လွယ်လွယ်ကူကူချက် ကြာဇံချက်
ချက်မယ်
-----------
ကြက်ရိုးတွေကို အချိုရည်ထွက်တဲ့ အထိပြုတ်ထား။
ကြက်သားကို အတုံးသေးသေး လေးတွေတုံးပြီး ဆီနည်းနည်း၊ ငရုတ်သီးမူန့်နည်းနည်းနဲ့ ဆီသတ်ထား ပါ။ ကြက်သားကို ဆီသတ်တဲ့အခါ ရိုးရိုးအရောင်တင်မှုန့် သုံးပါ။ အရောင် လှရုံအတွက်ပဲမို့ လို့ပါ။
ဆီသတ်မယ့်အချိန်မှာ ကြက်ပြုတ်ရည်အိုးကို ချထားလို့ရပါတယ်။
ကြွက်နားရွက် မှိုခြောက်
ပန်းခြောက်
ပဲပြားခြောက်
ပဲကြာဇံ စတာတွေကို စားချင်သလောက်သာ ရေစိမ်ထားပါ။
ခုဏက ကြက်ပြုတ် ဟင်းရည်ကျရင် ကြွက်နားရွက် မှိုခြောက် ပန်းခြောက်ကို အရင်ထည့်ပါ။

အဲ့ဒါတွေ နည်းနည်း အိလာမှ ပဲပြားခြောက် ပဲကြာဇံ စတာတွေ ထည့်ပါ။
ကြက်သား ဆီသတ်ထည့်ပါ။
ငုံးဥပြုတ်ပြီးသားလေးတွေ ထည့်ရင် ပိုကောင်းတယ်လေ။
တခါတည်းတန်းမစားချင်ဘူးဆို ရင်တော့ ကြာဇံကလွဲပြီး အကုန်လုံးကို ထည့်ထားလို့ရပါတယ်။
စားခါနီးမှ မီးပြန်ဖွင့် ပွက်မှ ကြာဇံထည့်ပြီး စားပါ။
ချခါနီးကြရင် ငရုတ်ကောင်းမှုန့်လေးနည်းနည်းထည့်ပါ။ မွှေးတာပေါ့။
စားမယ်
---------
ကြာဇံချက်ကို ပန်းကန်ထဲထည့်
ကြက်သွန်နီပါးပါးလှီး
နံနံပင် ရိတ်ရိတ်လေးညှပ်
သံပုရာသီးလေးညှစ်
ငရုတ်သီးမှုန့်လေး ထည့်ပြီး စားဗျာ...
ရှောက်သီး သုတ်လေးနဲ့သာဆိုရင်..................
ကြက်သွန်နီပါးပါးလှီး
နံနံပင် ရိတ်ရိတ်လေးညှပ်
သံပုရာသီးလေးညှစ်
ငရုတ်သီးမှုန့်လေး ထည့်ပြီး စားဗျာ...
ရှောက်သီး သုတ်လေးနဲ့သာဆိုရင်..................
ref;https://www.facebook.com/hubbykitchen
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook