အလုပ်သမားများအရေး မြန်မာစကားဖြင့် ထိုင်းအစိုးရကို တိုင်ကြားနိုင်

ရန်ကုန်၊ ဇူလိုင် ၎

ထိုင်းနိုင်ငံတွင် ရောက်ရှိနေသည့် နိုင်ငံခြားသား လုပ်သားများအရေးကို ဖြေရှင်းပေးရန် မြန်မာ၊ ကမ္ဘောဒီးယား၊ အင်္ဂလိပ်ဘာသာ စကားသုံးမျိုးဖြင့် ဆက်သွယ်နိုင်သည့် အရေးပေါ် ဖုန်းလိုင်းတစ်ခုကို ထိုင်းအစိုးရက ဇူလိုင်လ ၄ ရက်နေ့တွင် စတင်ဖွင့်လှစ်လိုက်သည်။

pic;www.toonvectors.com
လုပ်သားများသည် အရေးပေါ် ဖုန်းနံပတ် ၁၆၉၄ ကိုဆက်သွယ်ကာ ပြဿနာများ၊ သိရှိလိုသည်များကို တိုင်ကြားမေးမြန်းနိုင်မည် ဖြစ်ကြောင်း ထိုင်းသတင်းများတွင် ဖော်ပြသည်။

ကနဦးကာလတွင် နံနက် ၆နာရီမှ ၉ နာရီအထိ၊ ညနေ ၄ နာရီမှ ၈ နာရီအထိ ဆက်သွယ်နိုင်ပြီး နောက် ပိုင်းတွင် အချိန်ပြည့် ဆက်သွယ်နိုင်မည် ဖြစ်ကြောင်း ထိုင်းအလုပ်သမား ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

နိုင်ငံတကာ ဖိအားပေးနေသည့် လူကုန်ကူးမှုပြဿနာကို ဖြေရှင်းနိုင်ရန် မျှော်လင့်ကြောင်း ထိုင်းအလုပ်သ မား ဦးစီးဌာန ညွှန်ကြားရေးမှူး Mr.Sumate Mahosot က မီဒီယာများကို ပြောဆိုထားသည်။

ထိုင်းနိုင်ငံတွင် မြန်မာအပါအဝင် အထောက်အထားမဲ့ နိုင်ငံခြားသား လုပ်သားများကို နှစ်လယာယီနေ ထိုင် အလုပ်လုပ်ကိုင်ခွင့် လက်မှတ် ဇွန်လ ၃၀ ရက်နေ့မှ စတင်ထုတ်ပေးနေပြီဖြစ်သည်။

ထိုင်းတွင် မြန်မာလုပ်သား သုံးသန်းဝန်းကျင် ရှိသည်။


The Voice Journal
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...