စပိန်နိုင်ငံက အများသုံး ခွေးအိမ်သာများ...
By Ko Myo |
အိမ်မွေးခွေး တိရိစ္ဆာန်တွေဟာ ချစ်စရာ ကောင်း သလောက် သူတို့ရဲ့ မစင်အနံ့တွေဟာ လူတွေကို အတော်လေး စိတ်အနှောက်အယှက် ဖြစ်စေသလို ကျန်မာရေး အတွက်လည်း ဆိုကျိုး သက်ရောက်မှု ဖြစ်စေပါတယ်.. အဲဒါကြောင့် စပိန်နိုင်ငံရဲ့ မြို့တွေမှာ ခွေးတွေအတွက် ကျင်ကြီး ကျင်ငယ် စွန့်ဖို့ အများသုံး ခွေးအိမ်သာ တွေကို ဆောက်လုပ်ပေး ထားပါတယ်.. ဒါဟာ ကမ္ဘာ ပေါ်မှာ ပထမဦးဆုံး ခွေးတွေအတွက် ၀န်ဆောင်မှု ပေးထားတဲ့ နိုင်ငံ တစ်နိုင်ငံလည်း ဖြစ်ပါတယ်... ပုံမှာ တွေ့ရတာကတော့ စပိန်နိုင်ငံ အရှေ့မြောက်ဘက် El Vendrell လို့ခေါ်တဲ့ မြို့ငယ်လေး တစ်မြို့ မှာပါ...
မစင်စွန့်တဲ့ နေရာတွေကို သံချေးမတက်တောင် စတီးလ်သံတွေနဲ့ ပြုလုပ်ထားပြီး ကျင်ကြီးစွန့်ရန် နေရာနဲ့ ကျင်ငယ်စွန့်ရန် နေရာဆိုပြီး sections နှစ်ခုခွဲပြီး ပြုလုပ်ပေးထား ပါတယ်...
စပိန်နိုင်ငံမှာ အခုလို အများသုံး ခွေးအိမ်သာတွေ ဆောက်လုပ်ထားတာဟာ အတော်လေးကို ကောင်းတဲ့ စိတ်ကူစိတ်သန်း တခုဖြစ်ပါတယ်... ခွေးပိုင်ရှင်တွေ အနေနဲ့ မိမိတို့ ခွေးတွေကို သတ်မှတ်ထားတဲ့ နေရာတွေမှာ စနစ်တကျ မစင်မစွန့်ပဲ အခြားနေရာတွေမှာ စည်းမဲ့ကမ်းမဲ့ စွန့်ပစ်တာ တွေ့ရှိခဲ့မယ်ဆိုရင် ဒက်ငွေ ရိုက်ပါတယ်... စည်းကမ်းချိုးဖောက် သူတွေအတွက် El Vendrell မြို့လေးမှာ €750 ပေးဆောင် ရပြီး ဘာစီလိုးနား၊ မက်ဒရစ် စတဲ့ မြို့ကြီးတွေမှာတော့ အမြင့်ဆုံးဒဏ်ငွေ €1,500 အထိ ရိုက်တယ်လို့ ဆိုပါတယ်... အချို့မြို့တွေက အာဏာပိုင်တွေဆိုရင် စည်းမဲ့ကမ်းမဲ့ မစင်စွန့်တဲ့ ခွေးပိုင်ရှင်တွေ ကို စောင့်ကြည့်သတင်းပို့ဖို့ လူတွေကို ငှားရမ်းထားတယ် လို့ ဆိုပါတယ်... ။
ref;xcitefun
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook