ထူးထူးခြားခြား ဗဟုသုတများ
(၁) အင်္ဂလန် နိုင်ငံရဲ့ ပထမမြောက် ဂျော့ရှ် ဘုရင်မင်းမြတ် ဟာ အင်္ဂလိပ်စကား တစ်လုံးမှ မပြောတတ်ပါဘူးတဲ့။
(၂) ပါရှားပြည်ကို BC 558 – 529 ထိ စိုးစံခဲ့တဲ့ မဟာ ဆိုင်းရပ်စ် ဘုရင်ကြီးဟာ တစ်နေ.မှာ နေ. (၁၂) နာရီ ည (၁၂) နာရီ ရှိတယ်လို. ပထမဦးဆုံး ပိုင်းခြား သတ်မှတ်ပေးခဲ့ သူပါ။ ပစ္စည်းရေတွက်တဲ့ ခါမှာလည်း (၁၂) ခု ဒါဇင် ဆိုတာ ကို စတင်အသုံးပြုစေခဲ့သူပါ။
(၃) ပြင်သစ် ခေါင်းဆောင် တစ်ယောက်ရဲ့ဖြစ်တဲ့ ကာဒီနယ် ရစ်ချယ်လီယူ( ၁၅၈၅ – ၁၆၄၂ ) ဟာ စားပွဲတင် သားလှီးဓါး အ၀ိုင်းကို စတင် အသုံးပြုစေခဲ့ တာပါ။ ဘာလို့လဲဆိုတော့ ညစာ စားသူတွေဟာ သားလှီးဓါး ဦးချွန်တွေနဲ့ သွားကြားထိုး ကြလို.ပါတဲ့ ခင်ဗျာ…။
(၄) တတိယမြောက် ကွန်ရက် ဘုရင်ကြီးဟာ ၀ိုင်းစဘတ်မြို.ကို ၁၁၄၀ ပြည့်နှစ် ဒီဇင်ဘာလ ၂၁ ရက်နေ့ မှာ သိမ်းပိုက်နိုင်ခဲ့ ပါတယ်။ အဲလို သိမ်းပိုက်ပြီးနောက်မှာ ဘုရင်ကြီးက မြို.တွင်းရှိ အမျိုးသမီးများ ဘေး ကင်းစွာဖြင့် မြို.တွင်းမှ ထွက်ခွာနိုင်တယ်။ ထိုသို့ ထွက်ခွာရာတွင် မိမိသယ်ဆောင်နိုင်သော မည်သည့် အရာကိုမဆို သယ်ဆောင် သွားနိုင်သည်... လို့ တရားဝင် အမိန့်ကြေငြာခဲ့တယ်။ အဲဒီ အမျိုးသမီးတွေ ဘာကို သယ်ဆောင်သွားခဲ့တယ်လို. မိတ်ဆွေတို. ထင်ပါသလဲ … သူတို.ရဲ့ လင်ယောက်ျားတွေကို ချီပိုးပြီး ခေါ်ထုတ် သွားခဲ့တာပါတဲ့ ခင်ဗျာ…။
(၅) ဖဲချပ်မှာပါတဲ့ King တွေဟာ သမိုင်းမှာ တကယ်ရှိခဲ့တဲ့ ဘုရင်တွေကို ကိုယ်စားပြုပါတယ် …။
(၆) ပါရှားပြည် (အီရန်) ကို ၁၂၉၁ မှ ၁၂၉၅ ထိ စိုးစံခဲ့တဲ့ ကန်ဂျာတူး ဘုရင်ကို သူ့ရဲ့ တိုင်းသူပြည်သား တွေက နန်းချပြီး လည်မျို ညစ် သတ်တာ ခံခဲ့ရပါတယ်။ ဘာကြောင့်လည်း ဆိုတော့ သူက ငွေစက္ကူကို စတင် အသုံးပြုဖို. စီစဉ်ခဲ့တဲ့ အတွက်ပဲ ဖြစ်ပါတယ်။
(၁၀) ကမ္ဘာ့ အဆိုးယုတ်ဆုံး အမျိုးသမီးအကြောင်း မိတ်ဆွေတို့ ကြားဖူးလား မသိဘူး… အာရှမိုင်းနားရှိ ကတ်စပါဒိုစီးယားရဲ့ မိဘုရား လာအိုဒိုက်စ်ဟာ သူမရဲ့ ခင်ပွန်းကို စတုတ္ထမြောက် အရိယရသီ ဘုရင် အဖြစ် နန်းတင်ဖို့အတွက် သူမရဲ့ သားအရင်းခေါက်ခေါက် ငါးယောက်ကို သုတ်သင် သတ်ဖြတ်ခဲ့ပါတယ်။ သူမရဲ့ ဆဌမမြောက် သားကတော့ ထွက်ပြေး လွတ်မြောက်ခဲ့ပြီး အဲဒီသားတော် ဘုရင်ဖြစ်လာတဲ့ အခါမှာ နန်းတက် ဘိသိတ်ခံပွဲ လုပ်တဲ့နေ.မှာပဲ…. သူ့မယ်တော်ကို သေဒဏ် ပေးခဲ့ပါတယ်။ ဒါဟာ သမိုင်းမှာ အဆိုးယုတ်ဆုံး အမျိုးသမီး တစ်ယောက်ရဲ့ မှတ်တမ်းပါ။
From mail

(၇) ပရပ်ရှား ပြည်က မြို.စားကြီးအဲလ်ဘတ်နဲ့ မြို.စားကတော် အန်နာမာရီယာ တို့ကို တစ်နှစ်ထဲ တစ်လ ထဲ တစ်ချိန်ထဲ ၁၅၀၁ ခုနှစ် မေလ (၂၀) ရက်နေ့မှာ မွေးဖွားခဲ့ပါတယ်။ မွေးဖွားတဲ့ အချိန်နာရီကလည်း အတူတူပါပဲတဲ့။ သေဆုံးတဲ့ အခါမှာလည်း တစ်နှစ်ထဲ တစ်လထဲ တစ်နေ့ထဲပါပဲ … ၁၅၆၈ ခုနှစ် မတ်လ (၂၀) ရက်နေ့မှာ သေဆုံးခဲ့ပါတယ်။ေ သဆုံးချိန်ကလည်း အတူတူပါတဲ့ ခင်ဗျ။ ( တော်တော် စိတ်ကူးယဉ် ဆန်တယ်နော်…)
(၈) ပြင်သစ်ပြည်ရဲ့ အဌမမြောက် ချားလ်စ်ဘုရင် (၁၄၇၀ – ၁၄၉၈) ဟာ အဆိပ်ခတ်ခံရမှာ အလွန် ကြောက်တဲ့အတွက် အစားသောက်ကို နည်းနည်းလေးပဲ စားခဲ့တဲ့အတွက် အာဟာရချို.တဲ့ပြီး သေဆုံးခဲ့ရ ပါတယ်တဲ့ … (ကြောက်ရင် နှစ်ခါသေရတယ်နော်… ဘုရင်ငတ်ပြတ်လို့ သေတာ ကြားလို့ တောင်မ ကောင်းဘူး…)
(၉) ရုရှားပြည်ရဲ့ ဧကရီဘုရင်မ ပထမမြောက် အယ်လစ်ဇဘတ် (၁၇၀၉ – ၁၇၆၁) ဟာ အမှောင်ကို
အလွန်ကြောက်တဲ့ အတွက် နေ့ခင်းဘက်မှာသာ အိပ်စက်ခြင်းပြုပါတယ်တဲ့ …
အလွန်ကြောက်တဲ့ အတွက် နေ့ခင်းဘက်မှာသာ အိပ်စက်ခြင်းပြုပါတယ်တဲ့ …
(၁၀) ကမ္ဘာ့ အဆိုးယုတ်ဆုံး အမျိုးသမီးအကြောင်း မိတ်ဆွေတို့ ကြားဖူးလား မသိဘူး… အာရှမိုင်းနားရှိ ကတ်စပါဒိုစီးယားရဲ့ မိဘုရား လာအိုဒိုက်စ်ဟာ သူမရဲ့ ခင်ပွန်းကို စတုတ္ထမြောက် အရိယရသီ ဘုရင် အဖြစ် နန်းတင်ဖို့အတွက် သူမရဲ့ သားအရင်းခေါက်ခေါက် ငါးယောက်ကို သုတ်သင် သတ်ဖြတ်ခဲ့ပါတယ်။ သူမရဲ့ ဆဌမမြောက် သားကတော့ ထွက်ပြေး လွတ်မြောက်ခဲ့ပြီး အဲဒီသားတော် ဘုရင်ဖြစ်လာတဲ့ အခါမှာ နန်းတက် ဘိသိတ်ခံပွဲ လုပ်တဲ့နေ.မှာပဲ…. သူ့မယ်တော်ကို သေဒဏ် ပေးခဲ့ပါတယ်။ ဒါဟာ သမိုင်းမှာ အဆိုးယုတ်ဆုံး အမျိုးသမီး တစ်ယောက်ရဲ့ မှတ်တမ်းပါ။
From mail
ရွှေအိမ်စည် စာကြည့်တိုက်
l--------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)
ကိုမျိုး (lwanmapyay.blogspot.com)