Android Device ပေါ်တွင် App များကို Multiple Uninstall ပြုလုပ်ခြင်း



Android OS အသုံးပြုသူများ အတွက် ကိုယ့်ရဲ့ Device ပေါ်က နေ App အများအပြားကို တစ်ပြိုင်တည်း ထည့်သွင်းချင်တာ ပဲဖြစ်ဖြစ်၊ Uninstall ပြုလုပ်ချင်တာပဲဖြစ်ဖြစ် App တွေကို တစ်ချိန်တည်းမှာပင် ပြု လုပ်နိုင်မှာ ဖြစ်ပါတယ်။ App တွေကို တစ်ခုချင်း Uninstall မပြု လုပ်လိုသူများ၊ တစ်ခုချင်းစီ ထည့်သွင်း ရတာကို မနှစ်သက်သူ များအတွက် တစ်ချိန်တည်းမှာပင် App တွေကို ထည့်သွင်းနိုင်၊ဖယ် ရှင်းလင်းနိုင် အောင် ပြုလုပ်ပေးနိုင်မှာ ဖြစ်ပါတယ်။ Android OS ပေါ်ကနေ ဖိုင်တွေကို တစ်စုတစ်စည်းတည်း ဖျက်ပစ် ချင်သူတွေ၊ ထည့်သွင်းချင်သူတွေ အနေနဲ့ http://goo.gl/ HRw7Et ဝက်ဘ်ဆိုက်လိပ်စာကို သွား ရောက်ပြီး Uninstall Master Uninstaller ဆိုတာကို Download လုပ်ယူရမှာ ဖြစ်ပါတယ်။ နောက် တစ်ခုက http://goo.gl/TwMt2D ဝက်ဘ်ဆိုက်လိပ်စာကို သွားရောက်ရမှာ ဖြစ်ပါတယ်။ ဝက်ဘ်ဆိုက် ကို ရောက်ပြီဆိုရင် Mass APK Installer Tool ကို Version 1.2 ကနေ 1.5 အထိ အမျိုးမျိုးတွေ့ မြင်ရ မှာဖြစ်ပြီး နှစ်သက်ရာ Version ကို Download ပြုလုပ်ကာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Download ပြု လုပ်ပြီးသွားပြီ ဆိုရင် Download ပြုလုပ်လို့ရလာတဲ့ RAR ဖိုင်ကို ဖိုဒါ တစ်ခုခုထဲ ထည့်ပြီး ဖြည်လိုက်ပါ။ ဒါဆိုရင် Apollo ဆိုတဲ့ APK ဖိုင်နဲ့ Quick Boot ဆိုတဲ့ APK ဖိုင်ကိုတွေ့ရမှာဖြစ်ပါတယ်။ ပြီးသွားရင် ကိုယ့်မိုဘိုင်းဖုန်း Settings ထဲက Securityအောက်က Unknown Source မှာ အမှန်ခြစ်လေး ထည့်ထား လာဆို တာကို စစ်ဆေးရမှာဖြစ်သလို၊ Settings အောက်က Developer Options ထဲမှာလည်း USB Debugging ကို အမှန် ခြစ်ခြစ်ထားလားဆိုတာ စစ်ဆေးရပါမယ်။ ပြီးသွားရင် ကိုယ်ထည့်သွင်းမယ့် APK ဖိုင်တွေကို စုစည်းပြီး apk ဆိုတဲ့အမည်နဲ့ ဖိုဒါ တစ်ခုတည်ဆောက်ကာ Mass APK Installer Tool ထဲက Run.bat ကို Run ပေးလိုက်ရင် apk ဖိုင်တွေကို ထည့်သွင်းသွားမှာ ဖြစ်ပါတယ်။

Multiple Uninstall ပြုလုပ်သူတွေ အတွက်ကတော့ Uninstall Master Uninstaller ဆိုတဲ့ APK ဖိုင်ကို အထက်မှာဖော်ပြခဲ့တဲ့ လိပ်စာကနေ သွားရောက်ပြီး ရယူနိုင်ပါတယ်။ ပြီးသွားရင် အဲဒီ App ကို Run လိုက်တဲ့အခါမှာ ကိုယ်ဖျက် ထုတ်ချင်တဲ့ ဖိုင်တွေကို တစ်စုတစ်စည်းတည်းနဲ့ တစ်ခါတည်း ဖျက်ထုတ် ပစ်နိုင်မှာ ဖြစ်ပါတယ်။


Internet Journal 
အတွဲ (၁၅)၊ အမှတ် (၂၅) 
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...