အိပ်ရေး ပျက်ပေါင်းများလျှင် လူကိုလျင်မြန်စွာ အိုမင်း ရင့်ရော်စေနိုင်

နယူးယောက် သတင်းစား၏ အဆိုအရ အကောင်းဆုံး အလှပြင်နည်းသည် အိပ်ရေး ၀အောင် ကောင်းစွာ အိပ်စက်ခြင်းဟာ တစ်ခုအပါအ၀င် ဖြစ်တယ်လို့ သိရပါတယ်။

အကြောင်းကတော့ ညဖက်မှာ လုံလောက်စွာ မအိပ်စက် ရသူများဟာ အခြားသူများထက် ရုပ်ရည် အရွယ်အားဖြင့် များစွာအိုမင်းရင့်ရော်ပုံကို ဖြစ်စေတယ်လို့ ဆိုပါတယ်။

ရေရှည်အိပ်ရေးပျက် ဆက်နေသူတွေဟာ မျက်ခွံမို့ဖောင်းခြင်း၊ ပါးရေနားရည်တွန့်ခြင်း၊ နဖူးရေပိုမို တွန့်ခြင်း စတာတွေကို ဖြစ်ပေါ်စေတဲ့အပြင် အခြားသူများထက် ပိုမိုဝမ်းနည်း ကြေကွဲတတ်ကြပြီး စိတ်ဓါတ် ကျလွယ်ကြပါတယ်။

စိတ်ဓါတ်ကျလွယ်ခြင်းမှ ရုပ်ရည်ကျခြင်းပါ ဆက်စပ်လာပြီး အိုမင်းရင့်ရော်ခြင်းကို လျှင်မြန်စွာ ဖြစ်ပေါ် စေနိုင်သည့်အတွက် အိပ်ရေးကို ၀အောင် အိပ်စက်သင့်ကြောင်း လေ့လာသူများက တိုက်တွန်းထားကြ ပါတယ်။

စောနွဲ့နေဆိုင် (ပူတာအို) ဘာသာပြန်သည်။
Ref: How Lack Of Sleep Hurts Your Health

ကျန်းမာရေးသတင်းများ
--------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...