ဖြူစင်စိတ်ထား သားသမီး ဂုဏ်ရည်နှင့် မိခင်မေတ္တာ ခွန်အား စကားသံ
မြန်မာလူမျိုး တို့၏ လူမှု ဝန်းကျင် ဓလေ့ ထုံး တမ်း အစဉ်အလာ ကပင် မိဘ၊ ဆရာသမားများက နေ မိမိ တပည့်၊ သားသမီး၊ ရင်သွေး များကို ငယ်စဉ် ကတည်းက လိမ္မာ ယဉ်ကျေး ပြီး လူတော်လူ ကောင်း ဖြစ်စေလိုသော စိတ်ဆန္ဒ တို့ဖြင့် ဗုဒ္ဓဓမ္မ အဆုံး အမ များနှင့် နီတိများ၊ ဇာတ်နိပါတ် တော်လာ ပုံပြင်များ၊ ကဗျာတေး သီချင်း များအား ပုံပြော သီဆို ၍ သွန်သင် ဆုံးမ လမ်းညွှန်ပြလေ့ ရှိကြ ပေသည်။ ထိုကဲ့သို့ပင် မျက်မှောက်ခေတ် မြန်မာ့ လူ့အဖွဲ့ အ စည်းတွင်လည်း မျိုးဆက် လက်ကမ်း ဆင့်၍ မိဘ ဆရာ သမားများက မိမိတပည့် သားသမီး ရင်သွေး များအပေါ် ယဉ်ကျေး လိမ္မာ လာစေရန် လမ်းညွှန် သွန်သင် ဆုံးမကြ လျက် ရှိရာ အနု ပညာလောက မှ မိခင် ဘဝကို ပိုင် ဆိုင် ထား ကြသူတို့၏ မိမိ ရင်သွေးများ အား လိမ္မာယဉ်ကျေး လာအောင် ပြုစုစောင့်ရှောက်၍ လမ်းညွှန် ပြသဆုံးမပုံ တို့ကို မေး မြန်း ကာ စု စည်း ဖော်ပြလိုက်ပါ သည်။
ခင်စံပယ်ဦး-
“ကလေးတွေကို ဗုဒ္ဓဝင် ဇာတ် တွေကို ကာတွန်းလေးတွေ ဆွဲထား တာကို ပုံလေးတွေပြပြီး ပြောပြဖြစ် တယ်။ လူကြီးမိဘ တွေကို စော်ကားရင် ဘယ်လို ငရဲကြီး မယ်ဆို တာတွေ၊ ရုပ်ပြ စာအုပ်လေးတွေ ဖတ်ပြတယ်။ ကိုလူမင်းက အားရင် အားသလို ပြောပြတယ်။ ကိုယ်ကတော့ အမြဲပြောဆို ဆုံးမဖြစ်တယ်။ အဓိကက သူတို့ စိတ်တွေ ယဉ်ကျေး လိမ္မာ အောင်ပေါ့။ ကလေးတွေက ငယ်သေးတော့ သူတို့ စိတ်လေးတွေ နူးညံ့အောင်၊ စကားကို တိုးတိုး သက်သာ ပြောတတ်အောင်ပေါ့။ ကိုယ် ငယ် ငယ်တုန်း ကလည်း အမေက ဆုံးမ တယ်။ မိခင်ရဲ့ပုံစံ အတိုင်း သားသမီး တွေက ဖြစ်လာ တာ များတယ်လေ။ ငယ်ရွယ်စဉ် အခုအချိန် ကတည်းက သွန်သင် ထားရမယ်လေ။ သား သမီး တွေ ဆိုတာ တအားကို အပြစ် ကင်း ပါတယ်။ ဖြူစင်တယ်။ ရိုးသားတယ်။ သူတို့ အခုအချိန် သိတာက ကစားမယ်၊ စားမယ်၊ စာသင်တာရယ်ပဲ သိ တယ်။ စိတ် ရှည်ရှည်နဲ့ လမ်း ကြောင်းမှန်အောင် ဆုံးမရမှာက မိဘတွေက အဓိက အကျဆုံးပါပဲ”
အိန္ဒြာကျော်ဇင်
“အူဝဲက ဘာသာရေးကို တော့ သေသေချာချာလေး ပိုပြီး အားစိုက်ပြီး လုပ်ပေးဖြစ်တယ်။ မနက် မိုးလင်းရင် ဘုရားရှိ ခိုးရမယ်။ ကိုယ့်ထက် ကြီးတဲ့ လူကြီး မိဘတွေကို ရိုရိုသေသေ ပြောရမယ်။ လူကြီးရှေ့မှာ ဘယ်လို ခေါင်းငုံ့ ပြီးသွားရမယ်။ ယဉ်ကျေး လိမ္မာ အောင် လို့ သင်ပေးပါတယ်။ ဘာသာ တရားနဲ့ ပတ် သက်ပြီး လက်အုပ် ချီ ပြီး ဘုရား ရှိခိုးတတ်အောင် သေသေ ချာချာလေး သင်ပေးထား ပါတယ်။ အဲဒီလို သင်ပေးထား တဲ့ အတွက် လူတစ်ယောက်က သူ့ရဲ့ စိတ်ဓာတ်ရေး ရာရော၊ သူ့ရဲ့ ယဉ်ကျေး လိမ္မာ မှုတွေက အလိုလို ပါသွား တာပေါ့။ သူ့ အတွက်လည်း ဘာသာ တရားကို တကယ် နက်နက်ရှိုင်းရှိုင်း ကိုးကွယ် တယ် ဆိုရင် လူတစ်ယောက် က ကံလေး လည်းကောင်းစေ ပါတယ်။ အူဝဲကတော့ အဲဒီလိုပဲထင်တယ်”
သစ်သစ်မြင့်ဆိုင်
“ကျွန်မရဲ့သမီးတွေက တအားကြီး လိမ္မာ ယဉ်ကျေးအောင် ဆုံးမတာ မျိုးတော့ မလုပ်ဖြစ်ပါဘူး။ သူတို့ စကားပြော တာဆိုတာကို ရိုင်းရိုင်း စိုင်းစိုင်း မပြောခိုင်းဘူး။ ကျွန်မ ကျင့်သုံးတဲ့ စနစ်ကကျတော့ ချက်ချင်းသိ တာနဲ့ ချက်ချင်း အရေးယူတယ်။ ချက်ချင်းအပြစ် ပေးတယ်။ ကျွန်မတို့က မိုက်ရိုင်း တာတွေ၊ ရိုင်း စိုင်း တာတွေကို လက် မခံ နိုင်တဲ့ အသိုင်းအဝိုင်း ဆိုတော့ ကလေးတွေ ကတော့ အဲဒီလို မလုပ်ရဲကြဘူးပေါ့။ သူတို့နဲ့ ကျွန်မ နဲ့ကြားမှာ ရှိတဲ့ မေတ္တာ တရားကြောင့် လို့ပဲ ထင်ပါတယ်။ ကျွန်မက အခု အရွယ်အထိ ကလေး တွေကို တစ်ချက် မှရိုက်နှက်ဆုံးမ တာမျိုးမရှိဘူး။ သူတို့ကို မိဘတွေက ဘယ် လောက်ထိ ဖြည့်ဆည်းပေးနေလဲ ဆိုတာ ပေး ခံစားတယ်။ တချို့တွေ ကျတော့ အမေတွေက လုပ်ပေး တယ် ဆိုတာ ကလေးတွေကို ပေးမသိ ဘူး။ ကျွန်မကတော့ အဲဒီလို မဟုတ်ဘူး။ ဘယ် လိုလွယ်ပြီး မွေးခဲ့ရတယ်။ ဘယ်လို နာကျင်ရ တယ်ဆိုတာ ပြောပြတယ်။ ဦးဝင်းထွန်းထွန်း လည်း အဲဒီလိုပဲ။ သမီးတွေကို ဘယ်တော့ မှ မရိုက်ဘူး။ လူကြီးတွေ နဲ့ စကားပြော ရင် ဟုတ်ကဲ့ပါရှင့် ဆိုပြီးပါ ထည့်ပြီး စကားပြော ရမယ်” “လူကြီး တွေကို ဘယ်လို ဆက်ဆံရမယ် ဆိုပြီး လူတိုင်း သင်ကြပါတယ်။ အဲဒီ လူတိုင်း သင်ကြတာက လွဲ ပြီးတော့ သားသမီးတွေ ကို အ မိန့်တွေပေး ပြီး ယဉ်ကျေး လိမ္မာအောင် ပြောရတာ မျိုးတော့ မရှိပါဘူး။ အခုခေတ်က ကျွန်မ တို့ ခေတ်က လိုမျိုး အမေတွေက ထိုင်ဆိုထိုင်၊ ထဆိုထခေတ် မဟုတ် တော့ ဘူး။ ကျွန်မ ကတော့ သူ တို့ဖြစ်စေချင် တာကို အရင်ဖြည့် ပေးလိုက်တယ်။ အထူးသဖြင့် အကြီးမက ဆယ်ကျော်သက် ဖြစ်နေပြီ ဆိုတော့ မာမား ဒါ လုပ်ချင်တယ် ဆို ပေးလုပ်လိုက် တယ်။ သူဘာပြန် လုပ်ပေးရမလဲ ဆိုတာ သူ့ ဘာသာသူ သိတယ်။ give and take သဘောမျိုး လေး သူတို့ကို လုပ်ပေးတယ်”
သက်ထားဦး
“အစ်မက သား လေးကို မေတ္တာ နဲ့ပဲဆုံးမတယ်။ တအားကြီး လည်း မချုပ်ချယ် ဘူး။ မြေးဦးလည်း မြေးဦးဆို တော့ အဘွားတွေ ကလည်း ချစ် ကြတယ်။ သူ့အဖေ က လည်း တအား ချစ်တယ်။ အားလုံးက အလို လိုက်ကြတယ်။ ကိုယ်က မိခင် ဆိုတော့ စည်းကမ်း ရှိဖို့၊ လိမ္မာ ယဉ်ကျေးဖို့၊ စိတ်ထားက အစ ကိုယ်ပဲ အားလုံး သင်ပေးရ တာပေါ့။ ကိုယ်က ရှေ့ကနေ လုပ်ပြရင် သူက နောက်ကလိုက် လုပ်တတ်တဲ့အရွယ်ဆိုတော့ ပရဟိတစိတ်ရှိဖို့၊ သူများကို ကူညီတတ်ဖို့ အဲဒီလိုမျိုးလေး တွေကို မိဘ တစ်ယောက် အနေ နဲ့သင်ကြား ဆုံးမပေးတယ်။ အစ်မ က မေတ္တာနဲ့ပဲ ဆုံးမတယ်။ ကိုယ် လိုချင်တဲ့ပုံစံ ခွက်ထဲကိုရအောင် မိဘက ဖြည်းဖြည်း ချင်းတော့ ပုံသွင်း ယူရ တာပေါ့။ အစ်မဘဝ တစ်ခုလုံး က သားအတွက် သား ကိုပဲ အချိန်ပေးထားတာ။ ဘာ ကိုမှ မလုပ်တော့ဘူး။ အဲဒီတော့ မိဘနဲ့ အချိန်ပြည့်နေ ခွင့်ရတယ်။ မိဘက ရှေ့က ဘယ်လို လုပ် တယ်၊ဘယ်လို ပြုမူနေထိုင် တယ် ဆိုတာလည်း သူ အနီးကပ်မြင်ရ တယ်လေ။ အစ်မအပြင် တအား ထွက်ချင်တယ် ဆိုရင် သူကျောင်း သွားတဲ့ အချိန်ပဲ ထွက် တယ်။ အခု အစ်မတို့ လူမှုရေး ပရဟိတတွေ လုပ်ကြတယ်။ ဒီလို စိတ်မျိုး ရှိ တယ် ဆိုတာကလည်း အစ်မတို့ ရဲ့ အမေတွေ၊ မိဘတွေကောင်း ခဲ့လို့ပဲ။ အစ်မတို့ အမေ ဆိုရင် စိတ်ထားထား တတ်အောင်က အစ၊ ဥပမာ ပြောရင် ယောက္ခမ ဆိုရင်လည်း ကိုယ့်ကို မွေးထုတ် ပေးတဲ့ အမေ တစ်ယောက်လို ဆက်ဆံ တတ်ဖို့ အဲဒီလိုမျိုး အစ်မ တို့ရဲ့ စိတ်ကို အမေက ပြုပြင် ပေးခဲ့သလိုမျိုး သားရဲ့ စိတ်ကို လည်း အစ်မတို့ကပဲ ပြုပြင်ပေး ပါတယ်။ အပြောအဆို ယဉ်ကျေး အောင်၊ နေထိုင် တတ်ဖို့က အစ သင်ပေး ရတာပေါ့။ သူက အခု တော့ ငယ်နေသေးလို့ ဓမ္မ စကူးလ်တို့ အဲဒီလို သင်တန်း တွေတော့ မထားရသေးဘူး။ သူတက်နေတဲ့ ကျောင်း ကတော့ ဘုရားစာတွေပါ သင်ပေးတယ်။ မေတ္တာ ပို့တာတွေရော၊ ယဉ် ကျေး လိမ္မာစာလေးတွေရော သင်ပေးတဲ့ အခါကျတော့ အစ်မ က ဒီစာလေးတွေ နဲ့ ဘေးကနေ Support အလုပ်ပေး ရုံပဲပေါ့။ သား က အခုဘုရားစာတွေ၊ မေတ္တာ ပို့တွေ ရတယ်။ အလှူတွေ လုပ်ဖို့ ပစ္စည်းတွေ ထည့်ပေးနေ တယ် ဆိုရင် သူကပါ ဝိုင်းကူပြီး လုပ် ပေးတယ်။ ဒီအရွယ်လေး နဲ့ ပရဟိတ စိတ်လေး သူ့မှာရှိနေ တာ တွေ့ရတယ်”
မျိုးမျိုးခိုင်
“အစ်မရဲ့ သား သမီးတွေက စာဖတ် တာတော့ မပျင်းဘူး။ အမေ ထက်တောင် ဖတ်နိုင်ကြသေးတယ်။ သူတို့ ငယ်ငယ် တုန်းကတော့ ဘုရား စာအုပ် တွေ ပေးဖတ် တယ်။ ယဉ်ကျေး လိမ္မာသင်တန်း ကျောင်းတွေ ပို့ ပေး ဖြစ် တယ်။ ကြီးလာ တော့လည်း ကိုး ဘွဲ့ရ ဆရာ တော် ဆီကို ပို့ ပေးတယ်။ သူ က ငယ်ငယ်က တည်းက တရား တွေ ထိုင်တယ်။ တအားကြီး မပျော်ရဘူး။ ယဉ် ကျေး လိမ္မာကျောင်း ကပြန်ရောက် ရင် လည်း အကုန်လုံး အတွေ့ အကြုံ တွေကို အစ်မကို ပြောပြတယ်။ ဘုရားစာအုပ်၊ တရား အခွေတွေ ဝယ်လာတယ်။ ဖွင့်တယ်။ နား ထောင်တယ်၊ ဖတ်တယ်၊ အသိလေးတွေ၊ ဗဟုသုတလေး တွေတော့ သူတို့ရ ကြပါတယ်”
ဇင်သဲနိုင်
“ကလေးတွေကို သူတို့ အဘိုးအဘွားတွေ က ယဉ်ကျေးလိမ္မ စာအုပ်တွေကို ဝယ်ပေးပြီး ဖတ်ပြတယ်။ တစ် ခုခုကို အသိ နဲ့ယှဉ်ပြီး စဉ်းစား တတ်အောင် ချင့်ချိန် တတ် အောင်လို့ အမြဲတမ်း ဆုံးမဖြစ်ပါ တယ်။ ကလေး တစ်ယောက်က ပါးစပ်နဲ့ အမြဲပြောနေ လို့ သူတို့ နားစွဲချင်မှ စွဲတာ။ သူတို့ အခု လက်ရှိဖြစ်နေ တာ၊ သူတို့ ပြော လိုက် တဲ့ စကား လေး တစ် ခွန်း မှားသွားရင် ဒါက ဘယ် လို ဖြစ်တာ ဆိုပြီး ပြော လိုက်မှ သူတို့ က ပိုပြီး နား ဝင်တယ်။ ကျွန်မတို့ ငယ်ငယ် တုန်းကလည်း မိဘတွေ၊ အဘိုး အဘွားတွေ က ဆုံးမကြတယ်။ ကိုယ်တွေ အလှည့်ကျတော့ လည်း ကိုယ့် သားသမီးကို အဲဒီ လိုပဲ ပြန်ဆုံးမရတာပါ။ သူတို့ တွေ လိမ်လိမ်မာမာ နဲ့ ယဉ် ကျေးတဲ့ ကလေးတွေ ဖြစ်ဖို့ပဲ မျှော်လင့်ပါတယ်။ ကလေးဆို တာ မိဘပြုစု ပျိုးထောင်ပေးတဲ့ အပေါ်မှာ မူတည် တယ်လေ။ ဒီ ကလေး ဆိုးနေတယ် ဆိုလည်း မိဘ အပေါ်မှာပဲ တာဝန် ရှိတယ်။ ဘယ်ဟာမဆို မိဘက မွေးလိုက် ပြီဆိုကတည်းက သူ့ရဲ့ ဆိုးမွေ ကောင်းမွေကို ခံစားရမှာပဲ။ ကိုယ့်ကလေး လိမ္မာ ယဉ်ကျေးပြီး လူတစ်လုံးသူ တစ်လုံးဖြစ်ဖို့ က မိဘမှာ ၁ဝဝ ရာခိုင်နှုန်း တာဝန် ရှိပါတယ်”
ပေါ်ပြူလာ

Popular Journal
--------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)
ကိုမျိုး (lwanmapyay.blogspot.com)