လောကကြီးကို ချစ်တဲ့ သီချင်းမျိုးတွေပဲ ဆိုဖို့ အားသန်နေတဲ့ ဆုန်သင်းပါရ်
ခိုင်ဇာသွင် |
အခုလက်ရှိ ကတော့ ၀ါလည်း ၀င်သွားပြီ ဆိုတော့ သီချင်းတွေ သွင်းနေပါတယ်။ အစ်မရဲ့ တစ်ကိုယ်တော် အတွက်ပေါ့။ များသောအားဖြင့် တော့ ရှိုးမှာ သင့်တော်မယ့် သီချင်းတွေတော့ များတယ်။ သီချင်း အမျိုးအစားကတော့ အစုံပါပဲ။ ဒီအခွေလေးရဲ့ ထူးခြားချက်ကတော့ တေးရေး ဆရာ အများကြီးကို သုံးထားတယ်။ ကိုယ့်စိတ်ကြိုက်ရွေး ထားတာပေါ့နော်။ ကိုယ်ကြိုက်တဲ့ သီချင်းတွေပဲ၊ အခုချိန်မှာတော့ ကျွန်မကလေ ဆယ်ကျော်သက် အချစ်သီချင်းကို ဒီလိုအချိန်မျိုးမှာ ဆိုရတာသိပ် ဖီလင် မလာတော့ဘူးပေါ့နော်။ ဆယ်ကျော်သက် အချစ်လိုမျိုး မဟုတ်တော့ဘဲနဲ့ နည်းနည်းလေး လူကြီး ဆန်တဲ့ ဒဿနဆန်တဲ့ သီချင်းတွေပေါ့၊ အချစ်အကြောင်း ဆိုရင်လည်း ကမ္ဘာကြီးကို ချစ်ဖို့၊ လောကကြီးကို ချစ်ဖို့ပေါ့ နော်။ ကိုယ်တစ်ယောက်တည်းချစ် တာမျိုး မဟုတ်ဘူး။ အားလုံးအတွက်ကို ဆိုဖို့ပိုပြီး အားသန်နေတယ်။ ကျွန်မအခွေမှာလည်း အဲဒီလို မျိုးလေးတွေပါမယ်။ အခွေက အတီးအပိုင်းတော့ ပြီးနေပြီ။ အဖေနဲ့ ပတ်သက်တဲ့ သီချင်းလေးလည်း ပါတယ်။ အဲဒီသီချင်းလေးကိုလည်း အားရတယ်။ ကျွန်မအခွေက မိုးကုန်ပိုင်း လောက်တော့ ထွက်မယ်ဟု ဆုန်သင်းပါရ်က ပြောသည်။ ဆုန်သင်းပါရ်သည် နယ်ရှိုးပွဲများ သီဆိုမှုများနေပြီး တစ်ကိုယ်တော် အခွေကိုလည်း စီစဉ်နေကြောင်း။ နောက်ထပ်လည်း ဘုရားပေး သလောက် သီချင်းများကို သီဆိုနေမည် ဖြစ်ကြောင်း ပြောသည်။
The Messenger
--------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)