ခေါင်းဆောင်မှုနှင့် စိတ်စွမ်းအင် (၁)

လောကကြီးကို ဦးဆောင်နေတာ ဘယ်ခေါင်းဆောင်မှ မဟုတ်ပါဘူး။ စိတ်ကသာလျှင် တစ်လောကလုံး ကို ဦးဆောင်နေတာ ဖြစ်တယ်လို့ ဗုဒ္ဓဘုရားရှင်က ဟောကြားခဲ့ပါတယ်။ စိတ်မှာ ထူးခြားတဲ့စွမ်းအင်တွေ၊ သတ်္တိတွေ အများကြီးရှိပါတယ်။ စိတ္တ (စိတ်)ဆိုတာဟာ ထူးခြားဆန်းကြယ်ခြင်းလို့ အဓိပ္ပါယ် ရပါတယ်။
ကျွန်တော်တို့ သက်ရှိလူသားတွေ အားလုံးမှာ စိတ်တွေကိုယ်စီ ရှိနေကြပြီး သားပါ။ ကျွန်တော်တို့ အား လုံးမှာ ဘယ်အလုပ်မျိုးကိုမဆို လုပ်ဆောင်နိုင်တဲ့၊ ဘယ်ပြဿနာအခက်အခဲကိုမဆို ရင်ဆိုင်ဖြေရှင်း ကျော် လွှားနိုင်တဲ့၊ ဘယ်လို ပန်းတိုင်မျိုးကိုမဆို ရောက်ရှိပိုင်ဆိုင်နိုင်တဲ့ စူပါ့စူပါ အထူးစွမ်းအားတွေရှိနေ ကြပါ တယ်။ စိတ်ရှိတဲ့သူတိုင်း စွမ်းအင်ရှိပါတယ်၊ သတ်္တိထူးတွေ ရှိကြပါတယ်။ အားလုံးအတူတူပါပဲ။ ဒါပေမယ့် မတူတာက ဒီစွမ်းအင်သတိ္တတွေကို ထုတ်သုံးတဲ့သူနဲ့၊ ထုတ်မသုံးတဲ့သူဆိုပြီး ကွာခြားကြတာပါ ပဲ။

စိတ်ကိုအထူးလေ့ကျင့်ပြီး စွမ်းအင်ထုတ်ရင် စွမ်းအားဆိုတာ ထွက်ပါတယ်။ စိတ်ရဲ့ထူးကဲတဲ့ စွမ်းအင်တွေ ကို အသုံးချနိုင်ပြီဆိုရင်မိမိအလိုရှိတဲ့ အောင်မြင် မှုအသီးသီးကို အမြန်ဆန်ဆုံး အကောင်အထည် ဖော်နိုင် ပါတယ်။ စိတ်စွမ်းအင် ကိုအသုံးချပြီး လူဆင်းရဲဘ၀မှ သန်းကြွယ်သူဌေးကြီးတွေ ဖြစ်လာအောင်၊ သာမန် အညတြဘ၀မှ ကျော်ကြားတဲ့ ထိပ်တန်းခေါင်းဆောင် ကြီးတွေဖြစ် လာအောင် ပြောင်းလဲပစ်နိုင် ကြတဲ့ ဖြစ်ရပ်ပေါင်းများစွာကို ကမ္ဘာ့သမိုင်း တစ်လျှောက်မှာ လေ့လာမြင်တွေ့ခဲ့ရမှာပါ။ လက်ရှိကမ္ဘာပေါ် မှာ အောင်မြင်ကျော်ကြားနေတဲ့ သန်းကြွယ်သူဌေးကြီးတွေ၊ ထိပ်တန်းအောင် မြင်သူတွေ၊ သြဇာတိက္ကမ ကြီးမားတဲ့ ခေါင်းဆောင်ကြီးတွေ အားလုံးဟာလည်း စိတ်စွမ်းအင်တွေကို ကောင်းစွာ အသုံးချခဲ့ကြတဲ့ သူတွေပါပဲ။

ထက်မြက်တဲ့ ခေါင်းဆောင်တွေရဲ့ ခေါင်းဆောင်မှုတွေမှာ စိတ်စွမ်းအင်တွေ အထူးပါဝင်ပါတယ်။ ခေါင်း ဆောင်ကြီးတွေ အတော်များများဟာ စိတ်စွမ်းအားရှိကြသူတွေပါပဲ။ သူတို့ခေါင်းဆောင်မှုတွေ ပေးတဲ့ အခါမှာ၊ ဆုံးဖြတ်ချက်ချတဲ့အခါမှာ၊ နောက်လိုက်တွေကို ပန်းတိုင် ရောက်အောင် ဦးဆောင်တဲ့ အခါမှာ စိတ်စွမ်းအင်တွေကို အထူးထည့်သုံးကြပါတယ်။ သမားရိုးကျ ခေါင်းဆောင်မှုနဲ့ စိတ်စွမ်းအင်ပါတဲ့ ခေါင်းဆောင်မှုဟာ ထိရောက်မှုခြင်း လုံးဝကွာခြားပါတယ်။

ခေါင်းဆောင်ဖြစ်အောင် လေ့ကျင့်ပျိုးထောင်ခြင်းမှာ စိတ်စွမ်းအင်ကို တိုးတက်လာအောင် ပျိုးထောင်ခြင်း လည်းပါဝင်ပါတယ်။ ခေါင်းဆောင်ကောင်း တစ်ယောက်ဖြစ်စေဖို့ စွမ်းအားပြည့်ဝတဲ့ စိတ်ခွန်အားတွေ ဖွံ့ဖြိုးလာအောင် ကြိုးပမ်းတည်ဆောက် ယူထားရပါမယ်။ စိတ်အင်အားတွေ ထက်မြက်လာအောင် သွေးယူကြရပါမယ်။ စိတ်အရည်အသွေးတွေ တိုးတက်ကြီးထွား လာအောင် လေ့ကျင့်ယူရပါမယ်။

မသိစိတ် (Subconscious Mind)

စိတ်ကို စွမ်းအင်တွေ ထွက်ပေါ်လာအောင် မလေ့ကျင့်မပျိုးထောင် ဘူးဆိုရင် စိတ်စွမ်းအင်တွေဟာ ငုပ်လျှိုးနေတတ်ပါတယ်။ ထွက်ပေါ်လာမှာ မဟုတ်ပါဘူး။ ဒါဆိုဒီစွမ်းအင် တွေက ဘယ်အပိုင်းမှာ ငုပ်လျှိုးနေတာလဲ ဆိုတာသိဖို့ လိုပါတယ်။ တကယ်တော့ ဒီစွမ်းအင်တွေ၊ သတိ္တ တွေ၊ တန်ခိုးတွေဟာ စိတ်ရဲ့အတွင်းအနက်ရှိုင်းဆုံး အပိုင်းဖြစ်တဲ့ နေရာမှာ သွားရောက် ခိုအောင်းနေ တတ်ပါတယ်။ ဒါကို အလွယ်ဆုံး ခေါ်မယ်ဆိုရင်တော့ "မသိစိတ်" (subconscious mind) ပေါ့။

ဟုတ်ပါတယ်။ လူတိုင်းရဲ့ မသိစိတ်ထဲမှာ ထူးခြားတဲ့ စွမ်းအင်တွေ၊ တန်ခိုး သတိ္တတွေ အထူးကိန်းအောင် နေတတ်ပါတယ်။ ဒါ့အပြင် အတိတ်ကာလက လေ့လာခဲ့တာတွေ၊ သိမြင်ခဲ့တာတွေ အားလုံးဟာ မသိ စိတ်အတွင်းမှာ အစုအပေါင်းအနေနဲ့ စုစည်းကိန်းအောင်းနေ တတ်ပါတယ်။ ဒီလိုမသိစိတ်ထဲမှာ ကိန်း အောင်းနေတဲ့ စွမ်းအင်တွေ၊ အသိပညာတွေ အသီးသီးကို လူတိုင်းက ရယူထုတ်ဖော်ကာ သုံးစွဲနိုင်တယ် လို့ သြစတြီးယန်း လူမျိုးစိတ်ကု ပညာရှင်ကားလ်ယွန်းက ဆိုခဲ့ဖူးပါတယ်။ သာမန်လူတစ်ဦးဘ၀မှ ရုန်း ထွက်နိုင်တဲ့ စွမ်းအားတွေနဲ့ အောင်မြင်မှုအားလုံးတို့ဟာ မသိစိတ်ရဲ့ စွမ်းအင်တွေကို အခြေခံကျကျ သုံးစွဲပြီး ရရှိခဲ့တာဖြစ်တယ်လို့သူက ယူဆခဲ့ပါတယ်။

အမေရိကန်လူမျိုး အောင်မြင်ရေးသုတေသီကြီး နပိုလီလံဟေးလ်က ဒီစွမ်းအားကို "အနန္တအသိဥာဏ်" လို့ သုံးပါတယ်။ မသိစိတ်အတွင်းက ဒီအနန္တ အသိ ဥာဏ်တွေကို ထုတ်ယူသုံးစွဲသူတွေဟာ သူတို့ရဲ့ဘ၀ကို အကြီးအကျယ် အောင်မြင်စေခဲ့ တယ်လို့လည်း ဆရာကြီးက ကောက်ချက်ချခဲ့ပါတယ်။ ဒီစိတ်နဲ့ ဒီစွမ်း အားတွေ၊ ဒီလိုအနန္တအသိဥာဏ်တွေ အားလုံးဟာ လူတိုင်းအတွက် အမြဲအသင့်ရှိနေပါတယ်။ မသိစိတ် ထဲက ဒီစွမ်းအားတွေကို ထွက်ပေါ်လာအောင် ဆွဲထုတ်တတ်ရမှာကတော့ အောင်မြင်လိုသူ လူသားအား လုံးရဲ့တာဝန်ပါပဲ။ ဒီလိုစွမ်းအားတွေကို မသိစိတ်ထဲက ထွက်လာပြီး ပြင်ပမှာ အသုံးချတတ်အောင်တော့ စိတ်ကို အထူးလေ့ကျင့်ရမှာ ဖြစ်ပါတယ်။

မသိစိတ်ရဲ့ စွမ်းအားဟာ တီထွင်ဖန်တီးနိုင်မှု လုပ်ရပ်တွေ အားလုံးရဲ့ အနှစ်သာရ ရင်းမြစ်တစ်ခုဖြစ်ပါ တယ်။ ကမ္ဘာလောကကြီးမှာရှိတဲ့ အသစ်အဆန်း ဖန်တီးမှုမှန်သမျှဟာ ဒီစွမ်းအင်ကြောင့် ဖြစ်တည်လာ ကြတာတွေပါပဲ။ သမိုင်း တစ်လျှောက်လုံး ပေါ်ပေါက်လာခဲ့တဲ့ တီထွင်ပါရဂူကြီးတွေ၊ စာရေးဆရာ ကြီး တွေ၊ ပန်းချီအကျော်အမော်ကြီးတွေ၊ တွေးခေါ် ပညာရှင်ကြီးတွေအားလုံးတို့ဟာ ဒီမသိစိတ်ထဲက စွမ်းအင် တွေနဲ့ ပြောင်မြောက်ခမ်းနားတဲ့ အနုပညာတွေ၊ တီထွင်ဖန်တီးမှုတွေ၊ သီအိုရီတွေကို မွေးထုတ်ခဲ့ကြ တာဖြစ်ပါတယ်။

အလိုလိုသိစိတ် (Intuition)

စိတ်ရဲ့ စွမ်းအင်ဟာ အင်မတန်ထူးခြား ဆန်းပြားပါတယ်။ သင် တစ်ခါမှမတွေး ဖူးတဲ့ အကြံဥာဏ်ကောင်း တွေ တခြားသူဆီက မဟုတ်ဘဲ သင့်စိတ်ထဲက အလိုလို သိမြင်လာတာမျိုး မကြာခဏ ကြုံဖူးမှာပါ။ ဒါကို အလိုလိုသိစိတ် (Intuition)လို့ ခေါ်ပါတယ်။ တခါတရံသင်က သင့်မိတ်ဆွေတစ်ဦးရဲ့ အကြောင်းကို စဉ်းစားနေချိန်မှာ သူ့ဆီက ဖုန်းဝင်လာတာတို့၊ မကြာခင်သူရောက်လာ တို့ကြုံခဲ့ရဖူးမှာပါ။ ဒါဟာ မသိ စိတ်က ကြိုတင်သိနေတဲ့ အလိုလိုသိစိတ်ရဲ့ စွမ်းအင်တစ်ခုပါပဲ။

ခေါင်းဆောင်ကြီးတွေဟာ အလိုလို သိစိတ်ကိုသုံးပြီး ဦးဆောင်လေ့ရှိကြပါတယ်။ တစ်ခါတစ်ရံမှာ အောင်မြင်လိမ့်မယ်၊ ကျရှုံးလိမ့်မယ်ဆိုတဲ့ အဖြေတွေကို အလိုလို သိနေပြီးသားပါ။ သူတို့နဲ့ ပတ်သက် ဆက်ဆံကြမယ့် လူတွေကိုလည်း အလိုလိုသိစိတ်နဲ့ အကဲဖြတ်တတ်ကြပါတယ်။ သမ္မတ ဂျွန်ဆင်က "သင်အခန်း တစ်ခန်းထဲကို ၀င်သွားပြီးနောက် ဘယ်သူက ခင်ဗျားကို ထောက်ခံသူဖြစ်တယ်၊ ဘယ်သူက ခင်ဗျားကို ဆန့်ကျင်မယ့် သူ ဖြစ်တယ်ဆိုတာ အကဲမခတ်တတ်ပါက သင်ဟာ နိုင်ငံရေးသမားကောင်း မဖြစ်နိုင်ချေ" လို့ ပြောခဲ့ဖူးပါတယ်။

ဒီအဆိုအမိန့်အရ ခေါင်းဆောင်ကောင်းတွေဟာ အလိုလိုသိစိတ်ကို ရှေ့တန်းတင်ပြီး ဆုံးဖြတ်အကဲခတ် တဲ့ စွမ်းအင်လိုကြောင်း ဖော်ပြပါတယ်။ အလိုလိုသိ စိတ်ကို အမြဲလေ့ကျင့်နေရင် အလိုလိုသိစိတ်က ပိုပြီး စွမ်းအားထက်မြက် လာနိုင်ပါတယ်။ အလိုလိုသိစိတ်ရှိတဲ့ ခေါင်းဆောင်တွေဟာ အနာဂတ်ကိုကြို သိမြင်၊ အခက်အခဲတွေကိုကြိုသိမြင်၊ ပြဿနာတွေ၊ ဖြေရှင်းပုံတွေကိုချက် ချင်းလိုလို အာရုံခံစားသိမြင်နိုင်စွမ်းရှိကြပါ တယ်။ ဒါဟာ အလိုလိုသိစိတ်ရဲ့ စွမ်းအင်ကို အသုံးချတာပါပဲ။

"မသွားခင်က ရောက်နှင့်သည့် စိတ်စွမ်းအင်"

စိတ်ဟာ လူကိုယ်တိုင်သွားစရာ မလိုဘဲ နေရာမျိုးစုံကို လျင်မြန်စွာ သွားရောက်နိုင်တာ သိပြီးဖြစ်မှာပါ။ ဒီလိုသိကြပေမယ့် ဒီစိတ်ရဲ့အဝေးသွားနိုင်မှုကို လူအတော်များများက ထိထိရောက်ရောက် အသုံးမပြုကြ ပါဘူး။ အောင်မြင်သူတွေနဲ့ ခေါင်းဆောင်ကြီးတွေဟာ စိတ်ရဲ့အဝေး သွားရောက်နိုင်မှုကို လက်တွေ့ ဘ၀မှာ အသုံးချကြပါတယ်။ နမူနာအနေနဲ့ ပြောရရင် ခေါင်းဆောင်တစ်ယောက်ဟာ လက်ရှိမှာရုံးခန်းထဲ ထိုင်နေပေ မယ့်သူ့ရဲ့ စိတ်အာရုံကို သူသွားရောက်ချင်တဲ့ ပန်းတိုင်ဆီကို ပို့လွှတ်ပြီး အရင်ရောက်နှင့် နေစေပါတယ်။ "မသွားခင်က ရောက်နှင့်သည်" ဆိုတဲ့ စကားလိုပေါ့။

ဒါဟာ ပန်းတိုင်အတွက် စိတ်စွမ်းအင်ကို သုံးတဲ့နည်းလေး တစ်ခုပါပဲ။ မိမိ ကိုယ်တိုင်ရွေးချယ်ထားတဲ့ ပန်းတိုင်တစ်ခုဆီကို စိတ်နဲ့ စွဲစွဲမြဲမြဲ ရည်မှန်းချီ တက်နေတဲ့အခါမှာ ကိုယ်ရည်မှန်းထားတဲ့ ပန်းတိုင်ဟာ ပိုမိုနီးကပ်လာ မှာဖြစ်ပါတယ်။ ဒီလိုရည်မှန်းခြင်းဟာ မသိစိတ်ထဲက စွမ်းအင်တွေ၊ စိတ်ကူး စိတ်သန်း တွေ၊ တန်ခိုးတွေဟာ အစွမ်းထက်လာပြီး ပန်းတိုင်ကို မရမက ဆွဲဆောင်တော့တာပါပဲ။

ဒီအချက်ကို ထိပ်တန်းခေါင်းဆောင်ကြီးတွေ သုံးလေ့ရှိကြပါတယ်။ ဒါဟာ အောင်မြင်တဲ့ ခေါင်းဆောင် မှုရဲ့ လျှို့ဝှက်ချက် တစ်ခုပါပဲ။ နောက် လိုက်တွေကို ဆွဲဆောင်တဲ့ နေရာမှာလည်း စိတ်စွမ်းအင်ပါသလို ပန်းတိုင် ကိုချီတက်တဲ့ နေရာမှာလည်း စိတ်စွမ်းအင်ကို အထူးထည့်သွင်းကြပါတယ်။ 

စိတ်ဟာလွတ်လပ်တယ်။ ကြိုက်တဲ့နေရာ၊ ဖြစ်ချင်တဲ့အရာကို ချက်ချင်း စက္ကန့်မခြား တွေးတောနိုင်တယ်။ လွတ်လပ်တဲ့ ဒီစိတ်စွမ်းအင်ဟာ တစ်စုံတစ်ခုကိုရယူဖို့၊ လုပ်ဆောင်ဖို့ ဆန္ဒပြင်းပြလာတဲ့အခါမှာ ထွက်ပေါ် လာတတ်ပါတယ်။ ဒီအခါမှာ ပင်ပန်းနွမ်းနယ်မှု လုံးဝမရှိဘဲ နာရီပေါင်းများစွာအလုပ် လုပ်နိုင်တယ်။ တစ်ခါတစ်ရံ အလုပ်တွေများလို့ အစားမမှန်၊ အအိပ်မမှန်တဲ့ ကြားက အားအင်တွေ ဖြစ်ထွန်းနေတတ် တယ်။ ပန်းတိုင်ရောက်ရင် အရုပ် ကြိုးပြတ်ပြိုလဲချင် လဲကျသွားမယ်။ ဒါပေမယ့်ပန်းတိုင်ကို သွားနေစဉ်မှာ စွမ်းအင်တွေ၊ စိတ်အားတက်ကြွမှုတွေဟာ ကိုယ့်ခန္ဓာဆီသို့ အဆက်မပြတ် စီးဝင်နေတတ်တယ်။

ဒီသဘောတွေကို ခေါင်းဆောင်ကြီးတွေက ကောင်းကောင်းသဘော ပေါက်ပြီး သူတို့ရဲ့ခေါင်းဆောင်မှု ခရီးစဉ်မှာ ကောင်းကောင်း အသုံးချတော့တာပဲ။ ဒါကြောင့် အောင်မြင်ကျော်ကြားတဲ့ ထိပ်တန်းခေါင်း ဆောင်ကြီးတွေဟာ ဘယ်သူမှ လိုက်မမီတဲ့ ပြောင်မြောက်တဲ့ ခေါင်းဆောင်မှုတွေကို ပေးနိုင်တာပေါ့။

ဆက်လက်ဖော်ပြပါမည်။

Let's Fly Together!

ဖူးကျော်ဇင် (Futue Wave)

JOB Seekers Journal vol.2,no.37 
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...