ခွေးကို တရွတ်တိုက် ဆွဲကာ နှစ်မိုင်နီးပါး မောင်းနှင် ခဲ့သူကို ထောင်ဒဏ် ၁ဝ နှစ်ချ
ကယ်ရိုလိုင်းနား၊ ဇူလိုင် ၁၈- အမေရိကန်နိုင်ငံ တောင်ပိုင်း ကယ်ရိုလိုင်းနား ပြည်နယ်မှာ ခွေး တစ်ကောင်ကို ကားနောက်ကနေ တရွတ်တိုက် ဆွဲကာ နှစ်မိုင်နီးပါး ကားကို မောင်းနှင်ခဲ့တဲ့ အမျိုးသားကို ထောင်ဒဏ် ၁ဝ နှစ် ချမှတ်လိုက် တယ်လို့ သိရပါတယ်။
အဆိုပါ အမျိုးသားဟာ ခွေးရဲ့လက်ကို သူ့ရဲ့ကား အနောက်မှာ ချည်နှောင်ကာ တရွတ်တိုက်ဆွဲ မောင်းနှင် ခဲ့ပါတယ်။ ယင်းအမျိုးသားရဲ့ အမည် ကတော့ Roger Owens လို့ အမည်ရပြီး သူ့ရဲ့ ရူးကြောင်ကြောင်နိုင်တဲ့ လုပ်ရပ်တွေကြောင့် ပြည်နယ် တရား ရုံးတော်က သူ့ကို ထောင်ဒဏ် ၁ဝ နှစ်အထိ ချမှတ်ခဲ့ပါတယ်။
ကယ်ရိုလိုင်းနားပြည်နယ်ရဲ့ ရှေ့နေတစ်ဦးကတော့ သူ့ အနေနဲ့ ဒီလိုမျိုးလုပ်ရပ်ကို တစ်ခါမှမမြင်ဖူးပါလို့ ပြောဆိုခဲ့ပါတယ်။
Roger ရဲ့ ထွက်ဆိုချက်အရ ''ကျွန်တော် အဲဒီခွေးရဲ့ လက်ကို ကားအနောက်မှာ ချည်နှောင်ခဲ့ပြီး နှစ်မိုင်နီးပါး တရွတ်တိုက်ဆွဲ မောင်းနှင်ခဲ့တယ်''လို့ ထွက်ဆိုထားပါတယ်။
Roger ဟာ တိရစ္ဆာန် ညှဉ်းပန်းနှိပ်စက်မှုနဲ့ ထောင်ဒဏ် ငါးနှစ်၊ ကားလမ်းပိတ်ဆို့မှုများ ပြုလုပ်တဲ့အမှုနဲ့ ထောင်ဒဏ်ငါးနှစ် ကျခံခဲ့ရတယ်လို့ အေပီသတင်းဌာနက ဖော်ပြခဲ့ပါတယ်။

Ref : AP ၊ Flower News Journal
အတွဲ (၁၀) အမှတ်(၂၈)
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook