ရာထူးဝင်ခွင့် စာမေးပွဲဆိုတာ



ခေါင်းစဉ်ကိုကြည့်ပြီး ရာထူးဝင်ခွင့်စာမေးပွဲအကြောင်းသိကောင်း စရာတွေ ရေးမယ်လို့တော့ မထင် လိုက်ပါနဲ့။ တကယ်တော့ မဟုတ် ပါဘူး။ ရာထူးဝင်ခွင့်နဲ့ပတ်သက် တဲ့ အကြောင်းအရာတချို့ကို ပြောချင် လို့ပါ။ စာရေးသူက အင်္ဂလိပ်ဘာသာစကားသင်တဲ့ သူဆိုတော့ ရာထူးဝင်ခွင့်စာမေးပွဲနဲ့ ပတ်သက်လာ တာ မဆန်းပါဘူး။ လွန်ခဲ့တဲ့ သုံးနှစ်ပတ်ဝန်းကျင်လောက်က ရာထူးဝင်ခွင့်စာမေးပွဲအတွက် အင်္ဂလိပ်စာ သင်ပေးခဲ့ဖူးပါတယ်။ ခုနောက်ပိုင်း မသင်ဖြစ်တာ တော်တော်ကြာပါပြီ။ တချို့သော သင်တန်းစုံစမ်းကြတဲ့ သူတွေကဘာသာစကား သင်တန်းအပြင် ရာထူးဝင်ခွင့်စာမေးပွဲအတွက် ဆရာမသင်ဘူးလားလို့ မေးကြပါ တယ်။ ကျွန်တော်က အရင်တုန်းကတော့ သင်ပါတယ်။ ခုတော့ မသင်တော့ဘူးလို့ ဖြေပါတယ်။ တချို့သော သူတွေက ကျွန်တော်ဘာလို့ ရာထူးဝင်ခွင့်မသင်တော့တာလဲဆိုတာ သိချင်ကြပါတယ်။ ဘာဖြစ်လို့ မသင်တော့တာလဲဆိုတော့ ...

ရာထူးဝင်ခွင့် စာမေးပွဲဆို တာ အရာရှိဖြစ်ချင်သူများအ တွက် မဖြစ်မနေ ကျော်ဖြတ်ရမယ့် တံခါးပေါက် တစ်ခုပါ။ ဒါပေမဲ့ လစ်လပ်တဲ့ ရာထူးနေရာလိုအပ် ချက်နဲ့ လျှောက်ထားသူ အရေအ တွက် အချိုးအစား မမျှတလှတဲ့အ တွက် ရပ်ကွက်ထဲက ၁၅၀၀ တန် ဖုန်း မဲဖောက်သလို အဂတိတရား နဲ့ မကင်းတာတွေ၊ မကျေနပ်မှု တွေ၊ ပေါက်ကွဲသံစဉ်တွေ တွေ့ လာနေရပါတယ်။ အဆိုပါ တံခါး ပေါက်ကို ဖြတ်သန်းခွင့်ပြု တဲ့အ ခါမှာ သတ်မှတ်တဲ့ အရည်အချင်း တွေ ပြည့်စုံပေမယ့် ငယ်ငယ်တုန်း က သင်ရတဲ့ တံခါးမှူးသင်ခန်း စာလို အဂတိတရားနဲ့ မကင်းတာ မျိုး တွေ့ကြုံရရင် တကယ်အရည် အချင်းရှိသူတွေအတွက် နစ်နာ လှပါ တယ်။ ဒါထက်ဆိုးတာက အရည်အချင်းရှိတဲ့ သူတွေအ တွက် ယုံကြည်မှုကို ရိုက်ချိုးလိုက် ရာလည်း ရောက်ပါတယ်။

ဒါ့အပြင် ကျောင်းပြီးလို့ ဘွဲ့ တစ်ခု ရသွားတဲ့အခါ ကျွန်တော် တို့နိုင်ငံမှာ ဘယ်တက္ကသိုလ်ကကျောင်းပြီး သည်ဖြစ်စေ ဘယ်ဘွဲ့ လက်မှတ်ကမှ အာမခံချက် ရ မထားပါဘူး။ ရန်ကုန်ဆေးတက္က သိုလ်က ကျောင်းပြီးတာကြောင့် ချက်ချင်းအလုပ်ရသွားတာမျိုး၊ လုပ်ငန်းရှင်တွေက ဘွဲ့နှင်းသဘင်မှာ လာစောင့်ပြီး ချက်ချင်းလုပ်ငန်းအတွက် လာရောက် ကမ်းလှမ်းတာမျိုး မရှိပါဘူး။ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန လက်အောက်ရှိ နည်းပညာတက္ကသိုလ် များ၊ ကွန်ပျူတာတက္ကသိုလ်များ၊ ပညာရေးဝန်ကြီးဌာန လက် အောက်ရှိ ၀ိဇ္ဇာ/သိပ္ပံ တက္ကသိုလ် များစတဲ့ တက္ကသိုလ်အသီးသီးက ကျောင်းပြီးလို့ ဘွဲ့ရကြတဲ့သူတွေ အားလုံးကလည်း ဒီအတိုင်းပါပဲ။ ဘယ်တက္ကသိုလ်က ဘွဲ့ရတာ ကြောင့် ဦးစားပေးတယ်ဆိုတဲ့ Graduation Grade ကွဲပြားခြား နားမှု မရှိပါဘူး။ မြန်မာပြည် မြောက်ဖျားက မြစ်ကြီးနား တက္က သိုလ် ကနေ တောင်ဘက်စွန်းမြိတ် တက္ကသိုလ်အထိ မြန်မာပြည်ရဲ့ ဘယ်တက္ကသိုလ်ကပဲ ဘွဲ့ရသည်ဖြစ်စေ Graduation Grade ကတော့ အတူတူပါပဲ။ အဲဒီလိုမျိုးပညာရေးကို တန်းတူညီမျှ အခွင့် အရေးရထားတာ စာရေးသူတို့ တစ်နိုင်ငံပဲရှိမယ် ထင်ပါတယ်။

အဲဒီလိုနဲ့ ကျောင်းပြီးသွား တဲ့အခါ အဆင်ပြေရာ အလုပ် တစ်ခုမှာ ခိုနားရင်း ငယ်စဉ်က မက်ခဲ့တဲ့ အိပ်မက်တွေက ၀ိုးတ၀ါးနဲ့ လက်ရှိအလုပ်မှာပဲ အဆင်ပြေသလို ခရီးဆက်ရင်း ဘ၀ခရီးကို ဆက်လှမ်းကြ တာပါပဲ။ အဲဒီလို လှုပ်ရှားနေကြရင်း သက်ဆိုင် ရာ ဌာနတွေက ၀န်ထမ်းလိုအပ် ချက်ရှိလို့ ခေါ်ယူတဲ့အခါ ဘွဲ့ရလူ ငယ်တွေအတွက် အခွင့်အရေး တစ်ခုပေါ့။ ဒီနေရာမှာ စာရေးသူ ထင်တယ်။ တချို့လည်း သိပ်စိတ် မ၀င်စားကြပါဘူး။ မိဘတွေက ဖြေခိုင်းလို့ ဖြေဖို့ စဉ်းစားကြတဲ့ သူတွေကလည်း အများသား၊ တချို့ကတော့ ကိုယ်တိုင် စိတ်ဝင် စားရင်စိတ်ဝင်စားကြမှာပါ။ ကိုယ်တိုင်ပဲဖြစ်ဖြစ်၊ မိဘကပဲ ဖြစ်ဖြစ် စိတ်ဝင်စားတယ်ဆိုတဲ့ နေရာမှာလည်းအဲဒီအလုပ်ကို တကယ်လုပ်ချင်တာထက် ပတ်ဝန်းကျင်မှာ ဂုဏ်ရှိလို့၊ အဲဒီဌာနက ခွင်ကောင်းလို့စတဲ့ အကြောင်း အရာတွေလည်းပါမယ်ထင်ပါတယ်။

ဘာအကြောင်းကြောင့်ပဲ ဖြစ်ဖြစ် ရာထူးဝင်ခွင့်စာမေးပွဲ ဖြေတော့မယ်ဆိုရင် အများစုက တော့ ထုံးစံ အတိုင်း ကျူရှင်တက် ကြတာပါပဲ။ ရာထူးဝင်ခွင့်စာမေး ပွဲအတွက် သင်ရိုးဆိုတာ တကယ် တမ်းတော့ မေးခွန်းပုံစံကို သင် တာပါပဲ။ ဘယ်ကျူရှင်ကမှ မေး ခွန်းကို အတိအကျ မသိပါဘူး။ မေးခွန်ပုံစံမှာပါတဲ့ Read the Passage လို့ ကျောင်းသားတွေ ခေါ်ကြတဲ့ Comprehension က တော့ ရမ်းတုတ်လို့ ရနိုင်သေးပေ မယ့် Grammar, Translation, Essay တွေက ရမ်းတုတ်တို့မှ မရဘဲ။ မေးခွန်းတွေက Skillsပိုင်းကို မေးတာဆိုတော့ တကယ်မသိဘဲဖြေဖို့ တကယ်ခက်ပါတယ်။နောက်တစ်ချက်က မေးခွန်းတွေကို ပြန်စစ်တဲ့အခါ တိုက်စစ်လုပ်တာမျိုးနဲ့ ကြုံရင် ဖြေဆိုသူတွေအတွက် နစ်နာလှပါတယ်။ တိုက်စစ်ဆိုတာစာစစ်သူက လက်ထဲမှာရှိတဲ့ အဖြေတစ်မျိုး တည်းကိုပဲမူသေယူပြီး တိုက်ပြီးတော့ စစ်တာပါ။ လက်ထဲက အဖြေနဲ့ မတူရင် အမှတ်မရပါဘူး။

အထက်မှာ ပြောခဲ့သလိုပဲ တချို့သော စာမေးပွဲဖြေမယ့်သူ တွေက စာနဲ့လည်း တော်တော် အလှမ်းဝေးနေကြပါပြီ။ စာမေးပွဲ ဖြေမယ်ဆိုတော့မှ ကျူရှင်ပြေး တက်၊ တချို့ချို့သော ကျူရှင် တွေကလည်း တစ်နှစ်ကို ဘယ် နှယောက်အောင်တာ စသည်ဖြင့်ကြေညာကြတော့ မျှော်လင့်ချက်တွေ ကိုယ်စီနဲ့ပေါ့။ တကယ်က သင်တန်းတစ်လ၊ နှစ်လ တက်ရုံနဲ့ ကိုယ်တကယ် ဖြေနိုင်လား၊ မဖြေနိုင်လားဆိုတာ ကိုယ့်အ ခြေအနေ ကိုယ်သိပါတယ်။ ကျူ ရှင်ဆရာတွေ အာဝဇ္ဇန်း ကောင်း ကောင်းနဲ့ ဘယ်လိုအောင်ချက် ကောင်း တယ်ပြောပြော၊ တကယ် က ကိုယ်နဲ့ပဲ ဆိုင်ပါတယ်။ ကိုယ် ဘယ်လောက် အခြေခံရှိလဲ၊ ကိုယ် ဘယ်လောက်တတ်လဲဆိုတဲ့အပေါ်မှာ မူတည်ပါတယ်။ မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီး တရားဟောတာတောင်မှ ဟောတာဒီတရားတစ်မျိုးပဲ၊ အဲဒီတရားကိုနာတဲ့ တရားနာ ပရိသတ်အားလုံး သောတာပန်ဖြစ်သွားတာမှ မဟုတ်ဘဲ။ သူတို့ ဖြည့်ကျင့်ခဲ့တဲ့ ပါရမီ၊ ကုသိုလ်တွေ အပေါ်မူတည်ပြီး တရားရတဲ့ ပုံစံချင်းတူတာမှ မဟုတ်တော့ ကျွန်တော်တို့လို ပုထုဇဉ် ဆရာတွေကသင်တဲ့အခါ ကျောင်း သား အားလုံးတတ်မြောက်ဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ပါဘူး။ပုံမှန် လုပ်ရိုးလုပ်စဉ် ကိစ္စတွေမှာတော့ ကိုယ်တကယ်တော်ရင်၊ တကယ် တတ်ရင် လုံလောက်ပါပြီ။ဒါပေမဲ့ ရာထူးဝင်ခွင့် စာမေးပွဲတွေမှာ တော့ ကိုယ်တော်ရုံ၊ တတ်နေရုံ လောက်နဲ့ မလုံလောက်သေးဘူး လို့ ထင်ပါတယ်။ သက်ဆိုင်ရာ ရွေးချယ်ခွင့် ရှိသူတွေရဲ့ သဘော ထားနဲ့လည်း သက်ဆိုင်ပါတယ်။

အဲဒီတော့ ရာထူးဝင်ခွင့်ဖြေ ချင်တယ် ဆိုရင်တော့ ကိုယ့်ဘက် ကို ကိုယ်ကအတတ်နိုင်ဆုံးသေ ချာအောင် ပြင်ဆင်ထားစေချင် ပါတယ်။ လစ်လပ်နေရာနဲ့ လျှောက်ထားသူရဲ့ အချိုးက အင်မတန်ကွာနေတော့ ရာခိုင်နှုန်းတော်တော်တော့ နည်းပါးပါတယ်။ အဲဒီကြားထဲမှာ ရွေးချယ်သူတွေရဲ့ ကဏ္ဍကလည်း အထူး အရေးပါနေတော့ ရာထူးဝင်ခွင့် စာမေးပွဲဆိုတာ ရပ်ကွက်ထဲက ၁၅၀၀ တန်ဖုန်း မဲနှိုက်သလိုပါပဲဗျာ .....


7Day Daily
No.412 Tuesday, June 17, 2014 
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...