများ ကင်းဝေးမှ အစိုးရ၊ ဆရာ၊ မိဘ၊ ကျောင်းသားအတွက် ရင်းနှီးပေးဆပ်ရကျိုးနပ်ပါမည်။
အနာဂတ်နိုင်ငံတော်၏ ပညာရေးဖွံ့ဖြိုးမှုအတွက်လည်းကောင်း၊ လူ့စွမ်းအားအရင်းအမြစ် အမှန်အကန် ရရှိရေးအတွက်လည်းကောင်း ရင်အေးကြပေလိမ့်မည်။
စံတော်ချိန်သတင်းစာ
မေလ (၂၅) ရက်၊ ၂၀၁၄ ခုနှစ်
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)
ကိုမျိုး (lwanmapyay.blogspot.com)