တရုတ်နိုင်ငံ ဟူနန်ခရိုင်တွင် ကျောင်းကားတစ်စင်း ရေကန်ထဲသို့ ထိုးကျ၊ လူ(၁၁) ဦးသေဆုံး

Add caption
တရုတ်နိုင်ငံရှိ ဟူနန်ခရိုင်တွင် ကလေးငယ် များအား နေအိမ်မှ မူကြိုကျောင်းသို့ ဦးတည် တင်ဆောင် လာသည့် လူပြည့်ကျပ် နေသော မီနီဗင် ကားတစ်စင်း ကန်တစ်ခု အတွင်းသို့ ထိုးကျသွား ခဲ့ကြောင့် ကားပေါ်တွင် လိုက်ပါ လာသူ (၁၁) ဦးသေဆုံးခဲ့ကြောင်း သိရသည်။

ဗင်ကားပေါ်တွင် ကားမောင်းသူ အပြင် မူကြိုအရွယ် ကလေးငယ်(၈) ဦးနှင့် ဆရာနှစ်ဦးတို့ လိုက်ပါသွားခဲ့သည်။ ၎င်းဗင်ကားမှာ ခရီးသည် (၇) ဦးသာ လိုက်ပါရန် ရည်ရွယ် ထားသော မော်တော်ယာဉ် တစ်စင်းသာ ဖြစ်ကြောင်း ဆင်ဟွာ သတင်းဌာနက ဖော်ပြခဲ့သည်။

ခရိုင်မြို့တော် ချန်ရှာရှိ တောင်တန်း ထူထပ်သော ဒေသ၌ ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ ဒေသတွင်းရှိ စာသင်ကျောင်း အကြိုအပို့ ကားများသည် လူမတန်တဆ တင်ဆောင်မှုများ ပြုလုပ် နေကြောင်း ယခု သေဆုံးခဲ့သူများ၏ မိသားစုဝင်များက ဆင်ဟွာ သတင်းဌာနသို့ ပြောဆိုခဲ့သည်။

၂၀၁၁ ခုနှစ် အတွင်း နှင်းထူထပ်စွာ ကျဆင်းနေချိန်တွင် စာသင်ကျောင်း အကြိုအပို့ ဘတ်စ်ကားနှင့် ကျောက်မီးသွေး တင်ကုန် တင်ကား တစ်စင်းတို့ ခေါင်းချင်းဆိုင် တိုက်မိသောကြောင့် ကလေးငယ် (၁၈) ဦးနှင့် လူကြီး (၂) ဦးတို့ သေဆုံးခဲ့သည်။

အခင်းဖြစ်ပွား ချိန်တွင် ဘတ်စ်ကားပေါ် ၌ ထိုင်ခုံ (၉) ခုသာပါ ရှိသော်လည်း လူ (၆၄) ဦးလိုက်ပါ စီးနင်း ခဲ့ကြကြောင်း သိရသည်။

တရုတ် ၀န်ကြီးအဖွဲ့သည် စာသင်ကျောင်း အကြိုအပို့ ဘတ်စ်ကားများ လုံခြုံမှုနှင့် ပတ်သက်ပြီး စည်းမျဉ်း စည်းကမ်း သစ်များကို ထုတ်ပြန်ခဲ့ပြီး၊ လူအပြည့်အသိပ် တင်ဆောင်ခြင်း အပါအ၀င် စည်းကမ်း ချိုးဖောက်မှုများ ရှိခဲ့ပါက ကြီးလေးသော ပြစ်ဒဏ်များ ချမှတ်မည်ဟု သတိပေးခဲ့သည်။
 

Source : BBC
The Messenger
--------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...