ရုပ်ရှင်ဇာတ်ကား ပိုစတာအတိုင်း ပြုလုပ်ထားတဲ့ တရုတ်ရဲတပ်ဖွဲ့ရဲ့ အလုပ်ခေါ် ကြော်ငြာ


အေသင်အောင်

တရုတ်နိုင်ငံ၊ အနောက်တောင်ပိုင်း ချန်ဒူးမြို့မှာရှိတဲ့ အလုပ်ခေါ်ကြော်ငြာတစ်ခုဟာ ရုပ်ရှင်ဇာတ်ကား ပိုစတာအတိုင်း ပြုလုပ်ထားလို့ စိတ်ဝင် စားစရာ ဖြစ်ခဲ့ပါတယ်။ တရုတ် ရဲတပ်ဖွဲ့မှာ အဖွဲ့ဝင်သစ်တွေ အလိုရှိကြောင်း ကြော်ငြာထားခြင်းဖြစ်ပါတယ်။ ကြော်ငြာ ပိုစတာမှာ ၀တ်စုံအပြည့် ၀တ်ဆင် ထားတဲ့ ရဲတပ်ဖွဲ့ဝင်တွေရဲ့ ပုံတွေကို ဖန်တီးထားခြင်းဖြစ်ပြီး ရုပ်ရှင်ဇာတ်ကားတွေမှာ ပုံစံအတိုင်းဖြစ်နေလို့ လူမှု ကွန်ရက်ဝက်ဘ်ဆိုက်မှာ လူပြော အများ ဆုံး အကြောင်းအရာ ဖြစ်လာပါတယ်။

ချန်ဒူးမြို့ရဲတပ်ဖွဲ့ဟာ ရဲတပ်သားသစ် (၃၅၉) ဦး ခေါ်ယူသွားမှာဖြစ်ပြီး (၁၀၀) ဦးက အထူးရဲတပ်ဖွဲ့ဝင် နရာအတွက်ဖြစ်ပါတယ်။ အင်တာနက် အသုံးပြုသူတစ်ဦးက အနာဂတ်မှာ ချစ်သူဖြစ်သူကို ပိုစတာထဲက ရဲတပ်သားကို ဖြစ်စေချင်ကြောင်း ရေးသားမှု ပြုလုပ်ခဲ့ပါတယ်။ တရုတ်နိုင်ငံမှာ ပြီးခဲ့တဲ့ ကာလအတွင်း အကြမ်းဖက်မှုတွေ မကြာခဏ ဖြစ်ပွားခဲ့ပြီး သေဆုံးမှုတွေ ရှိခဲ့တာမို့ ရဲတပ်ဖွဲ့ကို တိုးချဲ့ ဖွဲ့စည်းသွားဖို့ စီစဉ်နေခြင်းဖြစ်ပါတယ်။ အကြမ်း ဖက်သမားတွေဟာ ဗုံးခွဲတိုက်ခိုက်မှုတွေ ပြုလုပ်တာမို့ တရုတ်အစိုးရ ဟာ အဆင့်မီ ရဲတပ်ဖွဲ့ ဖွဲ့စည်းသွားဖို့ ပြင်ဆင်ခြင်း အစိတ်အပိုင်းအနေနဲ့ အလုပ်ခေါ် ကြော်ငြာကို ရုပ်ရှင် ဇာတ်ကား ပိုစတာအတိုင်း ဖန်တီးခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။


The Messenger
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...