ဆီးအိမ်ကင်ဆာဆိုသည်မှာ



ခန္ဓာကိုယ်၏ မလိုလားအပ်သော အရည်များသည် ဆီးအဖြစ်ပြောင်းလဲသွားကာ၊ ထိုအရည်များကို ဆီး အိမ်တွင် ခေတ္တသိုလှောင် ထားလေ့ရှိသဖြင့် ဆီးအိမ်သည် သက်ရှိသတ္တ၀ါများအတွက် မရှိမဖြစ်လိုအပ် သော ခန္ဓာကိုယ်အစိပ်အပိုင်း တစ်ခုဖြစ်ပါသည်။

ဆီးအိမ်ကင်ဆာ၏ ၉၅% မှာ ဆီးအိမ်အတွင်းနံရံ တစ်ရှုးများထဲရှိ ဆဲလ်များမှ ကင်ဆာဖြစ်လေ့ရှိပြီး၊ ကျန် ၅% သည် ဆီးအိမ် တွင်း/ပြင် နာကျင်ရောင်ကိုင်းခြင်းမှ အစပျိုးခြင်းဖြစ်သည်။ ဆီးအိမ်ကင်ဆာလက္ခဏာ များမှာ၊ ဆီးထဲတွင်သွေးပါခြင်း၊ ဆီးသွားစဉ် နာကျင်ကိုက်ခဲခြင်း၊ မကြာခဏဆီးသွားခြင်း (သို့ မဟုတ်) ဆီးသွားရန် ခက်ခဲခြင်းတို့ ဖြစ်သည်။ အခြားကင်ဆာရောဂါများ နှင့်နှိုင်းယှဉ်ပါက၊ ဆီးအိမ်ကင်ဆာသည် အစောပိုင်းအဆင့်တွင် ကုသရန်လွယ်ကူပြီး ပျောက်ကင်းသွားသော အတွေ့ အကြုံများလည်း ရှိသလို၊ ရောဂါ ဆက်လက်မပြန့် ပွားတော့သည့် လူနာများ၏ ၉၀% သည် နောက်ထပ် အနဲဆုံး ၅-နှစ်ကျော်မျှ ဆက်လက် အသက်ရှင်နေထိုင်ပါသည်။ သို့ သော် အမြစ်မပြတ်ဘဲ ရောဂါပြန်ပေါ်တတ်ကြရာ မပေါ့လျော့ ဘဲ မှန်မှန်ဆေး စစ်ခံဘို့  လိုအပ်ပါသည်။

ဆီးအိမ်ကင်ဆာကို အဆင့်(၄)ဆင့် သတ်မှတ်ထားပြီး၊ အစောပိုင်းအဆင့်ကို TA၊ ဆီးအိမ်ကြွက်သားအ တွင်း နံရံတစ်ခုလုံးပျံ့ နှံ့  ခြင်းကို အဆင့်(၂)၊ အပြင်ကြွက်သား တစ်ရှုးများထိပျံ့ နှံ့ ခြင်းကို အဆင့်(၃)၊ ခန္ဓာကိုယ်တွင်း အခြားအစိပ်အပိုင်းများနှင့် အရိုးထိပျံ့  နှံ့ ခြင်းကို အဆင့်(၄) ခေါ်ပါသည်။ ရောဂါအတိမ် အနက်ပေါ်မူတည်၍ chemotherapy (ခေါ်) ကင်ဆာဆဲလ်များသေစေရန် ဆေးသွင်းကုသနည်း၊ telescope ဖြင့်လည်းကောင်း၊ ဆီးအိမ်တစိပ် တဒေသကိုဖ ယ်ရှား ၍ (သို့မဟုတ်) ဆီးအိမ်တစ်ခုလုံးကို ဖယ်ရှား၍ ခွဲစိပ်ကုသနည်း၊ radiation therapy (ခေါ်) ဓာတ်ရောင် ခြည်ဖြင့်ကုသနည်းတို့ ဖြင့် ကုသမှုခံ ယူရပါမည်။

ဆီးအိမ်ကင်ဆာ ဖြစ်ပေါ်စေနိုင်သည့် အကြောင်းရင်းများမှာ-
* ဆေးလိပ်သောက်ခြင်းနှင့် စီးကရက်မီးခိုးငွေ့ ရှုရှိုက်ခြင်း။
* အသားအကြွတ်ကြော်များနှင့် တိရိစ္ဆာန်အဆီ။
* အသက် ၆၅ နှစ်နှင့်အထက်။
* အထူးသဖြင့် တိုးတက်ပြီးနိုင်ငံများတွင် တွေ့ ရသော Schistosoma haematobium (ခေါ်) ကပ်ပါးပိုး။
* ဆီးအိမ်ကျောက်တည်သူများ၊ ဆီးလမ်းကြောင်းပိုးဝင်ခြင်း နှင့် ဆီးရောဂါသည်များ၊ catheters (ခေါ်) ဆီးပိုက်သွင်းထားရသော ဝေဒနာရှင်များ၊
* မွေးရာပါ ဆီးအိမ်ရောဂါရှိသူများ။
* ဓာတုဓာတ်ပေါင်းဖြစ်သော စိန်ဓာတ်ပါသည့်အဆိပ်ရနံ့ များဖြစ်ကြသည့် ရာဘာ၊ ချည် ယက်ထည်၊ ဆိုးဆေး၊ ပလပ်စတစ်၊ သုပ်ဆေးအမျိုးမျိုး၊ လယ်သာပေါလစ် စသည်တို့ နှင့် နေ့ စဉ် ကိုင်တွယ်လုပ်ကိုင် ရခြင်း၊ ရနံ့ များကို ရှုရှိုက်ခြင်း။
* မကြာခဏ ဆီးအိမ်ရောင်ရမ်းလေ့ရှိခြင်း။
* သားအိမ်လည်တိုင်ရောဂါများအတွက် မကြာခဏ ဓာတ်ရောင်ခြည်ပစ် ကုသခံနေရသူ အမျိုးသမီးများ။
* သုက်ရည်ဂလင်း ကင်ဆာအတွက် ဓာတ်ရောင်ခြည်ကုသခံ အမျိုးသားများ။
* chemotherapy drugs (ခေါ်) ကင်ဆာရောဂါ ဓာတုဆေးဝါးဖြင့် ကုသခံလူနာများ။
+++++++++++++++++++

အမေရိကန်ရှိ National Cancer Institute ၏ စစ်တမ်းများအရ၊ မျိုးရိုးဗီဇအရ အမျိုးသားများသည် အမျိုး သမီးများထက် ဆီးအိမ်ကင်ဆာဖြစ်နှုန်း ၃-ဆမျှ ပိုကြောင်း၊ ကမ္ဘာပေါ်တွင် လူဖြူများသည် လူမဲများထက် ဆီးအိမ်ကင်ဆာဖြစ်နိုင်ခြေ ပိုများကြောင်း လေ့လာသိရှိရပါသည်။ ဆီးအိမ် ကင်ဆာဖြစ်ပွားသူဦးရေ၏ ထက်ဝက်ခန့် မှာ ဆေးလိပ်သောက်ခြင်း ကြောင့်ဖြစ်၍ အင်္ဂလန်နို င်ငံရှိ The National Health Service (NHS) မှ “ဆီးအိမ်ကင်ဆာအစ၊ ဆေး လိပ် သောက်ခြင်း က” ဟု ဖော်ပြထားသည့်အတွက် “မိမိအိတ် ကပ်ထဲမှ ပိုက်ဆံကို မီးရှုံ့ ရုံသာမက၊ ဝေဒနာကိုငွေပေးဝယ်” ပြီး၊ ဆိုးကျိုးများသာ ဖြစ်စေသော ဆေးလိပ် သောက်သုံးခြင်းမှ ရှောင်ကျဉ်ကြပါရန် တိုက်တွန်းလိုက်ရပါသည်။

(ဆောင်းပါးရှင်.. တင်ထက်ထက်ဇော်... မျှဝေသည်)

ကိုးကား။ HealthHub from Cleveland Clinic
--
promise.pauk
------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...