ကုန်ရောင်းရင် မြတ်မလား တွက်နည်း

တစ်နေ့ကျွန်ုပ်ဗေဒင်ဟောခန်းသို့ မိတ်ဆွေကုန်သည်တစ်ဦးရောက်လာပြီး ဆရာရေ အခုတလော ၀ယ် လှောင်ထားတဲ့ ပစ္စည်းလေးတွေ ရောင်းချင်နေတာ ရှုံးမှာလည်း ကြောက်နေတယ်။ ဟိုတလောက ဈေး တွေကျလို့ လှောင်ထားတာတွေ ရှုံးကုန်တယ်။ အဲဒါ ဆရာ့တို့ဆီမှာ အရှုံးအမြတ်ကို ဟောပေးနိုင်တဲ့ နည်းလေးဘာလေးများရှိရင် ပေးပါဦးဆရာ။
ထိုအခါ ကျွန်ုပ်မှ ဒါဆိုရင် ဒီနည်းအတိုင်းသာ တွက်ကြည့်ပြီး ရောင်းသင့်မရောင်းသင့် ချိန်ဆကြည့်ပါလို့ ပြောပြီး အောက်ပါ နည်းလမ်းကို ပေးလိုက်လေသည်။
ကုန်သည်များ စီးပွားရေးလုပ်နေသူများ အတွက် တွက်ကိန်းဖြစ်ပါတယ်။ ဒီကုန်ရောင်းရင် မြတ်မလား ရှုံးမလား ဆိုတာသိဖို့ တွက်နည်းပါ။ တွက်နည်းကတော့...
ကုန်ရောင်းမယ့်သူရဲ့ လက်ရှိရောက်နေတဲ့ အသက်ကိုတည်၊ ကုန်ပစ္စည်းနံ နဲ့ပေါင်း ရတဲ့အဖြေကို ၆ နဲ့ စား
ကုန်နံတွေက
ကခဂဃင တနင်္လာနံ = ၂
စဆဇစ်ည အဂၤါနံ = ၃
ဋ ဌ ၮ ဏ တ ထ ဒ ဓ န စေနနံ = ၇
ပဖဗဘမ ၾကာသပေတးနံ = ၅
ယရ ရာဟုနံ = ၈
လ ၀ ဗုဒၶဟူးနံ = ၄
သ ဟ သောကြာနံ = ၆
အ,အာ ဥ ဦး ဧ သြ တနင်္ဂနွေနံ = ၁
(ဥပမာ ဆန်ရောင်းမယ် ဆိုရင် ဆန်သည် အင်္ဂါနံ ၃ ဖြစ်သည်)
၁ကြွင်း၊ ၄ ကြွင်းရင် မြတ်မယ်။
၅ ကြွင်းတော့ မမြတ်ဘူး ၊
သုညကြွင်းရင် မရှုံးမမြတ်
တခြားဂဏန်းကြွင်းမယ်ဆိုရင် ဆက်၍ လှောင်ထားပါလေ။
အားလုံး အရောင်းအ၀ယ်တွေမှာ အဆင်ပြေချောမွေ့ကြပါစေ
(မြန်မာ့ရိုးရာဗေဒင်ပညာရပ်)
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)
ကိုမျိုး (lwanmapyay.blogspot.com)
- (အရှေ့သို့) မိန်းမတို့ မှဲ့ အဟော Abortion causes ကိုယ်ဝန်ပျက်စေတဲ့ အကြောင်းတရားတွေ (+18)Syphilis Tests ဆစ်ဖလစ်ရောဂါ စမ်းသပ်နည်းများ (+18)ဆေးစွမ်းထက်သော သလဲသီး...သတိထားရမည့် တို့ဆေးနှင့် မေ့ဆေး အန္တရာယ်Jennifer Lawrence..TWRP Recovery Now Available for the Xperia P, U, Go, and Sola...
- (အနောကျသို့) ချက်ချင်းဆိုသလို သိသိသာသာ ဈေးရောင်းကောင်းစေသော ယတြာနည်း Abortion causes ကိုယ်ဝန်ပျက်စေတဲ့ အကြောင်းတရားတွေ (+18)Syphilis Tests ဆစ်ဖလစ်ရောဂါ စမ်းသပ်နည်းများ (+18)ဆေးစွမ်းထက်သော သလဲသီး...သတိထားရမည့် တို့ဆေးနှင့် မေ့ဆေး အန္တရာယ်Jennifer Lawrence..TWRP Recovery Now Available for the Xperia P, U, Go, and Sola...